22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, March 21, 2012

Rဇာနည်နှင့်တွေ့ဆုံခြင်း


 

အောင်မြင်မှုများစွာကိုပိုင်ဆိုင်ထားပြီး City FM တွင်လည်း နှစ်စဉ် ဆုများရရှိနေသူတစ်ဦးဖြစ်သည့် အဆိုတော် Rဇာနည်ကို လူကုန်ကူးမှုနှင့်သက်ဆိုင်သော မှတ်တမ်းရုပ်ရှင်တင်ဆက်သူအဖြစ် MTV Exit က ရွေးချယ်ထားသည့်အတွက် လူကုန်ကူးမှု တားဆီးပညာပေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်မှုများကို သိရှိရန် စာဖတ်ပရိသတ်များအား ဖော်ပြပေးလိုက်ပါသည်။

မေး - MTV Exit က မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်ပြုလုပ်တဲ့ လူကုန်ကူးမှုနဲ့ဆိုင်တဲ့ မှတ်တမ်းတင်ရုပ်ရှင်ကို တင်ဆက်သူအဖြစ် Rဇာနည်ကို ရွေးချယ်တဲ့အခါ လက်ခံဖြစ်တဲ့အကြောင်းလေးကို သိပါရစေ။
ဖြေ - လက်ခံဖြစ်တဲ့အကြောင်းရင်းကတော့ လူမှုရေးအလုပ်ကို တတ်စွမ်းတဲ့ အနုပညာနဲ့ တစ်တပ်တစ်အားပါဝင်တဲ့ သဘောပါပဲ။

မေး - ဒီမှတ်တမ်းခွေမှာ ပရိသတ်စိတ်ဝင်စားလာအောင် ဘယ်လိုတင်ဆက်ထားလဲ။
ဖြေ - ဒီဟာက တကယ့် ဒီအဖြစ်အပျက်လေးကို ကိုယ်က ပြန်ပြောပြတဲ့ ဇာတ်လမ်းလေးပါ။ ပြည်သူလူထုက ဒီဇာတ်လမ်းလေးကိုကြည့်ပြီးတော့ ကျွန်တော်ပြောပြတဲ့ဟာကို ဥပမာ - ဒီဇာတ်လမ်းမျိုးလေးကို နားထောင်ပြီးတော့ သူတို့တွေ နားလည်လွယ်အောင် ပြောပြတဲ့သဘောပါ။

မေး - ဒီအစီအစဉ်က ထူးခြားတယ်လေ။ အစ်ကိုက လူကုန်ကူးမှုမှတ်တမ်းရုပ်ရှင်မှာ ဘာကြောင့်ပါဝင်ဖြစ်ခဲ့တာလဲ။
ဖြေ - ကျွန်တော်က ဘာကြောင့်ပါဝင်ဖြစ်လဲဆိုတော့ ဒီကို ကောင်းဇန်တို့လာပြီး ကမ်းလှမ်းတဲ့အခါမှာ ပြီးခဲ့တဲ့နှစ်ကလည်း ဒီလိုပဲ တခြားအနုပညာရှင်တစ်ယောက်က ဒီလိုလုပ်ဖူးတယ်ပေါ့နော်။ ဒီလို အနုပညာရှင်တွေက ၀ိုင်းပြီးလုပ်ကြတဲ့ကိစ္စမို့ လုပ်ပေးစေချင်တယ်ပြောလို့ ပါဝင်ဖြစ်တာပါ။

မေး - နာမည်ကျော်အဆိုရှင်တစ်ယောက်က အစီအစဉ်တင်ဆက်သူအနေနဲ့ လုပ်ပေးလိုက်တဲ့အခါ လူကုန်ကူးတဲ့ကိစ္စမှာ ပြည်သူလူထုအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်မလဲ။
ဖြေ - ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိမလဲဆိုတော့ ကျွန်တော်တို့ ဒီဇာတ်လမ်းလေးကို မပြသေးဘူး။ ပြပြီးလို့ရှိရင် အကျိုးသက်ရောက်မှုတစ်ခုကတော့ ရှိမယ်။ ဘယ်အတိုင်းအတာထိ ရှိမယ်လို့တော့ အတိအကျမပြောတတ်ဘူး။ ဒီဇာတ်လမ်းကို လူတွေကြည့်ပြီး ပြုမူတယ်ဆိုရင် သူတို့ရဲ့ခေါင်းထဲမှာ အသိဥာဏ်တစ်ခု ၀င်သွားမယ်ပေါ့။ ငါတို့ ဒီလိုလူမျိုးတွေလို ငါတို့အဖြစ်မခံဘူး။ အဲလို အသိဥာဏ်လေးတစ်ခု ၀င်သွားမယ်ဆိုရင် ဘာပဲပြောပြော အကျိုးရှိမှာပါ။ ဘယ်လောက်ထိလဲဆိုတော့ တိုင်းပြည်တစ်ပြည်လုံး ကြည့်မိတယ်ဆိုရင် တိုင်းပြည်တစ်ပြည်လုံး အကျိုးရှိမှာပေါ့နော်။ တိုင်းပြည်တစ်ဝက်ပဲ ကြည့်မိတယ်ဆိုရင် တစ်ဝက်ပဲ အကျိုးရှိမယ်။ ဒါပေမဲ့ လူတစ်ကိုယ် စိတ်တစ်မျိုးဆိုတော့ သူတို့ရဲ့ဆုံးဖြတ်ချက် အိုင်ဒီယာတွေ တူကြမှာမဟုတ်ဘူး။ များသောအားဖြင့် လူကုန်ကူးမှုဖြစ်တယ်ဆိုတာကလည်း ခုနကပြောခဲ့သလိုပဲ စားဝတ်နေရေး မပြေလည်မှုတွေရယ်၊ ပညာမတတ်လို့ရယ်၊ သူများပြောတာ ယုံမယ်။ အဲဒါတွေပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာပါတယ်။ သူများပြောတယ် ယုံမယ်။ ယုံစားမိတာကနေ ကိုယ့်ရဲ့စားဝတ်နေရေး အကျပ်အတည်းအကြောင်းအရ သွားပြီးတော့ဖြစ်မယ်။ ပြီးတော့ ပြဿနာတွေတက်မယ်။ ဒုက္ခတွေရောက်မယ်။ ဒါပဲပေါ့။ အဲဒါတွေမရှိတော့ဘူးဆိုလို့ရှိရင်၊ ဒီဇာတ်လမ်းလည်း ကြည့်မိတယ်။ သတိပြုမိတယ်ဆိုရင်တော့ ဘာပဲပြောပြော အကျိုးရှိမှာပေါ့။

မေး - လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို ဘယ်လိုအကြံဥာဏ်မျိုး ပေးချင်ပါလဲ။
ဖြေ - လူကုန်ကူးခံထားရတဲ့ ပြည်သူတွေကို ခုနကပြောသလိုပဲ သူတို့ကို ဘာပြောရမလဲ။ သူတို့မသိလို့ လုပ်လိုက်တဲ့ကိစ္စဆိုတော့လေ။ အစ်ကို့အနေနဲ့ကျတော့ သူတို့မသိလို့ မှားမိတဲ့အမှားဆိုတော့ အခုသိပြီဆိုရင် ဆင်ခြင်မှရမယ်။ လွတ်မြောက်နိုင်မယ့် အကြံဥာဏ်ကတော့ ဒီမှာ အခုလက်ရှိ သူက အခိုင်းအစေဖြစ်နေတယ်ဆိုလို့ရှိရင်တော့ နီးစပ်ရာ သူရောက်နေတဲ့နေရာရဲ့ လူမှုဝန်ထမ်းဌာနတို့ ရဲစခန်းတို့ ဘာတို့တော့ရောက်အောင် သူသွားရမှာပေါ့။ သွားမှပဲ အဆင်ပြေမှာပေါ့။ ပတ်ဝန်းကျင်ကသိပြီး သူ့ကိုကယ်နိုင်မယ့်လူဆီ သိအောင်ပြောရမှာပေါ့။ တကယ်ဒုက္ခရောက်နေရင် မတူဘူးနော်။ နားလည်မှုလွဲမှာစိုးလို့ သူများဆီမှာ ငွေရေး၊ ကြေးရေး၊ အခကြေးငွေယူပြီး အလုပ်လုပ်တာနဲ့ သူများက ကိုယ့်ကို ရောင်းစားခံရတာနဲ့ မတူဘူး။ အဲဒါလေးတော့ ကွာသေးတယ်။

မေး - MTV Exit ကပြုလုပ်တာ နှစ်ကြိမ်ရှိပြီပေါ့။ နှစ်ကြိမ်လုံးက အဆိုတော်တွေပဲ ရွေးထားတယ်လေ။ အဲဒါ ဘာကြောင့်ဖြစ်မလဲ။ အဆိုတော်တစ်ယောက်အနေနဲ့ ပြောပေးပါလား။
ဖြေ - ကျွန်တော်ထင်တာတော့ မပြောတတ်ဘူးဗျ။ ယိုးဒယားမှာလဲ ယိုးဒယားမှာလူဆိုရင် ရုပ်ရှင်မင်းသားနဲ့ စီစဉ်တာ။ သူတို့ဒီမှာက ဘာဖြစ်လို့ အဆိုရှင်နဲ့လုပ်လဲဆိုတာတော့ ကျွန်တော်အတိအကျ ပြောမပြတတ်ဘူး။ ကျွန်တော်ထင်တာပေါ့နော်။ ကျွန်တော်တို့က ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတာတော့ ရှိတာပေါ့နော်။ ပရိသတ်နဲ့ နင်လား၊ ငါလား၊ ဆဲလည်းခံရတာပဲ။ ချီးမွမ်းလည်း ခံရတာပဲ။ အဲဒါမျိုးတော့ ရှိတာပေါ့နော်။ ကိုယ်က မြင်နေရတယ်လေ။ ရုပ်ရှင်မင်းသား၊ မင်းသမီးကျတော့ သူတို့ကတော့ သူတို့မကြိုက်လည်း သူတို့ဆဲတာ ဘာမှမကြားရဘူး။ ဘာဖြစ်လို့လဲဆို သူတို့ကို တီဗီပေါ်ကနေကြည့်ရတာ၊ မြင်ရတာဆိုတော့လေ။ အဲတော့ ပိုပြီးတော့ အကျိုးသက်ရောက်မှု အများကြီးမဟုတ်တောင် နည်းနည်းလေးကွာမှာပေါ့နော်။ အဲဒါကြောင့် အဆိုတော်တွေကို ရွေးဖြစ်တယ်လို့ထင်တယ်။

မေး - ဟိုတစ်နေ့က ဖေ့စ်ဘွတ်ခ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သားသားနဲ့ အစ်ကိုပုံတွေ့လိုက်တယ်။ ဘာအကြောင်းနဲ့ တွေ့ဖြစ်တာပါလဲ။
ဖြေ - ဒီလိုပဲ၊ ကိုယ်က ဘာကိစ္စနဲ့တွေ့လဲဆိုတော့ ကိုယ်တို့အနုပညာရှင်တွေနဲ့ အခွေလုပ်ထားတာရှိတယ်။ အဲဒီအခွေလေးတွေရဲ့ အခြေအနေလေး ခေါ်ပြီးပြောတာပေါ့။

မေး - အင်န်အယ်လ်ဒီရဲ့ စည်းရုံးရေးမှာ အနုပညာရှင်တွေ ပါဝင်မယ်လို့သိရပါတယ်။ အစ်ကိုရောပါဝင်ဖို့ရှိလား။
ဖြေ - ကိုယ်ကတော့ အင်န်အယ်လ်ဒီရဲ့ စည်းရုံးရေးမှာ မပါဝင်ဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မရှိဘူး။ ခရီးသွားမှာမို့။ စည်းရုံးရေးမှာ ကိုယ်မရှိနိုင်တော့ဘူး။ သြစတြေးလျသွားမှာ။ ခြောက်ရက် သူတို့တွေက တစ်ပတ်၊ နှစ်ပတ်အလိုမှာ အဲဒီစည်းရုံးရေးတွေက ရပ်မှာ။

မေး - ပြောစရာလေးတွေရှိရင် နောက်ထပ်ဖြည့်စွက်ပြီး ပြောပေးပါလား။
ဖြေ - လူကုန်ကူးမှုပပျောက်ဖို့အတွက် ဒီကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ လူတွေအားလုံး တစ်တပ်တစ်အားပါဝင်ပြီးတော့ နီးစပ်ရာတွေကို လူသားချင်းစာနာကြဖို့ပေါ့နော်။ တစ်တပ်တစ်အား ပါဝင်ဖို့ တိုက်တွန်းပါတယ်။

ရေးသားသူ - ကြူကြူဟန်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )