22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, March 2, 2012

ပုလဲသွယ်သွားလေးများ













                  လူတိုင်းနီးပါးပါပဲ။ အစားအသောက်မျိုးစုံကို နေ့တိုင်းစားသောက်နေကြတော့ သွားလေးတွေမှာ အရောင်တွေစွန်းပြီး ၀ါညစ်ညစ်ဖြစ်နေတတ်တယ်နော်။ အဲလို သွားတွေ ညစ်နေရင် တစ်နေ့ ၂ ကြိမ် ပုံမှန်သွားတိုက်ပေးရုံနဲ့ ပျောက်ဖို့ မလွယ်ဘူးလေ။ အဲဒီတော့ ရီလိုက်တိုင်း သွားလေးတွေက ပုလဲဖြူဖြူလေးတွေ စီထားသလို ဖြူတောက်နေအောင် လုပ်ရမယ့်နည်းလေးတွေကို ပြောပြမယ်နော်။

- လက္ဘ်ရည်၊ ကော်ဖီနဲ့ အချိုရည်တွေ သောက်ပြီးရင် ချက်ချင်းပလုတ်ကျင်းပါ။

- ပန်းသီး၊ မုန်လာဥနီ၊ ကြံ၊ စတော်ဘယ်ရီသီးတွေက သွားတွေကို သဘာဝအတိုင်းဖြူစင်တောက်ပစေလို့ များများစားပေးပါ။

- သွားမှာ အရောင်တွေ စွန်းထင်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ ပန်းမုန်လာ၊ ဆလပ်ရွက်၊ နှင်းနှနွယ်ရွက်တွေကိုလည်း စားပေးပါ။

- စတော်ဘယ်ရီသီးတွေမှာ သွားတွေကို ဖြူစင်တောက်ပစေတဲ့အစွမ်း ရှိပါတယ်။ စတော်ဘယ်ရီသီးတွေကို ချေလိုက်ပါ။ ပြီးတော့ လက်ချောင်းနဲ့ ယူပြီး သွားတွေကို ပွတ်ပေးပါ။ ၂ မိနစ်လောက်ထားပြီး သွားပွတ်တံနဲ့ (သွားတိုက်ဆေးမပါ) သေချာသွားတိုက်ပေးပါ။

- မုန့်ဖုတ်ဆိုဒါနဲ့ ဆားကြမ်းကို ဆတူရောပြီး သွားတိုက်ပေးရင်လည်း သွားတွေဖြူလာနိုင်ပါတယ်။

ရင်နှင်းသူငယ်ချင်းလေးတွေ သွားဖြူဖြူ အပြုံးလှလှလေးတွေနဲ့ အလှပိုနိုင်ကြပါစေရှင်..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )