ချယ်လ်ဆီး အသင်းအတွက် လီယွန်နယ်လ် မက်ဆီကဲ့သို့ ကစားသမားမျိုး ဖြစ်လာရန် မျှော်လင့်ထားကြောင်း အီဒင်ဟာဇက်က ဖွင့်ဟ ပြောကြားခဲ့သည်။
ယခုနွေရာသီတွင် ပြင်သစ်ကလပ် လိုင်လီမှ ပေါင်စတာလင် (၃၂)သန်းဖြင့် ပြောင်းရွှေ့လာသည့် ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားက ၎င်းသည် လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုရှင် မက်ဆီအား နှစ်သက်အားကျကြောင်း ဝန်ခံခဲ့သည်။ The Sunနှင့် အင်တာဗျူးတွင် ဟာဇက်က "မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားပါ။ လက်ရှိ ကျွန်တော့် ခြေစွမ်းဟာ သူ့လောက် ကောင်းတယ်လို့ ပြောရင် ဒါဟာ ချဲ့ကားမှု တစ်ခုလို့ပဲ ယူဆနိုင်ပါတယ်" ဟု ဆိုသည်။
၎င်းက ဆက်လက်၍ "ဘာပဲဖြစ်ဖြစ် မက်ဆီနဲ့ ကျွန်တော်နဲ့ကို လူတွေက နှိုင်းယှဉ်လာတဲ့ အခါ ကျွန်တော် ပျော်မိပါတယ်။ ပြီးတော့ မက်ဆီက ဘာစီလိုနာ အတွက် စွမ်းဆောင် ပြနေတာမျိုး ချယ်လ်ဆီး အတွက် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ နည်းပြက ဘာစီလိုနာမှာ မက်ဆီ ကစားတဲ့ နေရာမျိုး ကျွန်တော့်ကို ကစားခွင့် ပေးမပေးတော့ မသိသေးပါဘူး။ ကျွန်တော်ဟာ မက်ဆီကို နှစ်သက်ပေမယ့် ကိုယ်ကစားတဲ့ ပွဲတိုင်းကို အီဒင်ဟာဇက်ရဲ့ မူပိုင် နည်းလမ်းနဲ့ပဲ ချဉ်းကပ် သွားမှာပါ" ဟုလည်း ပြောကြားသွားခဲ့သည်။
မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားပါ။ လက်ရှိ ကျွန်တော့် ခြေစွမ်းဟာ သူ့လောက် ကောင်းတယ်လို့ ပြောရင် ဒါဟာ ချဲ့ကားမှု တစ်ခုလို့ပဲ ယူဆနိုင်ပါတယ်...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com