22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, April 29, 2012

မန္တလေး ကုန်စည်ဒိုင်တွင် ဧပြီလကုန်ပိုင်း၌ ပဲဈေးကွက် အေးလျက်ရှိကြောင်း သိရ

မန္တလေးမြို့၊ ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ဧပြီလ လကုန်ပိုင်းအနီးတွင် ပဲမျိုးစုံဈေးကွက်မှာ ဈေးကွက်အေးနေပြီး၊ ပြောင်းနှင့်နှမ်းမှာ အ၀ယ်သွက်၍ ဈေးနှုန်းမှာလည်း တက်သွားကြောင်း အသင်းသားများထံမှ စုံစမ်းသိရှိရပါသည်။

''ပဲဈေးကွက်က သင်္ကြန်မတိုင်မီနဲ့ သင်္ကြန်ပြီး ဈေးကွက် ဈေးနှုန်းတွေ အရမ်းအေးတယ်။ သင်္ကြန်ပြီး တရုတ်လိုင်း အဆွဲများတာက ပြောင်းနဲ့နှမ်း အ၀ယ်များတယ်။ ပဲစင်းငုံ(နီ)ကတော့ လိုင်းနဲ့လှောင်သမား အ၀ယ်မရှိတော့ ဈေးနှုန်းသိသိသာသာ အေးသွားတယ်။ ပဲမျိုးစုံ ဈေးကွက်အေးနေတော့ ပွဲရုံတွေမှာ ပဲတွေအ၀င်နည်းလာတယ်''ဟု ပွဲရုံပိုင်ရှင်တစ်ဦးက ရှင်းပြပါသည်။

''၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၂၇ ရက်အထိ ပဲမျိုးစုံ တစ်လအတွင်း ဈေးနှုန်းတွေကို နှိုင်းယှဉ်ကြည့်ရင် ပဲစင်းငုံ(နီ) ကျပ် ၄၀၀၀၀ မှ ကျပ် ၃၈၀၀၀၊ ပဲစင်းငုံ (ရွှေဘို)ကျပ် ၃၇၅၀၀ မှ ကျပ် ၃၇၅၀၀၊ ကုလားပဲ (ထိုင်ဝမ်) ကျပ် ၄၅၀၀၀ မှ ကျပ် ၄၇၀၀၀၊ ကုလား ပဲဖြူကြီး ကျပ် ၅၂၀၀၀ မှ ကျပ် ၅၄၀၀၀၊ မတ်ပဲ ကျပ် ၃၇၀၀၀ မှ ကျပ် ၃၇၀၀၀၊ မြေထောက်ပဲ ကျပ် ၅၆၀၀၀ မှ ကျပ် ၅၆၀၀၀၊ ပြောင်း ဖူး (ရှမ်း) ကျပ် ၁၇၅၀၀ မှ ကျပ် ၁၉၀၀၀၊ နှမ်းဖြူကျပ် ၇၂၀၀၀ မှ ကျပ် ၇၉၀၀၀ ထိ ဈေးနှုန်းတွေ အပြောင်းအလဲဖြစ်ခဲ့တယ်''ဟု ဆက်လက်ရှင်းပြပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )