22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

အမှတ်ပေး ဇယား တတိယ နေရာကို မျှော်လင့် နိုင်ဆဲဟု ရက်နပ်သုံးသပ်

မိမိတို့ အသင်းသည် ရာသီကုန်တွင် ပရီးမီးယားလိဂ် အမှတ်ပေး ဇယား တတိယ နေရာတွင် ရပ်တည်ရန် မျှော်လင့်ချက် ရှိနေသေးကြောင်း တော့တင်ဟမ် ဟော့စပါး မန်နေဂျာ ဟယ်ရီရက်နပ်က ပြောကြားလိုက်သည်။

အာဆင်နယ် အသင်း၏ တတိယနေရာကို ခြိမ်းခြောက်နေသော စပါးသည် ဘလက်ဘန်းရိုဗာကို ရာဖေးလ် ဗန်ဒါဗတ်၊ ကိုင်လီဝေါ့ကားတို့၏ သွင်းဂိုးများဖြင့် အနိုင် ရခဲ့သည်။ အကယ်၍ ဗုဒ္ဓဟူးနေ့တွင် လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘော်လ်တန်ကို အနိုင် ကစားနိုင်ပါက စပါး၏ အာဆင်နယ်ကို ဖိအား ပေးနိုင်စွမ်းသည် ပိုမို ပီပြင် ထက်မြက်လာမည် ဖြစ်သည်။ ရက်နပ်က “ကျွန်တော်တို့ ပုံမှန် ရှေ့ဆက်နေပါတယ်။ အနာဂတ်မှာ ဘာဖြစ်မလဲ ဆိုတာ ဘယ်လိုမှ မသိနိုင်ပါဘူး။ ၀ီဂန်လို အသင်းက အာဆင်နယ်ကို အမ်းမရိတ်စ်မှာ နိုင်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ ကျွန်တော်တို့ တတိယ နေရာကို မျှော်လင့်ခွင့် ရှိပါသေးတယ်။ ခုချိန်မှာ ကျွန်တော်တို့ဟာ လက်ကျန် (၃)ပွဲလုံးကို အနိုင်ရအောင် အာရုံစိုက် နေဖို့က အရေး ကြီးပါတယ်” ဟု ပြောကြားခဲ့သည်။
တတိယ နေရာအတွက် မျှော်လင့်နေဟု ဆိုသည့် ရက်နပ်

စပါးသည် ဘလက်ဘန်းကို အနိုင် ယူပြီးနောက် နယူးကာဆယ်လ် ယူနိုက်တက် လက်မှ အမှတ်ပေးဇယား စတုတ္ထ နေရာကို ဂိုးကွာခြားချက်ဖြင့် ပြန်လည် ရယူခဲ့သည်။ “အလှည့်အပြောင်းတွေ ကြုံလာတတ်တယ် ဆိုတာကို ကျွန်တော် အမြဲ ပြောပါတယ်။ ကျွန်တော်တို့မှာ ဘော်လ်တန်၊ အက်စ်တန်ဗီလာ တို့နဲ့ ကစားမယ့် ခက်ခဲတဲ့ အဝေးကွင်း ပွဲစဉ်တချို့ ကျန်နေပါသေးတယ်။ နယူးကာဆယ်လ်ကလည်း အဲဗာတန်၊ မန်ချက်စတာ စီးတီးတို့နဲ့ ပွဲကျပ် ကစားရဦးမှာပါ” ဟု ရက်နပ်က ပြောကြားသွားသည်။
Ref: The Sun
ဝီဂန်လို အသင်းက အာဆင်နယ်ကို အမ်းမရိတ်စ်မှာ နိုင်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ ကျွန်တော်တို့ တတိယ နေရာကို မျှော်လင့်ခွင့် ရှိပါသေးတယ်။ ခုချိန်မှာ ကျွန်တော်တို့ဟာ လက်ကျန် (၃)ပွဲလုံးကို အနိုင်ရအောင် အာရုံစိုက် နေဖို့က အရေး ကြီးပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )