22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, April 27, 2012

ချေးငွေမဆပ်နိုင်ကြတဲ့ တောင်သူတွေ ထောင်ချခံရမယ့်


မြန်မာ့စိုက်ပျိုးရေးဘဏ်ကနေပြီး ၂၀၁၁ - ၂၀၁၂ အတွက် တောင်သူ လယ်သမားတွေကို ထုတ်ချေးထားတဲ့ ချေးငွေကို ၂ ရက် အတွင်း

ပြန်မဆပ်နိုင်ရင် လယ်ယာမြေသိမ်းယူတာ ၊ လယ်ပိုင်ရှင်တွေကို ဖမ်းဆီးထောင်ချတာ လုပ်မယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက

ပြောဆိုတာကြောင့် ရန်ကုန်တိုင်း သုံးခွမြို့နယ်က ချေးငွေမဆပ်နိုင်ကြတဲ့

ဒေသခံတောင်သူတွေဟာ ထောင်ချခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။


စပါးနဲ့ပဲ တွေပျက်စီးခဲ့လို့ တောင်သူတွေ ငွေပြန်မပေါ်ပဲ ဆုံးရှုံးခဲ့သလို စိုက်ဘဏ်က ချေးငွေတွေပါ ပြန်ဆပ်ဖို့ အခက်အခဲ ဖြစ်နေချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနက်ဖြန် ဧပြီ ၂၇ ရက်နေ့ နောက်ဆုံးထား မပေးရင် လယ်မြေတွေ သိမ်းဆည်းပြီး လယ်ပိုင်ရှင်တွေကိုပါ ထောင်ချမယ်

ဆိုပြီး အသိပေးလာတာဖြစ်တယ်လို့ သဲကုန်းတူးမြောင်းကျေးရွာမှာ

နေထိုင်တဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။


"ဒီနှစ်က ရာသီဥတုတွေ ဖောက်ပြန်တော့ သီးနှံတွေ ဆုံးတယ်၊ စပါးက မထွက်ဘူးဗျား၊ ပဲကြတော့လည်း ပိုးဖျက်တယ်၊ အဲ့ဒီအတွက် ကျနော်တို့ ကြပ်တည်းမှုတွေ ဖြစ်တယ်၊ အခု အဲ့ဒါကို ပြန်မဆပ်နိုင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ၂၅ ရက်နေ့ သုံးခွက ဒုမန်နေဂျာ ဦးတင်ဝင်း ရယ် နောက် တိုင်းက လူကြီးလို့ ပြောတာပဲ နာမည်တော့ မသိဘူး၊ ကျေးရွာ ဥက္ကဌ နဲ့ပဲ လာကြတာ၊ မဆပ်နိုင်လို့ရှိရင် သူက လယ်သိမ်းမယ်၊ အိမ်ကိုဝရမ်းကပ်မယ်၊ လူကို ထောင်ချမယ်၊ နောက်ဆုံးက နက်ဖန်ခါနောက်ဆုံးပဲ။ လယ်သမားတွေက အယောက် ၂၀ ရှိတယ် ကျနော်တို့ ရွာမှာတင်။"


သုံးခွမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံတောင်သူတွေကို အတိုးငွေ တစ်ကျပ်ခွဲနှုန်းနဲ့ လယ်တစ်ဧက လေးသောင်းကျပ်စီ မြန်မာ့ စိုက်ပျိုးရေးဘဏ်က ချေးငွေထုတ်ချေးပေးခဲ့ဖြစ်ပါတယ်


သဲကုန်းတူးမြောင်းကျေးရွာနဲ့ တဆက်တည်းရှိ အဖောင်ကျေးရွာကိုလည်း ဧပြီ ၂၄ ရက်နေ့က အလားတူ လာရောက်သတိပေးထားတဲ့ အတွက် ချေးငွေ ပြန်မဆပ်နိုင်တဲ့ ဒေသခံ လယ်သမား တွေ စိုးရိမ်နေကြကြောင်း အဲ့ဒီရွာမှာ သတင်းသုံးနေထိုင်တဲ့ ဦးဇင်းတစ်ပါးက မိန့်ကြားပါတယ်။


"ဦးဇင်းတို့ အဖောင်ရွာကိုလည်း ဒီလိုပဲ အချိန်ကလေးကလည်း ၂ ရက်ပဲ သူက ကန့်သတ်ပြီး တောင်းတယ်၊ လယ်သမားတွေက နေလို့ မရတော့ဘူး။ ငါတို့များ ရဲလာဖမ်းတာလားဆိုပြီး အကြောက်တရားကြောင့် မိသားစုတွေက အကုန်လုံး စိုးရိမ်သောကတွေ ရောက်နေကြပြီ။"


ဒီကိစ္စနဲ့ ပတ်သက်ပြီး သုံးခွမြို့နယ်က စိုက်ဘဏ်ရုံးကို ဆက်သွယ်မေးမြန်းရာ ဘဏ်တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။



"ဒီငွေဟာ ဒါ နိုင်ငံတော် ဘဏ္ဍာငွေလေ၊ နိုင်ငံတော် ဘဏ္ဍာငွေ မဆုံးရှုံးဖို့ လုပ်ရတဲ့ ကိစ္စရပ်ဖြစ်ပါတယ်၊ ဒီလိုမှ မလုပ်ရင် ဒီ နိုင်ငံတော် ဘဏ္ဍာငွေက ဆုံးရှုံးသွားနိုင်တယ်လေ၊ နိုင်ငံတော် ဘဏ္ဍာငွေကို ပေးတဲ့နေရာမှာ စပါးပဲ ပျက်ပျက် မိုးပဲဖျက်ဖျက် ပေါ့ဗျား။ ကျနော်တို့က ငွေပေးတာ ငွေပြန်ဆပ်ရင် ပြီးတာပဲ။ အဲ သူတို့က သတ်မှတ်တဲ့ ကာလအတွင်းမှာ ပြန်ဆပ်ရင် ဒီကိစ္စက ပြီးတာပဲကို အချိန်တန်ရင် ပြန်ထုတ်ပေးပေါ့၊ ဒါ ကျနော်တို့ ဘဏ်ရဲ့ လုပ်ငန်း တစ်ခုပါပဲ။"


သုံးခွမြို့နယ်အတွင်းမှာ မနှောသုခစပါးနဲ့ ရွှေဝါထွန်းစပါးကို အဓိက စိုက်ပျိုးကြပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးရေ တစ်သောင်း သုံးထောင်ကျော် ရှိကြောင်း သိရပါတယ်။
By: RFA Burmese
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )