ရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် စပိန်သား နည်းပြသည် ၎င်း၏ အနာဂတ်အတွက် အသင်းဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဂွာဒီယိုလာသည် ၎င်း၏ အနာဂတ်ကို ယနေ့ (သောကြာနေ့တွင်) တရားဝင် ထုတ်ဖော် ပြောဆိုလာဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ အသက်(၄၁)နှစ်ရှိ ဂွာဒီယိုလာသာ ဘာစီလိုနာ နည်းပြ ရာထူးကို စွန့်လွှတ်မည်ဟု အမှန်တကယ် အတည် ပြုလာပါက ၎င်းကို ကလပ်အသင်း များစွာက အပြိုင် ကမ်းလှမ်းဖွယ် ရှိနေသည်။
ချယ်လ်ဆီးနှင့် ပွဲတွင် တွေ့ရသော ဂွာဒီယိုလာ
ဘာစီလိုနာကို ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲတွင် ကျော်ဖြတ်ခဲ့သည့် ချယ်လ်ဆီး အသင်း၏ ပိုင်ရှင်ဖြစ်သူ ရိုမန် အေဗရာမိုဗစ်ခ်ျသည် ဂွာဒီယိုလာအား ကာလရှည်ကြာ အသင်းအတွက် အလို ရှိနေခဲ့သည်။ အီတလီ စီးရီးအေမှ မီလန်မြို့ခံ ထိပ်သီး နှစ်သင်းလုံးကလည်း ဂွာဒီယိုလာကို စောင့်ကြည့်နေသည်။ ထို့အပြင် အင်္ဂလန် လက်ရွေးစင် အသင်း မန်နေဂျာ ရာထူး၏ လစ်လပ်နေရာ အတွက်ပင် ဂွာဒီယိုလာမှာ လျာထား ခံနေရကြောင်း သတင်းများက ဖော်ပြလျှက် ရှိသည်။
ဂွာဒီယိုလာသည် ယခု ရာသီအတွင်း အသင်းမှ ကစားသမား အချို့နှင့် ဆက်ဆံရေး မပြေလည်ခဲ့သည်ကိုလည်း ၎င်း၏ ဆုံးဖြတ်မှု အတွင်း အချက်တစ်ချက် အနေဖြင့် ထည့်သွင်း စဉ်းစားဖွယ် ရှိနေသည်။ စပိန်သတင်းများက ဂွာဒီယိုလာ၏ စိတ်တွင် ၎င်းနုတ်ထွက်လိုက်မှုက အသင်းအတွက် လတ်ဆတ်သော ကောင်းမွန် ဖြစ်ထွန်းမှု အသစ်တစ်ခု ဖြစ်လာမည်ဟု တွေးတော နေနိုင်ကြောင်း ဖော်ပြခဲ့သည်။ ဂွာဒီယိုလာသည် ဘာစီလိုနာ အသင်းကို (၄)နှစ် ကိုင်တွယ်ပြီးနောက် လာလီဂါ ချန်ပီယံ (၃)ကြိမ်၊ ချန်ပီယံလိဂ် ဆုဖလား (၂)ကြိမ် အပါအ၀င် အဓိက ဆုဖလား (၁၃)ခု ရယူ ပေးခဲ့သည်။
Ref: Daily Mail
ဂွာဒီယိုလာ၏ စိတ်တွင် ၎င်းနုတ်ထွက်လိုက်မှုက အသင်းအတွက် လတ်ဆတ်သော ကောင်းမွန် ဖြစ်ထွန်းမှု အသစ်တစ်ခု ဖြစ်လာမည်ဟု တွေးတော နေနိုင်ခဲ့..
9:47 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com