22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, March 20, 2012

ကျေးဇူးတော်ကိုအကျိုးမဲ့မခံကြနှင့် ( Do not receive grace in vain )

အခြေပြုကျမ်းချက်။       ။၂ကော ၆း၁-၃
“သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကိုအကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကိုဆောင်ရွက် သောသူချင်းဖြစ်၍ သင်တို့ကိုနှိုးဆော်သွေးဆောင်ကြ၏။ ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဘွယ်သောအချိန် ၌သင်၏ စကားကိုငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီဟု လာသည်နှင့် အညီ ယခုပင် နှစ်သက်ဘွယ်သောအချိန်ရှိ၏။ ယခုပင်ကယ်တင်ရာနေ့ရက်ကာလ ရှိ၏။  တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ ထိမိ၍လဲစရာအကြောင်းတစုံတခု ကိုမျှမပြု။”

ကျေးဇူးတော်ဆိုသည်မှာဘုရားသခင်ကမိမိအတွက်လုပ်ဆောင်ပေးသောအရာဖြစ်သည်။ မိမိလုပ်ဆောင်ချက်လုံးဝမပါဘဲဘုရားသခင်လုပ်ဆောင်ပေးသောအရာများကိုခံစားရခြင်းဖြစ်သည်။
ကျေးဇူးတော်နှင့်ပညတ်တော်သည်ဆန့်ကျင်ဘက်ဖြစ်သည်။
ပညတ်တော်က မလုပ်နှင့်၊ မကိုင်နှင့်၊ မစားနှင့် ဟုခိုင်းစေသည်။ လူ့ဘက်မှလုပ်ဆောင်ဘို့ရန်လိုသည်။ ဘာသာတရားအားလုံးသည်ပညတ်တရားလမ်းစဉ်အောက်တွင်ရှိသည်။ လူဘက်ကလုပ်ဆောင်ရမည်။
ကောင်းတာလုပ်ဆောင်လျှင်ကောင်းသည့်နေရာရောက်မည်ဆိုသော်လည်းလူကမလုပ်နိုင်။
ထို့ဗကြာင့်ဘုရားကလောကကိုဆင်းကြွလာပြီးကယ်တင်ခဲ့သည်။ ခရစ်တော်ကလက်ဝါးကားတိုင်တတွင်ပေးဆပ်ခဲ့သည်။ ထိုအရာသည်ကျေးဇူးတော်ဖြစ်သည်။
ခရစ်တော်လုပ်ဆောင်ပေးခဲ့သည့်အရာအပေါ်ယုံကြည်ခြင်းအားဖြင့်ထာဝရအသက်ကိုရသည်။ ထိုအသက်သည်ကောင်းကင်နိုင်ငံတော်သို့ဝင်စားရသောစိတ်ချမှုကိုဖြစ်စေသည်။
ဘုရားသခင်လုပ်ဆောင်ပေးသောကျေးဇူးတော်ကိုနားလည်ယုံကြည်လက်ခံသောအခါကယ်တင်ခြင်းသို့ရောက်သည်။

နှုတ်ကပတ်တော်တွင်ကျေးဇူးတော်၏လုပ်ဆောင်မှုများကိုတွေ့ရသည်။
နူနာသည်များပျောက်ကင်းခြင်း၊ မကျန်းမာသူအများကျန်းမာခြင်း၊ စသဖြင့်များစွာတွေ့ရသည်။
မုန် ၅လုံးနှင့်ငါး ၂ကောင်အားဖြင့်လူ ၅၀၀၀ ကိုကျွေးမွေးတော်မူသည်။ ၀လင်စွာစားရရုံမျှမကကျန်ကြွင်းသောအရာများကို ၁၂ တောင်းအပြည့်ကောက်ရသည်။ ကျန်ကြွင်းသောအရာကိုခရစ်တော်အချည်းနှီးမဖြစ်စေပါ။ စုသိမ်းခိုင်းသည်။ ကျေးဇူးတော်ဖြင့်ရသောအရာများကိုအချည်းနှီးဖြစ်စေရန်ခရစ်တော်အလိုတော်မရှိ။

ကျမ်းစာသည်ကျွန်ုပ်တို့အားကောင်းကြီးပြည့်သောအသက်တာဖြင့်ပို့ဗဆာင်ရုံမျှမက မိမိခံရသောကောင်းကြီးများဖြင့်လည်းတစ်ပါးသူကောင်းကြီးဖြစ်စေချင်သည်။(Blessed to be a blessings)

ခံရသောကျေးဇူးတော်ကိုအချည်းနှီးမဖြစ်စေဘဲတစ်ပါးသူများအပေါ်သို့စီးဆင်းပါလေစေ။

မည်ကဲ့သို့စီးဆင်းစေမည်နည်း။
၂ကော ၆း၂ “ယခုပင်ကယ်တင်ရာနေ့ရက်ကာလရှိ၏”
ပေါလုကကောရိန္တုအသင်းတော်သို့ပြောနေခြင်းဖြစ်သည်။
ထိုအသင်းတော်ထဲတွင်ယုံကြည်သူ(၂)မျိုးရှိနေသည်။
၁။ ခရစ်တော်၏ကျေးဇူးတရားကိုသေချာနားမလည်သောသူများ
ထိုသူများအတွက်ရှင်ပေါလုက “ယခုပင်ကယ်တင်ရာနေ့ရက်ကာလရှိ၏” ဟုပြောနေခြင်းဖြစ်သည်။ ကျေးဇူးတော်ကိုနားလည်စေရန်တိုက်တွန်းသည်။

၂။ ကျေးဇူးတရားကိုနားလည်သောသူများ
ခံရသောကျေးဇူးတော်အားအကျိုးမဲ့မဖြစ်စေရန်သွန်သင်နေသည်။
တနည်းအားဖြင့်ရှင်ပေါလုသည်အချိန်အကြောင်းကိုပြောနေခြင်းဖြစ်သည်။ လူတိုင်းတူညီသောအချိန်များကိုရထားသည်။ သင်၏အချိန်အများစုကိုမည်သို့အသုံးပြုပါသနည်း။ မည်သည့်အရာအတွက်သုံးနေပါသနည်း။
အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေနှုတ်ကပတ်တော်ကိုဟောပြောရမည်။ ၂တိ ၂း၎
မိမိအလုပ်ထဲတွင်၊ ကားပေါ်တွင် ကျေးဇူးတော်ကိုဝေငှနိုင်သည်။ ယုံကြည်သူတိုင်းလုပ်ဆောင်ရန်ဖြစ်သည်။
မိမိခံစားရသောကျေးဇူးတော်ကိုအချည်းနှီးမဖြစ်စေဘဲတစ်ပါးသူတို့အားဝေငှရမည်။

၂ကော ၆း၃ သည်ဝေငှရုံမျှသာမဟုတ်ဘဲအသက်ရှင်မှုပုံစံမှသက်သေပြရန်ဆက်လက်သွန်သင်သည်။
“တရားဟောခြင်းအခွင့်အရာကိုအပြစ်တင်ခြင်းနှင့်ကင်းလွတ်စိမ့်သောငှာထိမိ၍လဲစရာအကြောင်းတစ်စုံတစ်ခုကိုမျှမပြု”ဟုရှင်ပေါလုကသက်သေခံနေသည်။
ကျေးဇူးတော်သည်လွတ်မြောက်ခြင်းဖြစ်သည်။လွတ်ထွက်ခြင်းမဟုတ်ပါ။
ပညတ်တရားအောက်တွင်အသက်ရှင်လျှင်ဝန်လေးသည်။
ကျေးဇူးတေရားအောက်တွင်ပေါ့ပါးသည်။
ထို့ကြောင့်ကျေးဇူးတရားအောက်တွင်အသက်ရှင်ခြင်းသည်ပညတ်တရားအောက်တွင်အသက်ရှင်နေသူတို့ထက်ပိုသာရမည်။

ပညတ်တရားတွင်ဆေးလိပ်မသောက်ရဟုမပါပါ။ ထို့ကြောင့်သောက်နိုင်သည်။ သို့သော်ဘုန်းတော်မထင်ရှားပါ။ ရရှိလာမည့်အကျိုးဆက်လည်မကောင်းပါ။
သို့သော်ကျေးဇူးတရားအောက်တွင်ရှိသောကြောင့်ဘုရားဘုန်းတော်ကိုထောက်၍မသောက်ဘဲနေရမည်။
ကျေးဇူးတော်ကိုသိသောစိတ်နှင့်အသက်ရှင်သူသည်ဘုန်းတော်ကိုထင်ရှားစေသည်။

ကျေးဇူးတော်သည်လွတ်မြောက်ခြင်းကိုပေးသည်။
ကျေးဇူးတော်ကိုသိသောသဘောသည် ဒုစရိုက်ကိုမပြုနိုင်။
ကျေးဇူးတရားကိုသိသော်လည်းုးစရိုက်၌ကျင်လည်သေးလျှင်ကျေးဇူးတော်ကိုအချည်းနှီးခံသောသူ/ဖြစ်စေသောသူဖြစ်သည်။ ဘုရားဘုန်တော်မထင်ရှားနိုင်။
ထို့ကြောင့်တစ်ခါတစ်ရံသင်လုပ်ချင်သောအခါ၊ လုပ်ဆောင်ရမည်ဆိုသောအရာများသည်ဘုန်းတော်ကိုထိပါးလျှင်ကျေးဇူးတော်ကိုထောက်ထား၍စွန့်လွှတ်ရမည်။ ကျေးဇူးတရားကိုထောက်ပြီးအသက်ရှင်မှသာလျှင်လူတို့သည်သင့်ကိုကြည့်၍ခရစ်တော်ကိုမြင်တွေ့လာမည်။

Sia Saw Lu Ki
3rd March 2012@Home cell (KEPONG mcf)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )