22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 23, 2012

အသင်းဟောင်းမှ ကွင်းလယ်လူအား ခေါ်ယူရန် ကြိုးပမ်းနေသည့် ရော့ဂျာ

လီဗာပူးလ် အသင်းသည် ဆွမ်ဆီး ကွင်းလယ်လူ ဂျိုးအလန်ကို ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။


လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာသည် ၎င်းကိုင်တွယ်ခဲ့သည့် အသင်းဟောင်းမှ လူငယ် ကစားသမားအား ခေါ်ယူရန် ကြိုးပမ်းနေပြီး ယင်းကို ဆွမ်ဆီး၏ လက်ရှိ မန်နေဂျာ မိုက်ကယ် လော့ဒရပ်ကလည်း သဘော တူညီဖွယ် ရှိနေသည်။ လော့ဒရပ်က အလန်သည် အိုလံပစ် အသင်းအတွက် လေ့ကျင့် နေချိန်တွင် မိမိနှင့် အသေးစိတ် ဆွေးနွေးမှု မပြုလုပ် ရသေးကြောင်း ဝန်ခံထားသည်။ ဒိန်းမတ်သား လော့ဒရပ်က အလန်သာ အသင်းမှ သေချာပေါက် ထွက်ခွာလိုစိတ် ရှိလာလျှင် တားဆီးနေမည် မဟုတ်ဟု ပြောကြားခဲ့သည်။

လော့ဒရပ်က "ကစားသမား တစ်ယောက်ကို အသင်းမှာ ဆက်နေပါလို့ အတင်းအကျပ် လုပ်ယူလို့ ရပါတယ်။ ဒါပေမဲ့ အဲဒါက ဘာအထောက်အကူ ဖြစ်မှာတဲ့လဲ။ တကယ်တော့ ဒီလို အခြေအနေမျိုးတွေမှာ နှစ်ဦးနှစ်ဖက် အတွက် အဆင်ပြေမယ့် ဖြေရှင်းချက်မျိုးကို ရှာဖွေသင့်တယ် မဟုတ်လား" ဟု ပြောကြားခဲ့သည်။ "ကစားသမား တစ်ယောက်ဟာ အသင်းနဲ့ စာချုပ် ထားတာကို လေးစား ရမယ်လို့ ပြောတဲ့သူတွေ ရှိပါမယ်။ ဒါပေမဲ့ တကယ် အရေးကြီးတာက ဘောလုံးမှာ ကောင်းကောင်း ကစားလိုစိတ် ရှိရဲ့လား ဆိုတာပါ။ တကယ်လို့ အသင်းက ကစားသမား တစ်ယောက်အတွက် ကမ်းလှမ်းမှု တစ်ခုခု ရှိလာရင် ဘာဖြစ်မယ်ဆိုတာ စောင့်ကြည့်ရပါမယ်" ဟုလည်း လော့ဒရပ်က သုံးသပ်ခဲ့သည်။

အန်းဖီးလ်သို့ ရောက်ရှိသည့်နောက် ဂိုင်လ်ဖီ ဆီဂါ့ဒ်ဆန်အား ခေါ်ယူရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သည့်အတွက် ၎င်းနှင့် လက်တွဲဖူးသည့် နောက်ထပ် အလယ်တန်း ကစားသမား တစ်ဦးဖြစ်သော အလန်ကို ချိတ်ဆက်လာခြင်း ဖြစ်...

ဆွမ်ဆီးသည် အသက်(၂၂)နှစ်အရွယ် အလန်အား ပေါင်စတာလင် (၁၅)သန်း ဝန်းကျင်မျှ ရရှိပါက ရောင်းထုတ်သွားဖွယ် ရှိနေသည်။ ရော့ဂျာသည် အန်းဖီးလ်သို့ ရောက်ရှိသည့်နောက် ဂိုင်လ်ဖီ ဆီဂါ့ဒ်ဆန်အား ခေါ်ယူရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သည့်အတွက် ၎င်းနှင့် လက်တွဲဖူးသည့် နောက်ထပ် အလယ်တန်း ကစားသမား တစ်ဦးဖြစ်သော အလန်ကို ချိတ်ဆက်လာခြင်း ဖြစ်သည်။
Ref:news.ladbrokes
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )