22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, April 29, 2012

မာတီနက်ဇ်ကို မန်ယူ၊ ဘာစီလိုနာတို့နှင့် အပြိုင် အာဆင်နယ် ချိန်ရွယ်

အာဆင်နယ် အသင်းသည် ဘာစီလိုနာ၊ မန်ချက်စတာ ယူနိုက်တက် တို့နှင့် အပြိုင် အက်သလက်တီကို ဘီလ်ဘာအို ကွင်းလယ်လူ ဂျာဗီ မာတီနက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းလာကြောင်း သိရှိရသည်။

အသက်(၂၃)နှစ်ရှိ မာတီနက်ဇ်ကို လေ့လာရန် အတွက် ယူရိုပါလိဂ်တွင်  ဘီလ်ဘာအိုက စပို့တင်း လစ္စဘွန်းအား အနိုင်ရသည့် ပွဲစဉ်အတွင်း စီနီယာ ကင်းထောက် တစ်ဦးကို အာဆင်နယ်က စေလွှတ်ခဲ့သည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် နွေရာသီတွင် အသင်းကို အင်အား ဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်နေရာ မာတီနက်ဇ်ကိုပါ ပစ်မှတ် ထားနေခြင်း ဖြစ်သည်။ ဘီလ်ဘာအို အသင်းသည် ၎င်းတို့၏ စွယ်စုံရ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၃၂)သန်းထိ သတ်မှတ် ဈေးခေါ်ထားသည်။

မန်ယူ အသင်းသည် မာတီနက်ဇ်ကို ယခုနှစ် ဘောလုံးရာသီ အစောပိုင်းကတည်းက စိတ်ဝင်တစား ချိတ်ဆက်နေသလို ဘာစီလိုနာကလည်း ၎င်းကို အလို ရှိနေကြောင်း စပိန် သတင်းများက ဖော်ပြခဲ့သည်။ အာဆင်နယ်သည် ကွင်းလယ် နေရာအတွက် ရိန်းစ် အသင်းမှ ပြင်သစ် လက်ရွေးစင် ယန်းမားဗီးလားကိုလည်း ကြိုးပမ်းနေသည်။ မားဗီးလားသည် ရာသီကုန်တွင် ပြင်သစ် ကလပ်မှ သေချာပေါက် ထွက်ခွာဖွယ် ရှိနေပြီး အာဆင်နယ်က ၎င်းကို ပေါင်စတာလင် သန်း(၂၀)မျှဖြင့် ကမ်းလှမ်းဖွယ် ရှိနေကြောင်း သိရှိရသည်။
Ref: Daily Mail
ဘီလ်ဘာအို အသင်းသည် ၎င်းတို့၏ စွယ်စုံရ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၃၂)သန်းထိ သတ်မှတ် ဈေးခေါ်ထား...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )