22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, March 21, 2012

Google Chrome မှာ Zawgyi Font ထည့်နည်း



မေး။  အောင်လေးခိုင်: ကူညီပါဦးနော်။ကျနော်ကအခုမှစတင်လေ့လာနေသူပါ။အစ်ကို့blogမှာwindow media player ကိုplug inလုပ်ခိုင်းသေးတယ်။အဲဒါလဲမလုပ်တတ်ဘူးဖြစ်နေတယ်။ကျနော်က google chromeကို အခုမှသုံးတာပါ။internet explorerက outdate ဖြစ်သွားပြီလေ။ပြန်ပြီး updateမလုပ်တတ်တာနဲ့ google chromeကိုသုံးနေရတာပါ။ choose font here မှာလဲ zawgyi-one ပြောင်းထားပြီးပြီ။ ဘာထပ်လုပ်ရဦးမလဲမသိဘူး။google chrome browser နဲ့အစ်ကို့ blog ကိုဝင်တာ မြန်မာ စာမမြင်ရ ဘူးဖြစ်နေတယ်။

ဖြေ။  ဒီနည်းလမ်းလေးကတော့ သူငယ်ချင်းအောင်လေးခိုင်မေးထားလို့ တခြားအခက်ခဲရှိနေတဲ့ မိတ်ဆွေများလည်း သိနားလည်သွားအောင် ပိုစ့်အနေနဲ့ ရေးသားရခြင်းဖြစ်ပါတယ်. Chrome မှာ Zawgyi Font ထည့်သွင်းအသုံးပြုတဲ့နည်းလေးပါ။ အောက်ကအတိုင်းတစ်ဆင့်ချင်းဖြေးဖြေးရှာပြီးပြုပြင်လိုက်ပါ။

step | 1 |   မိမိကွန်ပျူတာအတွင်း C:\Documents and Settings\PC\Local Settings\Application Data\ Google\Chrome\User Data\Default\User StyleSheets ကိုရောက်အောင်သွားပါ။

step | 2 | User StyleSheets ကိုရောက်ရင် Custom ဆိုတဲ့ CSS file ကိုဖွင့်လိုက်ပါ။  အောက် က ကုဒ်လေးတွေ ကိုထည်းပြီး save နဲ့ ပိတ်လိုက်ပါ။

* , html, body, div,p {font-family:Zawgyi-One !important;}

step | 3 | Google Chromeကိုဖွင့်ပါ. Setting\Options ကိုသွားပြီး search box မှာ Font လို့ ရိုက်ထည့်ပါ .Customize fonts ကိုဖွင့်ပြီး ရှိနေတဲ့ Font အားလုံးကို Zawgyi One ပြောင်းပေးလိုက်ပါ .ပြီးရင် အောက်ဆုံးက Encoding ကို Unicode (UFT-8) ပြောင်းပေးလိုက်ပါ ၊
step | 4 | နောက်ဆုံးအဆင့်အနေနဲ့  Under the Hood \Web Content \ Languages and spell-checker settings ကိုဖွင့်ပြီး အောက်နားလေးမှာရှိတဲ့  Enable spellchecking ရှေ့ မှအမှန်ခြစ်ကိုဖြုတ်ပေး လိုက်ပြီးရင်တော့ မိမိတို့ ကွန်ပျူတာအတွင်း မှာ Chrome Browser မှာ မြန်မာလိုဖတ်လို့ ရသွားတာကိုပျော် ရွှင်စွာတွေ့ မြင်ရမှာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )