မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ နန်းရှေ့ရပ်၊ အုတ်စက်အကွက် ၁၃၊ နဒီလမ်းသွယ်ရှိ ဓာတ်ပုံနှင့် ကွန်ပျူတာဆိုင်တစ်ခုတွင် ဧပြီလ ၂၉ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆိုင်တွင် မီးပျက်၍ မီးစက်နှိုးထားရမှာတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရပြီး ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် မီးညွန့်ကျိုးသွားခဲ့ကာ ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၁၅ လုံး ဆုံးရှုံးခဲ့ရကာ ပိုင်ရှင်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မီးလောင်သည့်နေရာသို့ သန္ဓေမီးသတ်ယာဉ်(၁၀)စီး၊ အရန်မီးသတ်ယာဉ် ၄၀ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ဦးတို့ လာရောက်မီးငြှိမ်းသတ်ခဲ့သည်ဟု သိရသည်။
6:36 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com