22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

လက်ရှိလုပ်နေတဲ့ အလုပ်အပေါ်မှာလည်း ရိုးရိုးသားသားနဲ့ တန်ဖိုးထားပြီး သစ္စာရှိဖို့လိုအပ်တယ် ဟိန်းဝေယံ


 
ကျွန်တော်မှတ်မှတ်ရရနဲ့ အခုအချိန်ထိ စွဲစွဲမြဲမြဲမှတ်ထားတဲ့ သတင်းစကားရှိပါတယ်။ အဲဒီစကားလေးကို ကျွန်တော်အရမ်းသဘောကျတယ်။ လူတွေပြောတိုင်းသာ ကိုယ့်ရဲ့ဘဝ ထိခိုက်နေရမယ်၊ ပြောင်းလဲမှုတွေ၊ တုန်လှုပ်မှုတွေ ဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့ဘဝဟာ လူတွေရဲ့ ပါးစပ်ဖျားထဲမှာပဲ ရောက်သွားမယ်ဆိုတဲ့ အဲဒီစကားလေးတွေကို ကျွန်တော်အရမ်းသဘောကျမိပါတယ်။ အဲလိုမျိုးမဖြစ်အောင် ကိုယ့်အနေနဲ့ စိတ်ဓါတ်ရင့်ကျက်မှုတွေလည်း ရှိရမယ်ဆိုတဲ့ တွဲလျက်စကားလုံးလေးကိုလည်း အရမ်းသဘောကျပါတယ်။
အဓိကကတော့ စိတ်ဓါတ်ရင့်ကျက်မှု၊ ခိုင်မာမှုလိုအပ်တယ်လို့တော့ ကျွန်တော်ပြောချင်ပါတယ်။ လူတစ်ယောက်အနေနဲ့ ရပ်တည်ဖို့ အများကြီးလိုအပ်မယ်လို့ ထင်ပါတယ်။ လူရယ်လို့ ဖြစ်လာရင် ကျန်းမာရေး၊ စီးပွားရေး အဖက်ဖက်က အဆင်ပြေအောင် ပြီးတော့ လူတွေနဲ့ ပေါင်းသင်းတဲ့အခါမှာလည်း အဆင်ပြေအောင် လူတွေကြားမှာလည်း ဆက်ဆံရေး အဆင်ပြေအောင် နေထိုင်ပြောဆိုဖို့လိုတယ်လို့ ထင်ပါတယ်။ အဓိက ကတော့ ကိုယ်လုပ်စရာရှိတာကို ရိုးရိုးသားသား နဲ့ ကြိုးစားပြီးတော့ လုပ်သင့်ပါတယ်။
ပြီးတော့ ကိုယ်လုပ်တဲ့ အလုပ်ကို တန်ဖိုးထားပြီး သစ္စာရှိဖို့လည်း လိုအပ်ပါတယ်လို့ ထင်ပါတယ်။ တရားသဘော ပြောတာတော့ မဟုတ်ပါဘူး။ လူ့ဘဝကြီးဆိုတာ တိုတိုလေးပါ။ ရခဲတဲ့ ဒီလူ့ဘဝကို ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့လည်း လိုအပ်ပါတယ်။ အဲဒီအပြင် ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်အပေါ်မှာလည်း ရိုးရိုးသားသား နဲ့ တန်ဖိုးထားပြီး၊ သစ္စာရှိဖို့ လိုအပ်မယ်လို့ ပြောချင်ပါတယ်။
Ref: 8 Days
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )