22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, March 4, 2012

ကြီးရင့်သောလူ

ငါတို့ ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။(ဧဖက် ၄း၁၃)

ယုံကြည်သူတိုင်းသည်သူ့အချိန်နှင့်သူဘုရားပေးသင်ခန်းစာများအောက်တွင်ကြီးရင့်သောလူအဖြစ်သို့ရောက်ရမည်။
ယုံကြည်ခြင်းသို့လည်းကောင်း၊ ခရစ်တော်ကိုသိကျွမ်းခြင်း၌၄င်းတစ်ညီတစ်လွတ်တည်းရောက်ကြရမည်။

သမ္မာတရား
နှုတ်ကပတ်တော်သမ္မာတရားကိုသိခြင်း၌တိုးပွားစေပါ။
သမ္မာတရားကို လည်းသိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်ဟု၊ ယုံကြည်သောယုဒ လူတို့အား မိန့်တော်မူ၏။(ယောဟန် ၈း၃၂)

ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ် ကြလိမ့်မည်။(ယောဟန် ၈း၃၆)

ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။
(ယောဟန် ၁၇း၁၇)

သင်သည် သမ္မာတရား၌ ကျင်လည်သည် အတိုင်း သင်၌ရှိသော သမ္မာတရား၏ အကြောင်းကိုညီအစ်ကိုတို့သည် လာ၍သက်သေခံကြသောအခါ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ငါ၏သားသမီးတို့သည် သမ္မာတရား၌ကျင်လည် သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက်သာ၍ ဝမ်းမြောက်ခြင်းမရှိ။(၃ယော ၃-၄)

သမ္မာတရားသည်လွတ်ခြင်းအခွင့်ကိုပေးသော်လည်းအမှန်တရားသည်မပေး။
အမှန်တရားသည်မမှား၊ အမှန်ပင်ဖြစ်သော်လည်းသမ္မာတရားမဟုတ်။
အမှန်တရားတွင်မကျင်လည်းဘဲသမ္မာတရားတွင်ကျင်လည်ခြင်းကိုဘုရားသခင်ဝမ်းမြောက်သည်။

ဥပမာ..သင်၌ရောဂါတစ်စုံတစ်ခုရှိနေလျှင်၊ ဆရာဝန်ကလည်းရှိကြောင်းပြောနေလျှင်အမှန်တရားဖြစ်သည်။ အမှန်တရားကိုမကွယ်နိုင်။ ထိုအမှန်တရားကြောင့်သင်သည်ရောဂါ၏ချုပ်နှောင်ခြင်းကိုခံရသည်။ သို့သော် “ခရစ်တော်ခံရသောဒဏ်ချက်အားဖြင့်သင်၏အနာရောဂါပျောက်လျှက်ရှိပြီ” ဆိုသောစကားသည်သမ္မာတရားဖြစ်သည်။ သင်သည်သမ္မာတရားကိုယုံကြည်ဝန်ခံရပ်တည်ပါက လွတ်ခြင်းအခွင့်ကိုရမည်။

ယုံကြည်ခြင်း
ယုံကြည်ခြင်းသည်ထိုသမ္မာတရားပေါ်တွင်အခြေတည်၍တိုးပွားလာမည်။
ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်း အကြောင်းဖြစ်၏။(ဟေဗြဲ ၁၁း၁) 

မျှော်လင့်သောအရာဆိုသည်မှာဘုရားပေးသောမျှော်လင့်ခြင်းဖြစ်သည်။
ဘုရားသခင်မပေးဘဲတစ်ခုခုကိုမျှော်လင့်နေ၍မရပါ။
ထို့ကြောင့်ယုံကြည်ခြင်းသည်ဘုရားနှုတ်ကပတ်တော်ပေါ်တွင်အခြေခံရသည်။
ဘုရားအသံမကြားဘဲယုံကြည်ခြင်းထား၍မရ။
ပေတရုသည်ရေပေါ်တွင်လမ်းလျှောက်လိုကြောင်းပြောသောအခါ ခရစ်တော်က“လာခဲ့လော့” ဟူသောအသံကိုကြားသောကြောင်းရေပေါ်တွင်လမ်းလျှောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဘုရားပြောသောအခါနှုတ်ကပတ်တော်၊ ရငပါရုံ၊ အိပ်မက်အမျိုးမျိုးဖြစ်နိုင်သည်။
အလွန်ခက်ခဲသောအမှုတစ်ခုဖြစ်သည့်ယုဒလူမျိုးနှင့်တစ်ပါးအမျိုးသားတို့ဧ၀ံဂေလိတရားအားဖြင့်တစ်လုံးတစ်ဝပေါင်းစည်းခြင်းကိုပေတရုသည်ရဲဝံ့စွာသက်သေခံဟောပြောနိုင်ခြင်းမှာဘုရားသခင်ပြထားသောရှုပါရုံကြောင့်ဖြစ်သည်။(တမန်တော် ၁၀၊ ၁၅)
ထို့ကြောင့်ဘုရားသခင်ထံမှတစ်စုံတစ်ခုသောအသံကိုကြားလျှင်ရဲရင့်ခြင်းနှင့်ခြေလှမ်းဘို့သာဖြစ်သည်။

သင်သည်ဘုရားသင်အမှုဗတ်ာမြတ်အတွက်အချိန်ပြည့်ခေါ်ခြင်းကိုသင်ခံရပါကမိမိစားဝတ်နေရေး၊ မိသားစုစားဝတ်နေရေးအတွက်နောက်ဆံမငင်ပါနှင့်။ ခေါ်ခြင်းတရားကိုသေချာသိပါကယုံကြည်ခြင်းဖြင့်ခြေလှမ်းပါ။ သင့်မိသားစုကိုသင်ထောက်ပံ့နိုင်သည်ထက်ဘုရားသခင်သခင်ထောက်ပံ့ခြင်းကအတိုင်းထက်အလွန်သာလွန်ပါသည်။

သင်သည်သမ္မာတရားကိုသိလျှင်သမ္မာတရားကိုလက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်ယုံကြည်ခြင်းကိုကြီးထွားစေပါသည်။ (ယုံကြည်ခြင်းသည်ကြွက်သားကဲ့သို့ပင်ဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်ကြွက်သားကို သန်မာစေသည်)

ခရစ်တော်ကိုသိခြင်း၌တိုးပွားခြင်း
ဆုတောင်းခြင်း(မိဿဟာယဖွဲ့ခြင်း)အားဖြင့်ခရစ်တော်နှင့်သာ၍ရင်းနှီးကျွမ်းဝင်စေသည်။
ဧဖက် ၆း၁၈ တွင်ကာလအစဉ်စိတ်နှလုံးပါလျှက်ဆုတောင်းရမည်။ ၁သက် ၅း၁၇ တွင်မခြားအလပ်ဆုတောင်းရမည်ဟုဖော်ပြသည်။
လိုအပ်ချက်တစ်ခုခုအတွက်တောင်းနေခြင်းမဟုတ်ဘဲမိတ်ဆွေဖွဲ့နေခြင်းဖြစ်သည်။
အိမ်တွင်ဖြစ်စေ၊ အလုပ်ထဲတွင်၊ လမ်းလျှောက်စဉ်၊ ကားစီးစဉ်အချိန်တိုင်းတွင် ဘုရားသခင်အားစကားပြောနိုင်သည်။ ချီးမွမ်းနိုင်သည်။
မိမိကပြောသလို ဘုရား၏စကားပြောသံကိုလည်းကြားစေရမည်။
အပြန်အလှန်မိဿဟာယရှိလာသောအခါရင်းနှီးလာမည်။

ယုံကြည်ခြင်းကြီးထွားခြင်းနှင့်ခရစ်တော်နှင့်ရင်းနှီးခြင်းသည်ကျွန်ုပ်တို့အားကြီးရင့်သောသူအဖြစ်သို့ခေါ်
ဆောင်သွားသည်။ ကြီးရင့်သောလူဖြစ်မှဘုရားသခင်စိတ်ချသည်။ အပ်နှံမည်။ ဘုန်းတော်ထင်ရှားမည်။
ခရစ်ယာန်သက်တမ်းကြာခြင်းနှင့်မဆိုင်ပါ။
ယုံကြည်သူဖြစ်သည်မှာကြာသော်လည်းမကြီးရင့်သေးလျှင်ဝိညာဉ်ရေးရာနို့ဘူးစို့နေသောသူနှင့်တူသည်။
ထိုသူကိုဘုရားသခင်စိတ်မချနိုင်။
မိသားစုထဲတွင်ပင်လျှင်ကလေးဆန်သောသူကိုမိဘကတာဝန်ကြီးကြီးမအပ်ရဲပါ။
သင်သည်ဘုရားသခင်နိုင်ငံတော်၌ကြီးသောအမှုပြုလိုလျှင် ကြီးရင့်စေ(be mature)ပါ။

Sm. Khin San Maw
26th Feb 12@Kepongmcf

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )