"ကမ္ဘောဇမှာ တုန်းက ကျွန်တော်တို့ တော်တော် ပင်ပန်းခဲ့တာ။ နည်းပြက တစ်ရာသီလုံးကို ကစားသမား (၁၃)ယောက် လောက်ပဲ သုံးခဲ့တယ်။ ကျွန်တော်ရယ်၊ ဟန်ဝင်းအောင်ရယ်၊ ကျော်ဇင်ထက်ရယ်၊ အေးဆန်းရယ် ဆိုရင် ပွဲတိုင်းပဲ။ ဒဏ်ရာရမှ နားရတာ။ နောက်ပြီး ပွဲကစားပြီး နောက်နေ့ဆိုရင် မနားရဘူး။ တစ်မနက်ပဲ နားရပြီး ညနေဆို ပြန်ဝင်ရတာပဲ။ ကြာတော့ လူကတော်တော်ကို ပင်ပန်းလာတယ်" ဟု လက်ရှိ ရန်ကုန် ယူနိုက်တက် အသင်းခေါင်းဆောင် ခင်မောင်လွင်က ပြေားကြားခဲ့သည်။ ထို့အပြင် ၎င်းက ရာသီကုန်ခါနီးတွင် ကမ္ဘောဇ ခြေကျသွားခြင်းမှာ ထိုကဲ့သို့ အနားမရ ခြင်းကြောင့် ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
"အခု နည်းပြအဖြစ် ဆီဗာဂျီကို ခေါ်လိုက်တယ် ဆိုတော့ ပိုကောင်း လာမှာပါ။ သူတို့က ဒီရာသီမှာ နိုင်ငံခြားသားတွေ ခေါ်လိုက်တော့ ပိုကောင်းလာတယ်။ အမှန်က ကမ္ဘောဇက အရင် ကတည်းက ကောင်းပါတယ်။ ကျွန်တော့် ဆန္ဒက ကမ္ဘောဇကို မြန်မာတွေနဲ့ချည်း ကစားစေချင်တာ။ သူတို့လည်း ချန်ပီယံ ဆုကို လိုချင်လာပြီ ထင်ပါတယ်" ဟု ခင်မောင်လွင်က သူ၏ အမြင်ကို ဆက်လက် ပြောကြားခဲ့သည်
6:26 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com