22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, April 27, 2012

ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် စပိန်နှစ်သင်း တွေ့ဆုံ

ချန်ပီယံ လိဂ်တွင် စပိန် အသင်းများ ဗိုလ်လုပွဲနှင့် လက်တစ်ကမ်း အလိုတွင် တပ်ခေါက် ခဲ့ရသော်လည်း ယူရိုပါလိဂ် ဗိုလ်လုပွဲမှာမူ စပိန် နှစ်သင်း၏ အားပြိုင်ပွဲ ဖြစ်လာခဲ့သည်။

အက်သလက်တီကို ဘီလ်ဘာအို အသင်းသည် တိုက်စစ်မှူး ဖာနန်ဒို လော်ရန်တေး၏ နောက်ကျ သွင်းဂိုးဖြင့် ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းကို အနိုင်ရကာ နောက်လတွင် ကျင်းပမည့် ယူရိုပါလိဂ် ဗိုလ်လုပွဲ အဆင့်သို့ အောင်မြင်စွာ တက်လှမ်းခဲ့သည်။ ဘီလ်ဘာအိုသည် (၈၈)မိနစ်တွင် သွင်းယူသော စပိန် လက်ရွေးစင်၏ ဂိုးကြောင့် (၃-၁)ဖြင့် အနိုင်ရကာ နှစ်ကျော့ပေါင်းရလဒ် (၄-၃)ဖြင့် အောင်ပွဲခံခဲ့သည်။ ပထမ အကျော့က (၂-၁)ဖြင့် အနိုင် ရထားသော စပို့တင်းသည် ဆမ်မာမက်စ် ကွင်းကြီးတွင် ဘီလ်ဘာအိုအား အကောင်းဆုံး တုံ့ပြန်ခဲ့သော်လည်း လော်ရန်တေး၏ ဂိုးက အဆုံးအဖြတ် ဖြစ်လာစေသည်။
အက်သလက်တီကို၏ Hero ဖာနန်ဒို လော်ရန်တေး

ဘီလ်ဘာအိုသည် ပွဲအစ (၁၇)မိနစ်ကတည်းက မာကယ်လ် ဆူဆက်တာ၏ ဂိုးဖြင့် ဧည့်သည်တို့အား ဦးဆောင်ခဲ့သည်။ သို့သော်လည်း ရစ်ကီဗန် ၀ုလ်ဖ်ဝင်ကယ်လ်က ပထမပိုင်း ပြီးခါနီးတွင် ချေပဂိုး ပြန်သွင်းသည်။ သို့သော် အိုင်ဘိုင်ဂိုမက်ဇ်က အိမ်ရှင်တို့အား တစ်ကျော့ပြန် ဆောင်ကြဉ်း ပေးခဲ့ပြီး ထို့နောက်တွင်တော့ စပို့တင်းတို့ အသည်း ကွဲမည့်ဂိုးကို လော်ရန်တေးက သွင်းယူခဲ့ခြင်းဖြစ်သည်။ အချိန်ပို ကစားရတော့မည်ဟု ထင်မှတ် ထားချိန်တွင် Lion King ဟု ပရိသတ်များက ချစ်စနိုး ခေါ်ဝေါ်သည့် တိုက်စစ်မှူးက ပရိသတ် ဂိုးသွင်းပြီး ဘီလ်ဘာအိုကို မေလ(၉)ရက်နေ့ ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့သည်။

(၂၀၁၀)ပြည့်နှစ် ယူရိုပါ ချန်ပီယံ အက်သလက်တီကို မက်ဒရစ်ကလည်း ဗလန်စီယာကို (၁-၀)ဖြင့် အနိုင်ရကာ ဘူခါရက်စ်တွင် ကျင်းပမည့် ဗိုလ်လုပွဲသို့ တက်ရောက် လာခဲ့သည်။ အက်သလက်တီကို အတွက် တစ်လုံးတည်းသော ဂိုးကို မိနစ်(၆၀)တွင် အေဒရီယန်က သွင်းယူခဲ့သည်။ ဗလန်စီယာ၏ မက်စ်တဲလား ကွင်းကြီးတွင် ကစားသော ပွဲစဉ်အတွင်း ဧည့်သည် အက်သလက်တီကို အသင်းမှ တီယာဂို အထုတ်ပယ် ခံရသဖြင့် လက်ကျန် (၁၀)မိနစ်မျှကို တစ်ယောက်လျော့ အနေအထားဖြင့် ကစားခဲ့ရသေးသည်။

အချိန်ပို ကစားရတော့မည်ဟု ထင်မှတ် ထားချိန်တွင် Lion King ဟု ပရိသတ်များက ချစ်စနိုး ခေါ်ဝေါ်သည့် တိုက်စစ်မှူးက ပရိသတ် ဂိုးသွင်းပြီး ဘီလ်ဘာအိုကို မေလ(၉)ရက်နေ့ ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့...
ဘီလ်ဘာအိုသည် အကြိုဗိုလ်လုပွဲရောက် (၄)သင်းတွင် တစ်ခုတည်းသော ဥရောပအဆင့် အောင်မြင်မှု မရရှိခဲ့သည့် အသင်းလည်း ဖြစ်သည်။ ၎င်းတို့သည် (၁၉၇၇)ခုနှစ်က UEFAဖလား ဗိုလ်လုပွဲထိ တက်ရောက်ဖူးသော်လည်း ဂျူဗင်းတပ်စ်အား အရေးနိမ့်ခဲ့သည်။
Ref: Daily Mail

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )