22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, April 27, 2012

ချန်ပီယံ လိဂ်တွင် ချယ်လ်ဆီး ဗိုလ်စွဲပါက တယ်ရီကို ဖလား လက်ခံယူရန် UEFA ခွင့်ပြု

အကယ်၍ ချယ်လ်ဆီးသာ ချန်ပီယံ လိဂ်တွင် ဗိုလ်စွဲခဲ့ပါက ဆုဖလား လက်ခံခွင့် အတွက် ဂျွန်တယ်ရီအား ခွင့်ပြုပေးရန် UEFA က သဘော တူညီလိုက်ပြီ ဖြစ်သည်။

သို့သော်လည်း ဆုဖလား ရယူနိုင်ပါက ဆုဖလားကို လက်ခံ ယူရာတွင် တယ်ရီက ဦးဆောင်ဦးရွက် ပြုခွင့် ရှိမရှိကိုမူ တိတိကျကျ မသိရသေးချေ။ တယ်ရီသည် ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲတွင် ဘာစီလိုနာ တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်ကို ဒူးဖြင့် တိုက်ခြင်းကြောင့် တိုက်ရိုက် အနီကတ် ထိပြီး ဗိုလ်လုပွဲနှင့် လွဲခဲ့သည်။ ဂျာမနီနိုင်ငံ၊ Allinaz ကွင်းကြီးတွင် ဘိုင်ယန်နှင့် ယှဉ်ပြိုင်သော ပွဲစဉ်အတွင်း ချယ်လ်ဆီးကို ဖရန့်ခ်လမ်းပတ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ဦးဆောင်ဖွယ် ရှိနေသည်။
အောင်ပွဲခံနေသည့် ချယ်လ်ဆီးအသင်းသားများ
.
ချယ်လ်ဆီးတွင် တယ်ရီနှင့်အတူ ရောလ်မီရာလက်စ်၊ ရာမီရက်စ်နှင့် ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်တို့သည်လည်း အ၀ါကတ် ပြစ်ဒဏ်များကြောင့် ဗိုလ်လုပွဲနှင့် လွဲခဲ့သည်။ UEFAက “(၂၀၁၂)ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ချယ်လ်ဆီး ဗိုလ်စွဲခဲ့မယ်ဆိုရင် တယ်ရီအနေနဲ့ ဆုဖလား လက်ခံခွင့်၊ ဆုတံဆိပ် လက်ခံခွင့် ရမှာ ဖြစ်ပါတယ်” ဟု ကြေညာခဲ့သည်။ လမ်းပတ်က ချန်ပီယံဆု ရခဲ့လျှင် တယ်ရီကိုသာ ဖလားမြှောက်စေလိုကြောင်း ဆိုသည်။ “ကျွန်တော်က ဦးဆောင်ပြီး ဖလားမြှောက်စရာ မလိုပါဘူး။ ကျွန်တော်ဟာ အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရတာကိုပဲ ပျော်ပါတယ်။ ကျွန်တော်တို့ ဗိုလ်စွဲမယ်ဆိုရင် ဘယ်သူမြှောက်မြှောက် ဒီဖလားက ကျွန်တော်တို့ ဖလားပဲလေ”ဟု လမ်းပတ်က ပြောကြားသွားသည်။

(၁၉၉၉)ခုနှစ်က မန်ချက်စတာ ယူနိုက်တက်အသင်း ချန်ပီယံလိဂ်တွင် ဗိုလ်စွဲစဉ် ပွဲပယ်ခံထားရသူ အသင်းခေါင်းဆောင် ရွိုင်ကိန်းနှင့် ပေါလ်စခိုးလ်တို့သည် ဆုပေးပွဲ အခမ်းအနားတွင် ပါဝင်ခွင့် မရခဲ့ပေ။ ယမန်နှစ်က ဘာစီလိုနာ ချန်ပီယံ ဖြစ်လာချိန်တွင်မူ အသင်းခေါင်းဆောင် ကားလက်စ်ပူယိုးလ်က ဆုကို တက်ယူပြီး အသင်းဖော် အဲရစ် အဘီဒယ်လ်အား ဆုဖလား မြှောက်ချီရန် လက်လွှဲပေးခဲ့သည်။ အဘီဒယ်လ်သည် လပေါင်းအတန်ကြာ အသည်းကင်ဆာနှင့် စစ်ခင်းပြီးနောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် မိနစ်ပိုင်းမျှ ၀င်ကစားပေးခဲ့သည်။
Ref: Daily Mail“(၂၀၁၂)ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ချယ်လ်ဆီး ဗိုလ်စွဲခဲ့မယ်ဆိုရင် တယ်ရီအနေနဲ့ ဆုဖလား လက်ခံခွင့်၊ ဆုတံဆိပ် လက်ခံခွင့် ရမှာ ဖြစ်ပါတယ်ခဲ့..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )