22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, April 29, 2012

ဂွာဒီယိုလာကို နည်းပြ ခန့်အပ်လိုသည့် အသင်းများ တစ်နှစ်မျှ စောင့်ဆိုင်း ရဖွယ်ရှိ

ဂျိုးဆက် ဂွာဒီယိုလာကို မန်နေဂျာ အဖြစ် ခန့်အပ်ရန် အမှန်တကယ် စိတ်ကူး ရှိပါက ချယ်လ်ဆီးသည် နောက်ထပ် အနည်းဆုံး (၁၂)လမျှ စောင့်ဆိုင်း ရဦးမည် ဖြစ်သည်။

ဘာစီလိုနာ အသင်းမှ ထွက်ခွာခဲ့သည့် စပိန်သား နည်းပြက ၎င်းသည် ချယ်လ်ဆီး အပါအ၀င် မည်သည့် ဘောလုံး အသင်းကိုမျှ လတ်တလောတွင် ကိုင်တွယ်မည် မဟုတ်ဘဲ တစ်နှစ်မျှ အနား ယူမည်ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် ဂွာဒီယိုလာအား ချယ်လ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ် အသင်းများအပြင် အင်္ဂလန် လက်ရွေးစင် အသင်းကပါ စိတ်ဝင်စား နေသည်။ သို့သော်လည်း ဂွာဒီယိုလာက ဘာစီလိုနာ ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်၊ နည်းစနစ် ဒါရိုက်တာ အန်ဒိုနီ ဇူဘာရက်တီ တို့နှင့် အတူ ပြုလုပ်သည့် အင်တာဗျူးတွင် မိမိသည် မည်သည့် အသင်းကိုမျှ ချက်ချင်း ကိုင်တွယ်မည် မဟုတ်ဟု ကြေညာခဲ့သည်။
ချယ်လ်ဆီးမှ စိတ်ဝင်စားနေသည့် ဂွာဒီယိုလာ

“ကျွန်တော် အရမ်း အားအင် ကုန်ခမ်းနေပြီ။ ဘာမှ မကျန်တော့ သလောက်ပဲ။ ကျွန်တော့် စွမ်းအင်အဆင့်ကို ပုံမှန်အနေအထား ပြန်ရောက်အောင် ဖြည့်ဖို့ လိုပါတယ်။ ဘာစီလိုနာနဲ့ (၄)နှစ်လောက် ဖြတ်သန်းမှုဟာ တော်တော် ကြာခဲ့ပါပြီ။ အချိန်တိုင်း အနိမ့်အမြင့်၊ အတက်အကျတွေ ကြုံခဲ့တယ်။ ကျွန်တော် တော်တော် နွမ်းနယ် နေပါတယ်။ ကျွန်တော် ဘောလုံး လောကကို အချိန် အတိုင်းအတာ တစ်ခုအတွင်း သေချာပေါက် ပြန်လာမှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော် ဘယ်အသင်းမှာမှ နည်းပြ မလုပ်သေးဘူး” ဟု ဂွာဒီယိုလာက ပြောကြားခဲ့သည်။

၎င်းက ချယ်လ်ဆီးနှင့် အလားအလာ အပေါ် မေးခွန်း ထုတ်မှုများအား “ကျွန်တော် ရိုမန် အေဗရာမိုဗစ်ခ်ျကို ဘယ်တုန်းကမှ မတွေ့ဖူးပါဘူး။ ကျွန်တော်နဲ့ ဘာစီလိုနာ အသင်းကြားက စိတ်ခံစားမှုက ကျွန်တော့် ဆုံးဖြတ်ချက်တိုင်းကို ပြတ်ပြတ်သားသား မချနိုင်အောင် တားဆီး ထားခဲ့ပါတယ်” ဟု ဖြေဆိုသွားသည်။ အသက်(၄၁)နှစ်ရှိ ဂွာဒီယိုလာသည် ဘာစီလိုနာ အသင်းကို (၄)နှစ်အတွင်း ဆုဖလား (၁၃)လုံး ရရှိအောင် ဦးဆောင် ပေးခဲ့သည်။ ၎င်းလက်အောက်တွင် ဘာစီလိုနာသည် ခေတ်သစ် ဘောလုံးလောက၏ အကောင်းဆုံး ကစားဟန်ကို ပိုင်ဆိုင်သော အသင်းအဖြစ် သတ်မှတ် ခံလာရသည်။

ကျွန်တော် ရိုမန် အေဗရာမိုဗစ်ခ်ျကို ဘယ်တုန်းကမှ မတွေ့ဖူးပါဘူး။ ကျွန်တော်နဲ့ ဘာစီလိုနာ အသင်းကြားက စိတ်ခံစားမှုက ကျွန်တော့် ဆုံးဖြတ်ချက်တိုင်းကို ပြတ်ပြတ်သားသား မချနိုင်အောင် တားဆီးထားခဲ့ပါတယ်...
၎င်းက မိမိနေရာကို ဆက်ခံလာမည့် ဘာစီလိုနာ နည်းပြ အဆက်ဆက်သည် မိမိထက် ပိုကောင်းသော အောင်မြင်မှုများ ရရှိမည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။ “ကျွန်တော် အလေးအနက် ယုံကြည်ပါတယ်။ နောက်လူတွေက ကျွန်တော် မရယူနိုင်ခဲ့တာတွေကို ရအောင် ယူနိုင်မှာပါ။ ဘာစီလိုနာမှာ တောင်းဆိုမှုက မြင့်မားလွန်းပါတယ်။ အဲဒါက ဖိအားအဖြစ် ပြောင်းသွားတယ်။ အသင်းကို ဦးဆောင်သူ အနေနဲ့ ကြံ့ခိုင်မှု ရှိနေဖို့ လိုပါတယ်။ ကစားသမားတွေကို လွှမ်းမိုးနိုင်တဲ့ စွမ်းရည်မျိုး ရှိရပါမယ်။ ခုတော့ ကျွန်တော် တော်တော် အားကုန်နေပါပြီ။ ဒါကို ပြန်ဖြည့်ဖို့ ကျွန်တော် အပြည့်အ၀ အနား ယူပါဦးမယ်” ဟု ဂွာဒီယိုလာက ပြောကြားသွားသည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )