22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

မိတ္ထီလာမြို့၌ မော်တော်ဆိုင်ကယ် အရောင်းအ၀ယ်သွက်လျက်ရှိ

 
ဧပြီလအတွင်း၌ မော်တော်ဆိုင်ကယ်ဈေးနှုန်း တည်ငြိမ်ခဲ့ကာ အရောင်းအ၀ယ် ကောင်းမွန်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မော်တော်ဆိုင်ကယ်ဈေးကွက်မှ သိရှိရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသော မော်တော်ဆိုင်ကယ် တံဆိပ်အမျိုးမျိုးရှိသည့်အနက်  luojia တံဆိပ်များမှာ လူကြိုက်အများဆုံးနှင့် ဈေးအမြင့်ဆုံးဖြစ်ကာ luojia (ပါကင်)ဆိုင်ကယ် တစ်စီးလျှင်ကျပ် ၄၄၅၀၀၀ ခန့်ရှိပြီး  luojia (စီးဘီး)တစ်စီးလျှင် ကျပ် ၄၂၅၀၀၀ ခန့်ရှိကြောင်း သိရသည်။

''သင်္ကြန်မတိုင်ခင်ကတည်းက အရောင်းအ၀ယ်ကောင်းတယ်။ လူကြိုက်နည်းတဲ့ခုံပြတ်တွေတောင် မကျန်ဘူး။ အပေါ်တက်တဲ့ကယ်ရီ တွေကသင်္ကြန်နားကြတော့ သင်္ကြန် ပြီးပြီးချင်းရောင်းဖို့ ဆိုင်ကယ်တောင် ရှားသွားတယ်။ ပါကင်ဘီးဆိုတာက ကြယ်ဂေါင်ကနေ အထုပ်လိုက်သယ် လာတာ။ ဒီရောက်မှ ဆင်ပြီးပြန် ရောင်းတယ်။ ဈေးပိုတယ်။ စီးဘီးကတော့ ကြယ်ဂေါင်ကနေ ဒီအရောက် စီးလာတာ။ တချို့လည်း ဈေးသက်သာတဲ့ စီးဘီးပဲဝယ်ကြတယ်။ နာမည်မကြီးတဲ့ တံဆိပ်ဆိုရင် သုံးသိန်းကျော်လောက်နဲ့ ရတယ်။ အခုဈေးကွက်ထဲမှာ သင်္ကြန်စီးပြီး ပြန်ရောင်း တဲ့ဘီးတွေ များနေတယ်''ဟု ဆိုင်ကယ်ဝယ်ရောင်းတစ်ဦးက ပြောပြသည်။ 
''ကျွန်တော်က သင်္ကြန်တွင်း ရေနံချောင်းသွားဖို့ သကြန်မတိုင်ခင်က တစ်စီးဝယ်လိုက်တယ်။ အခုရက် ၂၀ လောက်စီးပြီး ပြန်ရောက်တော့ ကျပ်နှစ်သောင်း အရှုံးခံပြီး ပြန်ရောင်းလိုက်တယ်။ ကားခကုန်တာနဲ့စာရင် ကိုက်ပါတယ်''ဟု ဒေသခံတစ်ဦးက ပြောပြသည်။  
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )