22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

အီရန်မှ ရရှိထားသော အမေရိကန် မောင်းသူမဲ့လေယာဉ်၏ သတင်းအချက်အလက်များ ရုရှားနှင့် တရုတ်တို့ ရလိုနေခြင်း


 
အီရန်နိုင်ငံ၏ တရားဝင်သတင်းဌာနကဲ့သို့ ရပ်တည်နေသော (semiofficial) အီရန်၏ “ဖါးစ်” သတင်းဌာန (Fars news agency) ၂၀၁၂ ခုနှစ် ဧပြီလ ၁၈ ရက်၊ ကြာသပတေးနေ့ ပြောရာတွင်၊ ဒီဇင်ဘာလအတွင်း အီရန်မှ ဖမ်းဆီးရမိထားသော အမေရိကန်ပြည်ထောင်စု၏ မောင်းသူမဲ့လေယာဉ်၏ သတင်းချက်အလက်များကို မိမိတို့အားပေးရန် ရုရှနှင့် တရုတ်တို့က တောင်းဆိုသည်။
အီရန်၏ “ဖါးစ်” သတင်းဌာန (Fars news agency) ပြောရာတွင်၊ ဒီဇင်ဘာလအတွင်း အီရန်တို့ ဖမ်းဆီးရမိလိုက်သောအမေရိကန်ပြည်ထောင်စု၏ မောင်းသူမဲ့လေယာဉ်နှင့် ပတ်သက်သော သတင်းအချက်အလက်များအား တဟီရန် (Tehran) က မိမိတို့အားပေးရန် ရုရှနှင့် တရုတ်တို့က တောင်းဆိုသည်။
ကြာသပတေးနေ့၊ “ဖါးစ်” သတင်းဌာန (Fars news agency) မှ အီရန် ကာကွယ်ရေးဝန်ကြီး၏ အကြံပေးအရာရှိ အာမက် ကာရီပူးရ် (Ahmad Karimpour) အား ကိုးကားပြီးပြောဆိုရာတွင်၊ အာကျူ-၁၇၀ စဲန်တင်နဲလ် (RQ-170 Sentinel) နှင့်ပတ်သက်သော သတင်း အချက်အလက်များအား တောင်းထားသော နိုင်ငံများရှိသော်လည်း၊ မောင်းသူမဲ့လေယာဉ်၏ အသေးစိတ်များအား သိလိုကြသော နိုင်ငံများထဲတွင်ရုရှားနှင့် တရုတ်တို့သည် အလွန်သိလိုစိတ် ပြင်းပြကြသည့် နိုင်ငံများ ဖြစ်သည်။
“ဖါးစ်” သတင်းဌာနမှ အသေးစိတ်ကိုမူ ဖော်ပြခြင်းမရှိပါ။ အီရန်နိုင်ငံ၏ အရှေ့ဘက်ပိုင်းတွင် ထိုမောင်းသူမဲ့လေယာဉ်အား ဒီဇင်ဘာလအတွင်း အီလက်ထရောနစ်နည်းပညာဖြင့် ထိန်းချုပ်၍ ဆင်းသက်စေခဲ့သည်ဟု အီရန်ဘက်မှ ပြောသည်။ အမေရိကန် အစိုးရအရာရှိများက ထိုမောင်းသူမဲ့လေယာဉ်အား ဆုံးရှုံးခဲ့ကြောင်း အသိပေးဝန်ခံခဲ့သည်။ ရန်လိုမှုရှိသော နယ်မြေ (hostile territory) ပေါ်တွင် လုပ်ငန်းလုပ်ကိုင်နေသော မောင်းသူမဲ့လေယာဉ်များမှ ရရှိနိုင်သော သတင်းအချက်အလက်များအား ကန့်သတ်ထိန်းချုပ်ထားသော အစီအမံထားရှိသောကြောင့် ဖမ်းဆီးရမိလိုက်သော မောင်းသူမဲ့လေယာဉ်မှ နည်းပညာနှင့် သတင်းများသည် အီရန်အတွက် များစွာအကျိုးဖြစ်မည်မဟုတ်ဟု ထိုအရာရှိများက ပြောသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )