22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

မြန်မာအစိုးရကို လျော်ကြေးတောင်းပါ



ထိုင်းနိုင်ငံမှာ ၂၀၁၀ ဆန္ဒပြပွဲများအတွင်း ထိခိုက်သေဆုံးရသူတွေအတွက် ရှေ့လက စတင်ပြီး လျော်ကြေးပေးမယ်လို့ ၀န်ကြီးချုပ်ရုံး အမြဲတန်းအတွင်းဝန်က အတည်ပြော ပြောဆိုလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာအွန်လိုင်းမှာ ဒီနေ့ ရေးထားပါတယ်။

လျော်ကြေးပေးရမယ့်လူစာရင်းထဲမှာ Reuters ရဲ့ သတင်းဓာတ်ပုံဆရာ Hiro Muramoto နဲ့ အီတလီ အလွတ်တန်း သတင်းဓာတ်ပုံဆရာ Fabio Polenghi တို့ရဲ့ ဆွေမျိုးသားချင်းတွေလည်း ပါဝင်နေတယ် တဲ့။

အီတလီဓာတ်ပုံဆရာရဲ့ မိသားစုဝင်တွေကလည်း လျော်ကြေးပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အတည်ပြုတယ်၊ သို့သော်လည်း ဓာတ်ပုံဆရာ ဘာကြောင့် ဘယ်လို သေဆုံးသွားတယ် ဆိုတာကို ဆက်ပြီး စုံစမ်းမယ်လို့ ဆိုတယ်။

လျော်ကြေးပေးမယ့် အစီအစဉ်အတွက် လျှောက်လွှာတင်သူ ၅,၀၀၀ ၀န်းကျင်ရှိတယ်၊ (အဲဒီလျှောက်လွှာတွေကို စိစစ်ပြီး) ၁,၆၅၈ ဦးကို လျော်ကြေးပေးမယ်လို့ ဒုဝန်ကြီးချုပ် Yongyuth Wichaidit က ပြောဆိုကြောင်း သတင်းမှာ ရေးထားပါတယ်။

ဒဏ်ရာရ၊ သေဆုံးမှုများအတွက် လျော်ကြေးငွေ အနည်းငယ်ပဲ ရမယ့်သူတွေ ရှိသလို ဘတ် ၇၅ သိန်းအထိ ရမယ့်သူလည်း ရှိပါတယ် တဲ့။

၇၅ သိန်းဟာ သေဆုံးသွားသူရဲ့ မိသားစုကို ပေးမယ်၊ ပထမရစ် သိန်း ၃၀ ပေးပြီး ကျန်ငွေကို အစိုးရဘဏ်ကနေ နောက်ပိုင်းမှာ ပေးလိမ့်မယ်လို့ ဆိုတယ်။

Somphan Phutajak ဆိုတဲ့ အမျိုးသမီးက ဘန်ကောက်ဆန္ဒပြစဉ်ကာလ အပစ်ခံရသူပါ၊ ကျည်ဆံက သူ့နောက်ကျောကို ဖောက်ဝင်သွားတယ်၊ အတွင်းပိုင်းကလီစာတွေ (small intestines, pancreas and gall bladder) ထိခိုက်သွားတယ်၊ ဒါပေမယ့် အစိုးရက သူ့ကို ဒဏ်ရာအနည်းငယ်ရသူများစာရင်းထဲ ထည့်ထားတဲ့အတွက် အံ့အားသင့်မိတယ်လို့ ဆိုတယ်။

ရုန်းရင်းဆန်ခတ်မှုအတွင်း ဥပဒေချိုးဖောက်လို့ ထိန်းသိမ်းခံရသူများကိုတော့ ဘာမှ မပေးဘူး တဲ့။

အဲဒီကာလ ပျောက်ဆုံးသွားသူများ ဆိုပြီး မိသားစုက သတင်းပေးအကြောင်းကြားလာသူများလည်း စာရင်းထဲ မပါဘူးလို့ ဆိုတယ်။

တချို့ကလည်း ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု မရှိတော့ဘူးလားဆိုပြီး အစိုးရကို အပြစ်တင်နေကြပါတယ်။

ဒါကတော့ ဘန်ကောက်ပို့စ်မှာ ပါတဲ့ သတင်းဖြစ်ပါတယ်။

၂၀၁၀ ထိုင်းနိုင်ငံ ဆန္ဒပြမှုများအတွင်း စစ်တပ်က ပစ်တဲ့အတွက် အများအပြား သေဆုံးခဲ့ပါတယ်။ ၉၁ ဦး သေဆုံး၊ တထောင်ကျော် ဒဏ်ရာရပါတယ်။ သေဆုံးသူများထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးလည်း ပါဝင်ပါတယ်။

ကဲ ... ထိုင်းနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ခဲ့တာတွေအတွက် အစိုးရက လျော်ကြေး ပေးပါတော့မယ်။

မြန်မာပြည်မှာရော ဘယ်တော့ပေးမလဲ။

မြန်မာပြည်မှာ ဆန္ဒပြပွဲတွေ မကြာခဏဖြစ်ခဲ့၊ စစ်တပ်ကပစ်၊ လုံထိန်းကပစ်၊ စွမ်းအားရှင်က ရိုက်နှက်တဲ့အတွက် ဒဏ်ရာရ၊ သေဆုံး၊ ပျောက်ဆုံးသူတွေ အများအပြားရှိပါတယ်။

သူတို့အတွက် မြန်မာအစိုးရက လျော်ကြေးပေးမှာလား။

ကာယကံရှင်တွေ၊ မိသားစုဝင်တွေ မြန်မာအစိုးရကို လျော်ကြေးတောင်းကြမယ် ဆိုရင်တော့ မြန်မာအစိုးရက ဒီကိစ္စကို စဉ်းစားဆောင်ရွက်မယ်လို့ ယူဆရပါတယ်။



(အပေါ်ပုံက ၁၉၈၈ ဆန္ဒပြပွဲမှာ ပစ်ခတ်ခံရပြီး ဒဏ်ရာရသွားတဲ့ အထက်တန်းကျောင်းသူ မ၀င်းမော်ဦး ကို သယ်ဆောင်သွားကြတဲ့ပုံ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ သေဆုံးသွားပါတယ်)

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )