22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, April 27, 2012

မန်ယူ၏ အပြင်းထန်ဆုံး ပြိုင်ဘက်သည် လီဗာပူးလ် မဟုတ်တော့ဘဲ မန်စီးတီး ဖြစ်လာကြောင်း ဖာဂူဆန် ၀န်ခံ

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပထမဆုံး အကြိမ်အဖြစ် မိမိတို့ အသင်း၏ အကြီးကျယ်ဆုံး ပြိုင်ဘက်သည် လီဗာပူးလ် မဟုတ်တော့ဘဲ မန်ချက်စတာ စီးတီး ဖြစ်လာကြောင်း ၀န်ခံလိုက်သည်။

တစ်ချိန်က သမိုင်းကြောင်း အားပြိုင်မှု များကြောင့် လီဗာပူးလ်သာ မန်ယူ၏ အပြင်းထန်ဆုံး ပြိုင်ဘက်ဟု ဖာဂူဆန်က ညွှန်းဆို ခဲ့သော်လည်း ယခုအခါ ဓနအင်အား ကျောထောက်နောက်ခံ ကောင်းမွန်သည့် မြို့ခံပြိုင်ဘက်များက ပိုခြိမ်းခြောက် လာခဲ့ကြောင်း ဖာဂူဆန်က မှတ်ချက် ပြုခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင် မန်ယူ အနေဖြင့် မန်စီးတီးနှင့် အရေးပါသော ပွဲကြီး ပွဲကောင်းများ နွှဲရတော့မည် ဖြစ်ပြီး ထိုအနေအထားကို အသားတကျ လက်ခံရန် ကြိုးစား ထားသင့်ကြောင်းလည်း မန်ယူ ပရိသတ်များအား ဖာဂူဆန်က ပြောကြားခဲ့သည်။
မန်စီးတီးသည် အကြီးကျယ်ဆုံး ပြိုင်ဘက်ဟု ပြောသည့် ဖာဂူဆန်

“မန်စီးတီးနဲ့ ပွဲကြီး ပွဲကောင်းတွေ အများကြီး ကစားရမှာကို ကြိုလက်ခံ ထားတတ်ရပါမယ်။ သူတို့ဟာ ထိပ်တန်း အဆင့်ကနေ ယုတ်လျော့သွားဖို့ မရှိပါဘူး။ မန်စီးတီးရဲ့ ကျောထောက်နောက်ခံ ငွေကြေး အင်အားကြောင့် သူတို့နဲ့ ကျွန်တော်တို့ ထိပ်တိုက်တွေ့မယ့် အခြေအနေတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဖလား လုပွဲတွေမှာ ဗိုလ်လုပွဲ၊ အကြို ဗိုလ်လုပွဲတွေမှာ သူတို့နဲ့ ရင်ဆိုင် ရလာနိုင်တယ်။ ပြီးခဲ့တဲ့နှစ် FA ဖလား အကြို ဗိုလ်လုပွဲမှာ သူတို့နဲ့ ရင်ဆိုင် ခဲ့ဖူးပါပြီ။ ခုချိန်မှာ လီဗာပူးလ်နဲ့ ကစားမယ့် ပွဲတွေထက် သူတို့နဲ့ ကစားမယ့် ပွဲတွေကို အလေး ထားရပါတော့မယ်” ဟု ဖာဂူဆန်က ပြောဆိုသွားသည်။

ဖာဂူဆန်က အစ်တီဟတ်တွင် ကစားမည့် မန်ချက်စတာ ဒါဘီသည် ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ကြောင်းလည်း ၀န်ခံခဲ့သည်။ “ချန်ပီယံဆုကို ဒီပွဲက အဆုံးအဖြတ် ပေးနိုင်ပါတယ်။ သူတို့နဲ့ ကစားရမယ့် ပွဲကို မစောင့်နိုင်အောင် ဖြစ်နေမိပါပြီ။ သူတို့ရဲ့ စိန်ခေါ်မှုကို သဘောကျမိတာကြောင့် ကိုယ့်ဒုက္ခ ကိုယ်ရှာတယ်လို့ သဘောထားလည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီအကျင့်ကို ရလာတာ လွန်ခဲ့တဲ့ (၂၆)နှစ် နီးပါး ကတည်းကပါပဲ” ဟုလည်း ဖာဂူဆန်က ရယ်ရယ်မောမော ပြောကြားသွားခဲ့သည်။
Ref: Daily Mail
မန်စီးတီးနဲ့ ပွဲကြီး ပွဲကောင်းတွေ အများကြီး ကစားရမှာကို ကြိုလက်ခံ ထားတတ်ရပါမယ်။ သူတို့ဟာ ထိပ်တန်း အဆင့်ကနေ ယုတ်လျော့သွားဖို့ မရှိပါဘူး။ မန်စီးတီးရဲ့ ကျောထောက်နောက်ခံ ငွေကြေး အင်အားကြောင့် သူတို့နဲ့ ကျွန်တော်တို့ ထိပ်တိုက်တွေ့မယ့် အခြေအနေတွေ အများကြီး ဖြစ်လာနိုင်ပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )