မန်ချက်စတာ နှစ်သင်း အပါအ၀င် အေစီမီလန်၊ ဘာစီလိုနာနှင့် တော့တင်ဟမ် ဟော့စပါးတို့သည် လိုင်လီ၏ ခေါ်ဈေး ပေါင်စတာလင် (၃၅)သန်းတန် ဘယ်လ်ဂျီယံ လက်ရွေးစင် လူငယ် Playmaker ကို အပြိုင်ချိတ်ဆက် နေကြသည်။ မန်စီနီက အသက်(၂၁)နှစ်ရှိ ဟာဇက်ကို မိမိ အမှန်တကယ် လိုချင်ကြောင်း ပြင်သစ် မဂ္ဂဇင်း တစ်စောင်သို့ ပြောကြားခဲ့သည်။ အီတလီသား မန်နေဂျာက “ကျွန်တော် ဟာဇက်ကို တကယ် သဘောကျတယ်။ သူဟာ ကစားသမားကောင်းပါ။ ငယ်လည်း ငယ်သေးတယ်။ သူဟာ ကျွန်တော်တို့ အသင်းအတွက် အကောင်းဆုံး အရာတွေ ဖန်တီး ပေးနိုင်ပါလိမ့်မယ်။ သူ့ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုက မန်စီးတီးမှာ အလွယ်တကူ အသား ကျလာမှာပါ” ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။
အစောပိုင်းက မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ဟာဇက်ကို အလိုရှိကြောင်း အတည်ပြု ၀န်ခံထားခဲ့သည်။ ဖာဂူဆန်သည် ဟာဇက်၏ ကစားပုံကို ကိုယ်တိုင် သွားရောက် လေ့လာခဲ့သလို ဟာဇက်သည် အရည်အသွေးမြင့် ကစားသမားကောင်း တစ်ဦးအဖြစ် ထုတ်ဖော် ချီးကျူးခဲ့သည်။ မန်စီနီက ၎င်းသည် မကြာမီ ရင်ဆိုင်ကစားရမည့် မန်ချက်စတာ ဒါဘီပွဲစဉ်တွင် မန်ယူ အသင်း၏ အတွေ့အကြုံပိုင်း အားသာမှုသည် မိမိတို့ကို ဒုက္ခပေးလာနိုင်သည့် အချက်တစ်ခုဟု ၀န်ခံ ပြောကြားခဲ့သည်။
ကျွန်တော် ဟာဇက်ကို တကယ် သဘောကျတယ်။ သူဟာ ကစားသမားကောင်းပါ။ ငယ်လည်း ငယ်သေးတယ်။ သူဟာ ကျွန်တော်တို့ အသင်းအတွက် အကောင်းဆုံး အရာတွေ ဖန်တီး ပေးနိုင်ပါလိမ့်မယ်...
မန်စီနီက “လွန်ခဲ့တဲ့ နှစ်(၂၀)လုံးလုံး မန်ယူဟာ အောင်မြင်မှုကို ပုံမှန်ထိန်းသိမ်းလာခဲ့ပါတယ်။ အမှတ်ပေး ဇယားမှာ နောက်ရောက် နေရင်တောင် အမြဲတမ်း ထိပ်ဆုံး နေရာကို ပြန်ယူ နိုင်တယ်လို့ မန်ယူ အသင်းသားတွေက နားလည် ထားကြတယ်။ ကျွန်တော်တို့ထက် မန်ယူက အတွေ့အကြုံ ပိုသာသလို အသင်း စိတ်ဓာတ်ကလည်း သိပ်ကောင်းပါတယ်။ သူတို့ အသင်းနဲ့ ကစား ရတာဟာ ကျွန်တော်တို့အတွက် အတွေ့အကြုံကောင်းတွေ ရစေသလို အများကြီး သင်ယူခွင့် ရလာပါတယ်။ ကျွန်တော်တို့ဟာ သူတို့နဲ့ နီးကပ်အောင် ကြိုးစား လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူက ကျွန်တော်တို့ထက် အသာစီး ရနေတုန်းပါပဲ” ဟု သုံးသပ် သွားခဲ့သည်။
Ref: The Sun
9:42 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com