22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

ပခုက္ကူဒေသ ပဲမျိုးစုံဈေးကွက် V2 နှင့် HL ကုလားပဲဈေးမြင့်ပြီး ကြက်သွန်နီ ဈေးနိမ့်ကျမှုကြောင့် တောင်သူများအရှုံးပေါ်

 
ပခုက္ကူမြို့၏ ပဲမျိုးစုံဈေးကွက်သည် သင်္ကြန်အပြီးတွင် V2 နှင့် HL ကုလားပဲဈေး အနည်းငယ်မြင့်တက်လာကြောင်း သိရပြီး ကျန်သီးနှံများ ဈေးငြိမ်နေကြောင်း သိရသည်။

သင်္ကြန်အပြီး ဧပြီ ၂၃ ရက်ဒိုင်ဈေးအရ ပဲတီစိမ်းသေး ကျပ် ၁၃၀၀၀၊ စိမ်းကြီး ကျပ် ၁၃၀၀၀၊ V2 ကုလားပဲ ကျပ် ၁၈၅၀၀၊ HL ကုလားပဲ ၁၅၉၀၀၊ 929 ကုလားပဲ ကျပ် ၁၅၅၀၀၊ ပဲစင်းငုံသစ် ကျပ် ၁၃၄၀၀၊ ပဲစင်းငုံဟောင်း ကျပ် ၁၂၂၀၀၊ ပဲပုတ် ကျပ် ၁၂၅၀၀၊ ပဲဇီးကွက် ကျပ် ၉၃၀၀၊ CP ပြောင်း ကျပ် ၅၆၀၀၊ စွန်တာနီပဲ ကျပ် ၈၉၀၀၊ မတ်ပဲ ကျပ် ၁၂၅၀၀၊ နှမ်းနီ ကျပ် ၂၃၁၈၀၊ နှမ်းနက် ကျပ် ၂၃၀၀၀ ဈေးနှင့်အရောင်း အ၀ယ်ဖြစ်နေကြောင်း သိရသည်။

ယောချောင်းဒေသထွက် ကြက်သွန်နီဈေးများလည်း ပေါ်စကပင် ကျပ် ၂၅၀၊ ၃၀၀ ၀န်းကျင်ရှိနေ၍ တောင်သူများ အရှုံးပြနေပြီး ဈေးကွက်ဝင်ရောက်မှု နည်းနေကြောင်း ဒေသခံများထံမှ သိရသည်။ သဲသောင်ပြင်နှင့် ကုန်းစိုက် ကြက်သွန်နီးများအ၀င် နည်းပြီး ဈေးကောင်းမရသောကြောင့် ကုန်းစိုက်ကြက်သွန်သမားများ တွက်ခြေမကိုက်ကြောင်း သိရသည်။

''ဒီနှစ်ကြက်သွန်ကို မိုးလည်းမိသွားတယ်။ ဈေးကလည်းသိပ်မရှိတော့ ကြက်သွန်စိုက်သူလည်း နည်းသွားတယ်''ဟု ယောချောင်းဒေသ ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောသည်။     
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )