22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 23, 2012

ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်အပေါ် လူမျိုးတုံး ဖိနှိပ် သတ်ဖြတ်နေတာတွေ ရပ်ဆိုင်းနိုင်ရေး အတွက်လို့ ဆိုပါတယ်။
အမေရိကန် အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေဟာ အဓိကပစ်မှတ် ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ အစိုးရကတော့ အဲဒီ ပြောဆိုချက်တွေအပေါ် အခြေအမြစ် မရှိတဲ့ တစ်ဘက်သတ် လိုရာဆွဲ စွပ်စွဲချက်တွေအဖြစ် လက်မခံဘဲ ပယ်ချခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြိုင်ကလည်း ဒီပြောဆိုချက်တွေဟာ လက်တွေ့ ဖြစ်နေတာတွေနဲ့ လုံးဝ ဥဿုံ ပြောင်းပြန် ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ အေးချမ်း ငြိမ်သက်နေပြီ ဖြစ်ကြောင်း အေပီသတင်းကို ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ AI နဲ့ The Arakan Project စတဲ့ အဖွဲ့တွေက အခြေအနေ အေးချမ်းသွားပြီ ဆိုပေမဲ့ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး နောက်ပိုင်း ရိုဟင်ဂျာ မွတ်စလင် အများအပြားကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ထင်သလို ဖမ်းဆီး ချုပ်နှောင်ခဲ့တာတွေ၊ တချို့နေရာတွေမှာ ရိုက်နှက် သတ်ဖြတ်တာတွေ ရှိခဲ့ကြောင်း ပြောဆိုပါတယ်။
ဒါပေမဲ့ အဇာဘိုင်ဂျန်နိုင်ငံ အခြေစိုက် Trend သတင်းဌာနကတော့ အဲဒီနေရာတွေကို သတင်းထောက်တွေ မသွားရောက်နိုင်တာကြောင့် ဒီသတင်းတွေကို အတည်ပြုဖို့ ခက်ခဲကြောင်း၊ တချို့ရိုဟင်ဂျာ မွတ်စလင်တွေ အဖမ်းဆီးခံရတာဟာ အကြမ်းဖက်မှုနဲ့ဆက်နွယ်နေကြောင်း၊ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရခိုင် တိုင်းရင်းသား တချို့လည်း ဖမ်းဆီးခံရတယ်လို့ The Arakan Project ကလည်း ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )