22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

S-League ကလပ် ၀ုဒ်လန်းစ် ၀ယ်လင်တန်နှင့် ရင်ဆိုင်ရမည့် ကမ္ဘောဇ

RHB Singapore Cup 2012 ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် နေရှင်နယ်လိဂ် ကလပ်အသင်း ကမ္ဘောဇသည် ပထမ အဆင့် ရှုံးထွက် ပြိုင်ပွဲတွင် S-League ကလပ်အသင်း ၀ုဒ်လန်းစ် ၀ယ်လင်တန်နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

S-League ကလပ်များနှင့် ဒေသတွင်း ကလပ်အသင်း အချို့အား ဖိတ်ကြားကာ နှစ်စဉ် ကျင်းပလျက် ရှိသည့် RHB Singapore Cup ပြိုင်ပွဲသို့ ယမန်နှစ်က ဥဿာ ယူနိုက်တက် (ဟံသာဝတီ ယူနိုက်တက်) ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ယခုနှစ်တွင်မူ ကမ္ဘောဇ နည်းပြချုပ်သစ် ဖြစ်လာမည့် ဟံသာဝတီ နည်းပြဟောင်း ဆီဗာဂျီ၏ အဆက်အသွယ်ဖြင့် ကမ္ဘောဇ အသင်းက ၀င်ရောက်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲသို့ ဖိလစ်ပိုင်မှ လာယိုလာ မာရယ်ကို စပါ့ခ် အသင်း၊ ကမ္ဘောဒီးယားမှ ဖနွမ်းပင်ခရောင်း အသင်း၊ လာအိုမှ ယိုးသအက်ဖ်စီ အသင်းတို့လည်း ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ရှုံးထွက် ပထမအဆင့် မဲခွဲပွဲ အခမ်းအနားအား စင်ကာပူ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဇိုင်နူဒင်နော်ဒင်းက တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရကာ ကစားရမည့် ရက်စွဲများကိုမူ အတိအလင်း ထုတ်ပြန် ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

RHB Singapore Cup 2012 ပထမ အဆင့်ပွဲစဉ်များ

KBZ FC (Myanmar) vs Woodlands Wellington
DPMM FC vs Home United
Singapore Armed Forces FC vs Balestier Khalsa
Gombak United vs Harimau Muda
Tanjong Pagar United vs Hougang United
Yotha FC (Loas) vs Albirex Niigata
Phnom Penh Crown (Cambodia) vs Tampines Rovers
Loyola Meralco Sparks (Philippine) vs Geylang United
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )