22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

ပဒုမ္မာ ကွင်းမှာ ယနေ့ညနေ အောင်ပွဲခံမည့် အပျော်တမ်းလိဂ် ချန်ပီယံ ACE FC

၂၀၁၂ New Holland အပျော်တမ်းလိဂ် ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ရန် သေချာခဲ့ပြီ ဖြစ်သည့် ACE FC သည် ယနေ့ ညနေပိုင်း ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားမည့် MOE FC (စွမ်းအင် ၀န်ကြီးဌာန) အသင်းနှင့် ပွဲစဉ်အပြီးတွင် ဆုဖလား လက်ခံရယူ အောင်ပွဲခံမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယ နေရာမှ MOD FC (ကာကွယ်ရေး ၀န်ကြီးဌာန) အသင်းသည် ပွဲစဉ်အားလုံး ယှဉ်ပြိုင် ကစားပြီးသည်အထိ တစ်ပွဲ ကစားရန် ကျန်သေးသူ အမှတ်ပေးဇယား ဦးဆောင်သူ ACE FC အား ရမှတ် လိုက်မမီခဲ့ရာ ပြိုင်ပွဲအားလုံး ယှဉ်ပြိုင် မကစားရသေးမီတွင် ချန်ပီယံ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ACE တို့ အနေဖြင့် ယနေ့ ညနေပိုင်းတွင် ပဒုမ္မာတွင် အောင်ပွဲခံကြမည် ဖြစ်ပြီး ညပိုင်းတွင်လည်း အောင်ပွဲခံ ညစာစားပွဲ တစ်ရပ် ပြုလုပ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ရမှတ် (၃၃)မှတ် ရရှိထားသည့် ACE အသင်းသည် ပွဲစဉ် (၁၂)ပွဲ ကစားရန် ကျန်သေးချိန်အထိ (၁၁)ပွဲ အနိုင်ရကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည့် အသင်းဖြစ်သည်။ ၎င်းတို့ နောက်တွင် MOD အသင်းက ရမှတ် (၃၂)မှတ်ဖြင့် ဒုတိယ၊ All Star အသင်းက ရမှတ် (၂၆)မှတ်ဖြင့် တတိယ နေရာ လိုက်နေကာ ယနေ့ ACE နှင့် ရင်ဆိုင်ရမည့် MOE အသင်းမှာမူ (၂၄)မှတ်ဖြင့် ဒဂုံအက်ဖ်စီနှင့် ရမှတ်တူ ဂိုးကွာခြားချက် အရ စတုတ္ထ နေရာတွင် ရပ်တည်လျက် ရှိသည်။ ရန်ကုန် ယူနိုက်တက် အသင်း၏ လူငယ် အကယ်ဒမီမှ လူငယ် ကစားသမား အများစုဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် Elite Tech FC မှာမူ (၇)ပွဲနိုင် (၁)ပွဲသရေ (၅)ပွဲရှုံးဖြင့် ဆဋ္ဌမ နေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )