22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, April 27, 2012

ကမ္ဘာ့အလှဆုံး အမျိုးသမီး


လူတွေဟာ ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေအပေါ်မှာ ဂုဏ်ယူတတ်ကြတာ ဓမ္မတာပါ။ အလွန်လှပသူတွေက သူ့အလှအပေါ် ဂုဏ်အယူဆုံးလည်း ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့အလှဆုံး အမျိုးသမီးလို့ အမေရိကန်အခြေစိုက် People မဂ္ဂဇင်းက ဆိုထားတဲ့ ဂရမ်မီ ၁၆ ကြိမ် ဆုရှင် အသက် ၃၀ အရွယ် အဆိုတော် ဘီယွန်းဆေးကတော့ သူ့ရဲ့ ဂုဏ်အယူဆုံး အရာဟာ မိခင်ဘ၀ပါဘဲ တဲ့။

အခုတော့ ပုခက်လွှဲသော လက်ပိုင်ရှင် ဘီယွန်းဆေးက ကမ္ဘာကြီးကို တကယ်ကိုင်လှုပ်နေတာကတော့ သူ့ အနုပညာနဲ့ ဖျော်ဖြေမှုက တကယ့် အံ့ဖွယ် ခွန်အားကြီး တရပ်အဖြစ်နဲ့ပါ။

အသက် ၄၂ နှစ်ရှိပြီးဖြစ်တဲ့ နံမည်ကြီး ရက်ပါ အဆိုတော် ဂျေဇက် ( Jay-Z) နဲ့ ၄ နှစ်တာ ပေါင်းသင်းလာရင်း လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၇ ရက်နေ့က ဘီယွန်းဆေးဟာ နယူးယောက်မြို့မှာ သမီး ရတနာလေးကို မွေးဖွားခဲ့ပါတယ်။

“သူက အလှဆုံးအရာလေးပါဘဲ”လို့ ဘီယွန်းဆေးက The People မဂ္ဂဇင်းကို မကြာသေးခင်က ပြောခဲ့တာပါ။

“သမီးတယောက်ပိုင်ဆိုင်တယ်ဆိုတဲ့ အကောင်းဆုံး အရာကတော့ တကယ့်အမွေစစ်ပါပဲ” လို့ သူက ဆိုပါတယ်။
ဘီယွန်ဆေးက ဆက်ပြောတာက “ချစ်ခြင်း မေတ္တာဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်က အခုတော့ တကယ့်ကို တမူထူးကဲနေတယ်” တဲ့။

အဲဒီ့နေ့က ဘီယွန်းဆေးနဲ့ အထူး အင်တာဗျူးတဲ့ The People မဂ္ဂဇင်းနဲ့ အထူး အင်တာဗျူးမှာ သူ့အလှရဲ့ လျို့ဝှက်ချက် တွေကိုလည်း သူက ဖောက်သည်ချသွားခဲ့ပါသေးတယ်တဲ့။

ကမ္ဘာပေါ်မှာ ဖျော်ဖြေရေးနဲ့ ပါတ်သက်ရင် ခွန်အားကြီး တရပ်လို့ ပြောကြတဲ့ ဘီယွန်းဆေးက မိခင်ဘ၀ကိုမြတ်မြတ်နိုးနိုးနဲ့ သမီးလေးရဲ့ ဝေရာဝစ္စတွေကို ကြေကြေနပ်နပ်ကြီးလုပ်ရင်း မေတ္တာ ဆိုတဲ့ သဘောကို ကောင်းကောင်းနားလည်ခံစား နေ ပါတယ်။





beyonce song
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )