22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

အောင်ပွဲခံပုံ အတွက် ပရိသတ်အား ပြန်တောင်းပန်ခဲ့သည့် ဘာစီလိုနာ အသင်းသားများ

ရေယို ဗယ်လက်ကာနို အသင်းအား (၇)ဂိုးပြတ် အနိုင် ရခဲ့သော ပွဲစဉ်တွင် မိမိတို့၏ အောင်ပွဲခံပုံက အိမ်ရှင် ပရိသတ်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါက ပြန်လည် တောင်းပန်ကြောင်း ဘာစီလိုနာ အသင်းမှာ ဒန်နီ အဲလ်ဗက်စ်နှင့် သီယာဂို အယ်လ်ကန်ထရာတို့က ပြောကြားခဲ့သည်။

ဘာစီလိုနာသည် ဗယ်လက်ကာနို အသင်း၏ ဗီလာကက်စ် အသင်းတွင် (၇-၀)ဖြင့် အနိုင် ရခဲ့သည်။ ဘရာဇီးလ်နွယ်ဖွား အသက်(၂၁)နှစ်အောက် စပိန် လက်ရွေးစင် သီယာဂိုသည် အသင်း၏ ပဉ္စမမြောက် ဂိုးကို သွင်းယူပြီးနောက် အဲလ်ဗက်စ်နှင့် အတူ ကခုန် အောင်ပွဲခံခဲ့သည်။ နှစ်ဦးပေါင်း အတူတကွ အောင်ပွဲခံမှုကို အသင်းခေါင်းဆောင် ကားလက်စ် ပူယိုးလ်က ကြားဝင် ဟန့်တားခဲ့သည်။ ထို့အပြင် ဘာစီလိုနာ နည်းပြ ဂျိုးဆက် ဂွာဒီယိုလာကလည်း ပွဲအပြီးတွင် ထိုကစားသမား နှစ်ဦးအား ပြစ်တင် ပြောဆိုခဲ့သည်။
အောင်ပွဲခံနေသည့် ဘာစီလိုနာ အသင်းသားတချို့

တနင်္ဂနွေနေ့က ပွဲစဉ်တွင် မိမိတို့၏ အောင်ပွဲ ခံပုံသည် အိမ်ရှင် အသင်းကို စော်ကားလိုခြင်း အလျဉ်း မရှိခဲ့ဟု အဲလ်ဗက်စ်က ပြန်လည် ဖြေရှင်း တောင်းပန်ခဲ့သည်။ “ဗယ်လက်ကာနို ပရိသတ်တွေ အတွက် ကျွန်တော်တို့ရဲ့ ကပုံက စော်ကားသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်တော်တို့က ပျော်စရာ အချိန်လေး တစ်ခုကို လိုချင်ရုံပါ” ဟု အဲလ်ဗက်စ်က ဆိုသည်။ သီယာဂိုကလည်း “ကျွန်တော့်ကြောင့် ဗယ်လက်ကာနို ပရိသတ်တွေ စိတ်အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါရစေ။ ပျော်ရွှင်နေတဲ့ အခြေအနေ တစ်ခုမှာ အမှားတစ်ခု လုပ်မိ သွားတာပါ။ နောက်ဒါမျိုး မဖြစ်စေရပါဘူး” ဟု ပြောကြားခဲ့သည်။
Ref: Goal
နှစ်ဦးပေါင်း အတူတကွ အောင်ပွဲခံမှုကို အသင်းခေါင်းဆောင် ကားလက်စ် ပူယိုးလ်က ကြားဝင် ဟန့်တားခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )