22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, April 29, 2012

စိတ်ဖိစီးမှုကင်းစင်စေမည့် အကောင်းဆုံးသဘာဝအစာ


 
နေ့စဉ် ခံစားရနေတဲ့ စိတ်ဖိစီးမှုမှန်သမျှ ကင်းစင်စေဖို့ တစ်နေ့တာ စားသောက်တဲ့ အစာတွေထဲမှာ အောက်ပါသဘာဝ အစာလေးမျိုးကို ထည့်သွင်းစားသင့်ပါတယ်။
(၁) ငါး
စိတ်ဖိစီးမှု လျော့ကျစေဖို့ သင်စားတဲ့ အစာထဲမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်အောင် ထည့်စားသင့်ပါတယ်။
ဒီမရှိမဖြစ်အဆီဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကို လျော့ကျစေပြီး စိတ်ကျရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ငါးအဆီဖြည့်စွတ်ဆေးကိုလည်း မှီဝဲပေးနိုင်ပါတယ်။ သဘာဝအစာကနေ အိုမီဂါ ၃ ဖက်တီးအက်စစ်ရရှိစေဖို့ တစ်ပတ်မှာ အနည်းဆုံးနှစ်ကြိမ်ခန့် အဆီပါတဲ့ ငါးသုံးအောင်စ ဒါမှမဟုတ် သစ်ကြားသီး လက်တစ်ဆုပ်စာ ပမာဏကို စားပေးသင့်ပါတယ်။
(၂) အမည်းရောင် ချောကလက်
အမည်းရောင် ချောကလက်မှာ စိတ်ဖိစီးမှု ပြေလျော့စေတဲ့ အာနိသင်အပြင် လျှာရဲ့ အရသာခံ အာရုံကို ကျေနပ်မှုရရှိစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ကြီးမားတဲ့ ဂျာမန်လေ့လာမှုတစ်ရပ်အရ အမည်းရောင်ချောကလက်ကို ၁၀နှစ်ကြာစားခဲ့သူတွေဟာ အနည်းဆုံးစားသူတွေထက် သွေးဖိအားလျော့ကျတာကို တွေ့ရပါတယ်။ တခြားလေ့လာမှုတစ်ရပ်အရ အမည်းရောင် ချောကလက်စားသူတွေမှာ စိတ်ဖိစီးမှုဟော်မုန်းလျော့ကျတာကို တွေ့ရပါတယ်။ အမည်းရောင်ချောကလက်မှ အဆီ၊ သကြားနဲ့ ကယ်လိုရီပါဝင်မှု ရှိတာကြောင့် တစ်နေ့မှ လေးထောင့်တစ်ကွက်စာ ပမာဏကိုပဲ စားသင့်ပါတယ်။
(၃) လက်ဖက်ရည်ကြမ်း
လန်ဒန်မှ လေ့လာမှုအရ လက်ဖက်ရည်ကြမ်းသောက်တာကြောင့် နာဗ့်ကြောတွေ ထိခိုက်မှုမှ အမြန်ဆုံး သက်သာစေကြောင်းသိရသည်။ တစ်နေ့မှာ လက်ဖက်ရည်ကြမ်းလေးခွက်ကို သီတင်းပတ်ခြောက်ပတ်ကြာ သောက်သူတွေဟာ ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှုဟော်မုန်းကော်တီဆောအဆင့် လျော့ကျပြီး စိတ်အပန်းပြေကျေနပ်မှု ရှိတာကို တွေ့ရပါတယ်။ လက်ဖက်ရည်ကြမ်းဟာ စိတ်ခံစားမှုကောင်းမွန်စေတဲ့ အာနိသင်ရှိတာကြောင့် တစ်နေ့လုံးလန်းဆန်းတက်ကြွမှုကို ရရှိစေကြောင်း တခြားလေ့လာမှုတွေက ဆိုပါတယ်။
(၄) ထောပတ်သီး
ထောပတ်သီးမှာ စိတ်ဖိစီးမှုကို တွန်းလှန်ပေးနိုင်တဲ့ ပိုတက်စီယမ်နဲ့ မပြည့်ဝဆီ (Monounsaturated Fatty Acid) အများအပြား ပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်နှစ်မျိုးစလုံးဟာ သွေးဖိအားကို လျော့ကျစေပြီး MUFAsဟာ စိတ်ဓာတ်ကျတာကို ကင်းဝေးစေပါတယ်။ ၁၁နှစ်ကြာလေ့လာမှုတစ်ရပ်အရ MUFAsကိုများများစားလေလေ၊ စိတ်ဓာတ်ကျနိုင်ခြေ လျော့နည်းလေလေဖြစ်တာကို တွေ့ရပါတယ်။ ဦးနှောက်က စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ကို စုပ်ယူရာမှာ ဒီ MUFAsအဆီက ကူညီနိုင်တာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက ယူဆထားပါတယ်။
Ref : Good Health
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )