22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, March 5, 2012

‘ အောင်မြင်ပြီး အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ချင်ပါတယ် ‘ တေးသံရှင် အေသင်ချိုဆွေနှင့် တွေ့ဆုံခြင်း

e4483
ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ‘ပေါက်တဲ့အိုး’က အစပြုလို့ ပရိသတ်အားပေးမှု စတင်ရရှိခဲ့တဲ့ အေသင်ချိုဆွေက ဒုတိယတေးစီးရီးမှာတော့ တစ်ခေတ်တစ်ခါက ပရိသတ်အကြိုက် များခဲ့တဲ့ တေးသီချင်းများကို ပြန်လည်သီဆိုခဲ့ပါတယ်။ ‘အနီးဆုံးလူ . . .နမ်းမှာလား’ လို့ အမည်ပေးထားတဲ့ အဲဒီအခွေလေးက နှစ်လခန့်အတွင်းမှာပဲ ပရိသတ်များကြား စိမ့်ဝင်ပျံ့နှံ့နေခဲ့ပါပြီ။ ဂီတပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ဆက်တိုက်လုပ်ဖြစ်နေတဲ့ အေသင်ချိုဆွေက ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်တစ်ဦးအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်တာ တွေ့မြင်နေရပါပြီ။ ဒီလိုဂီတနဲ့ သရုပ်ဆောင်အလုပ်တွေကို ဟန်ချက်ညီညီ လှုပ်ရှားနေတဲ့ အေသင်ချိုဆွေနဲ့ တွေ့ဆုံဖြစ်တဲ့ အခိုက် မေးဖြစ်ခဲ့တာတွေက . . .
မေး - ဒုတိယစီးရီးမှာ ပြန်ဆိုတေးတွေပဲဆို ဖြစ်ရတဲ့ အကြောင်းရင်းကနေ စပြီးပြောပြပေးပါလား။
ဖြေ - အဲဒါက အမေအကြံပေးတာနဲ့ လုပ်ဖြစ်သွားတာပါ။ အေသင်က ဒုတိယစီးရီးကို ကိုယ့်ဘာသာစီစဉ် နေတဲ့အချိန်မှာ အမေကအရင် သီချင်းဟောင်းလေးတွေ ပြန်ဆိုပါလားလို့ အကြံပေးလာတာနဲ့ ဆိုဖြစ်သွား တာ။
မေး - အဲဒီအခွေမှာ ပါတဲ့ သီချင်းတွေအားလုံး က တစ်ခေတ်တစ်ခါတုန်းက အရမ်း အောင်မြင်ခဲ့တဲ့ သီချင်းတွေဖြစ်တာကြောင့် ဆိုရတာပိုပြီး တာဝန်ကြီးတယ်လို့ ခံစားခဲ့ရလား။
ဖြေ - ပထမခွေတုန်းကတော့ ကိုယ်ပိုင်သီချင်းတွေကို ဆိုတတ်သလို ကိုယ်ပိုင်ဟန်နဲ့ပဲ ဆိုရတာဆိုတော့ သိပ်တာဝန်မကြီးခဲ့ဘူးပေါ့နော်။ အခုအခွေမှာက အရမ်းအောင်မြင်ပြီးသား သီချင်းတွေဖြစ်တာကြောင့် ကိုယ်ဆိုလိုက်မှ သီချင်းပျက်သွားတာမျိုးလည်း မဖြစ်ရအောင် ဂရုစိုက်ရပါတယ်။ အေသင်ဆိုနေကျ ကိုယ်ပိုင်ဟန် လေးလည်း ပျောက်မသွားအောင် ပေါင်းစပ်ပြီး ဆိုရတာပေါ့နော်။ အထူးသဖြင့်တော့ မဟေမာရဲ့သီချင်းလေးတွေကို ပြန်ဆိုတဲ့အခါ အေသင့် အတွက် အရမ်းခက်ခဲပါတယ်။ ဒါပေမယ့်ကြိုးစားပြီး သီဆိုခဲ့တာကြောင့် အားလုံးပြီးသွားတဲ့အချိန် မှာ သီချင်းတိုင်းကို အားရတယ်လို့ ဆိုရမှာပါ။
မေး - ‘စာ’ဆိုတဲ့သီချင်းကို အေသင် အကြိုက်ဆုံးပဲလို့ ပြောခဲ့တယ်နော်။ အဲဒီ သီချင်းကို ရွေးထည့် ဖြစ်ပုံကရော။
ဖြေ -  ပထမတော့ အေသင်အခွေမှာ သီချင်း ၁၂ ပုဒ်ပဲထည့်ဖို့ ရွေးထားတာ။ အဲဒီထဲမှာ စာဆိုတဲ့ သီချင်း မပါဘူး။ အေသင်က မေဆွိသီချင်းတွေကြိုက်တော့ အဟောင်းတွေ ပြန်နားထောင်ဖြစ်တယ်။ အဲဒီသီချင်းလေးက အေသင်နေ့တိုင်း နားထောင်ဖြစ်တော့ စီးရီးမှာထည့်လိုက်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ ဒါကြောင့် စာပေစိစစ်ရေးက စီးရီးတစ်ခွေလုံး ကျပြီးသွားတဲ့ အချိန်ကျ မှ နောက်ဆက်တွဲ ထပ်ထည့်ဖြစ်သွားတဲ့ သီချင်းပေါ့။ အေသင်ကြိုက်လို့ ကို ဆိုဖြစ်သွားတဲ့သီချင်းလို့ ပြောလို့ ရပါတယ်။
မေး - ဗီစီဒီပိုင်းကိုရော ဘယ်လိုစဉ်းစားထားလဲ။
ဖြေ - ဗီစီဒီက မတ်လ ၁၂ ရက်နေ့လောက် စပြီးရိုက်ဖို့ စီစဉ်ထားပါတယ်။ ဒါရိုက်တာ ကိုပေါက်က ငါးပုဒ်ရိုက်မယ်။ ကျန်တဲ့သီချင်းတွေကတော့ ကိုသုံးပေါင်နဲ့ တခြားဒါရိုက်တာတွေ ရိုက်ပေးဖို့ ညှိနေပါတယ်။ အမြန်ဆုံး ထွက်နိုင်အောင် ကြိုးစားသွားမှာပါ။
မေး - သရုပ်ဆောင်ပိုင်းမှာဆိုရင် ဗီလိန်ဆန်တဲ့ ဇာတ်ရုပ်မျိုးတွေလည်း ရဲရဲဝံ့ဝံ့ လုပ်တာတွေ့ ရတယ်။ ဇာတ်ရုပ်ကို ဘယ်လိုရွေးချယ်တာလဲ။
ဖြေ - အေသင်က အမာပဲဖြစ်ဖြစ်၊ ဗီလိန်ပဲဖြစ်ဖြစ် ဘယ်လိုကာရိုက်တာပဲ ဖြစ်ဖြစ် လုပ်ချင်ပါတယ်။ အဓိကတော့ ကိုယ်သရုပ်ဆောင်ရမယ့် လုပ်ကွက်ဘယ်လောက်ရှိလဲ၊ ကိုယ်တိုင်ကရော ဘယ်လောက် လုပ်နိုင်မလဲဆိုတာ စဉ်းစားပြီးပဲ ရွေးဖြစ်တာပါ။ ကျလာတဲ့ဇာတ်ရုပ်ကိုပဲ ပီပြင်အောင် ချင်တဲ့စိတ်ပဲရှိပါတယ်။
မေး- သရုပ်ဆောင်သက်တမ်းက နုပေမယ့် ကာရိုက်တာမိအောင် လုပ်နိုင်တာ တွေ့ရတယ်။ သရုပ်ဆောင်ပိုင်းမှာရော ၀ါသနာကြီးတာလား။
ဖြေ - သရုပ်ဆောင်ပိုင်းက တကယ်တမ်းပြောရရင် သီချင်းပိုင်းလောက် ၀ါသနာမပါဘူး။ ဒါပေမယ့် အေသင် သရုပ်ဆောင် စလုပ်ဖြစ်တဲ့အချိန်မှာ အရမ်းကြီးတော့ မခက်ခဲဘူး။ ဒါရိုက်တာတွေ သင်ကြားပေးတဲ့ အတိုင်းဖြစ်အောင်လည်း ကြိုးစားပါတယ်။ အလုပ်က သင်သွားတာလည်းရှိသလို ၀ါရင့်တွေနဲ့တွဲပြီး သရုပ်ဆောင်ရတာလည်း ရှိတော့ ဒိုင်ယာလော့ခ် ဘယ်လိုမှတ်တယ်ဆို တာတွေ၊ မုဒ်ဘယ်လိုသွင်းတယ် ဆိုတာတွေကို ပညာအများကြီးရပါတယ်။
မေး - သီချင်းပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကို ဘယ်လိုခွဲထားလဲ။
ဖြေ - သီချင်းဆိုတာက အေသင် အရူးသွပ်ဆုံး အလုပ်ပါ။ ဒါကြောင့် သီချင်းပိုင်းကိုတော့ ဦးစားပေးဖြစ်ပါမယ်။ ဇာတ်ကားရိုက်တယ် ဆိုတာကတော့ ပရိသတ်နဲ့ အဆက်မပြတ်သွားစေတဲ့ သဘောမျိုးပဲ ဆိုတော့ ရှိုးပွဲတွေမရှိတဲ့ အချိန်မျိုးမှာ အေသင်ဇာတ်ကား ရိုက်ဖြစ်မှာပါ။
မေး - အနုပညာလောက အတွင်း လျှောက်ဖြစ်လာအောင် အဓိက စေ့ဆော်ခဲ့တာကရော ဘယ်လိုအကြောင်းအရာတွေ ကလဲ။
ဖြေ - ပထမစစချင်းတုန်းက သီချင်း အရမ်းဆိုချင်တဲ့ စိတ်တစ်ခုတည်းပဲ ရှိခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် အခုလို အောင်မြင်လာလိမ့်မယ်လို့လည်း ထင်မထားခဲ့ဘူး။ လုပ်ချင်တာကို ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ပဲရှိခဲ့တာ။ တကယ်တမ်း ပထမခွေမှာ ပရိသတ်အားပေးမှု ရတဲ့အခါကျတော့ တာဝန်ပိုပြီးကြီးလာတယ်။ ဒီအလုပ်ကို လုပ်ဖြစ်တဲ့ အဓိကရည်ရွယ်ချက်က အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ချင်တာကြောင့်ပါ။   
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )