22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, March 9, 2012

Windows အတက်မှာ မိမိ မတက် စေချင်တဲ့ Program တွေကို ဖြုတ် ထားချင် တယ် ဆိုရင်

ကျွန်တော်အခုတလော အများစု ခဏခဏ အဆင်မပြေ ဖြစ်နေတဲ့ နည်းလမ်းလေး တစ်ခုကို ရေးပေးပါမယ် .. ကျွန်တော်တို့ Windows စတက်တက်ချင်းမှာ Program တွေ အများကြီး တက်မလာစေချင်တဲ့သူတွေ ၊ Windows အတက်မှာ မိမိ မလိုအပ်တဲ့ Application တွေ တက်မလာအောင် ဖြုတ်ထားချင်တဲ့ သူတွေ ၊ မိမိတို့က Application တွေကို Uninstall လုပ်လိုက်ပေမယ့် လည်း Windows စတက်တက်ချင်းမှာ အဲ့ဒီဖြုတ်ပြီး သား Application က တက်တက်လာတာတွေကို ကြုံတွေ့နေရတဲ့ သူတွေအတွက် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားမှာ ဖြစ်ပါတယ် ..နည်းလမ်းလေးကတော့ လွယ်ပါတယ် ..အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..

အရင်ဆုံး Keyboard မှ Ctrl + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ msconfig လို့ရိုက်ထည့်ပြီး OK ပေးလိုက်ပါ .. ဒါဆိုရင် System Configuration Box လေးပေါ်လာပါလိမ့်မယ် ..
ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း မိမိတို့ Windows စတက်တက်လာချင်းမှာ မတက်စေချင်တဲ့ Program တွေကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ .. ကိုယ်က ဘယ် Program ကို မတက်စေချင်တာလည်း ဆိုတာကိုတော့ နာမည်လေးတော့ သေချာ မှတ်ထားပေါ့ဗျာ .. တော်ကြာ မှားပြီး ဖြုတ်မိနေမှာ စိုးလို့ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ပါ ..
အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Restart ပေးလိုက်ယုံပါပဲ ..
ဒါဆိုရင်တော့ မိမိတို့ မတက်စေချင်တဲ့ Program ကို Windows တက်အလာမှာ တွေ့ရတော့မှာ မဟုတ်ပါဘူး..
အားလုံးပဲ အဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )