22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, April 27, 2012

အိမ်ကွင်း ပရိသတ်ရှေ့တွင် အနိုင် ကစားပြီး ချန်ပီယံလိဂ် ဆုဖလား ရယူရန် တက်ကြွနေသည့် ဘိုင်ယန်အသင်း

အိမ်ကွင်း ပရိသတ် ရှေ့မှောက်တွင် ကစားခွင့် ရမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ချယ်လ်ဆီးအား အကောင်းဆုံး ကစားပြီး အနိုင်ယူရန် ဘိုင်ယန်မြူးနစ် တစ်သင်းလုံးက တက်ကြွနေကြောင်း ဘက်စတိန်း ရှဝိန်းစတိုင်ဂါက ပြောကြားလိုက်သည်။

ဂျာမန် လက်ရွေးစင် ဂိုးသမား မန်နျူရယ်လ် နျူအာသည် ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ရီကာဒိုကာကာနှင့် ဇာဘီအလွန်ဆို တို့၏ ပင်နယ်တီ ကန်သွင်းမှုများကို ကာကွယ်ပြီးနောက် ရီးယဲလ်မက်ဒရစ်ကို ဘာနေဗျူးတွင် ကျော်ဖြတ်လာကာ ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့သည်။ ဘိုင်ယန် အသင်း၏ ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါက “ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မြူးနစ်မှာ လုပ်မယ်ဆိုတာ ကြေညာ ကတည်းက ကျွန်တော်တို့မှာ ပစ်မှတ် တစ်ခုပဲ ရှိတော့တယ်။ ဒီပွဲကို သေချာပေါက် ကစားခွင့် ရဖို့ ဆိုတာပါပဲ” ဟု ဆိုသည်။
အိမ်ပြန်လာသည့် ဘိုင်ယန် အသင်းသားများ

၎င်းက “ခုတော့ ကျွန်တော်တို့ဟာ အိမ်ကွင်းမှာ ကစားရမယ့် ပွဲတစ်ပွဲပဲ ကျန်တော့တယ်။ ချန်ပီယံ ဆုက သိပ်နီးကပ် နေပါပြီ။ ကျွန်တောတို့ ဒီပွဲမှာ နိုင်ချင်ပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ ခေါင်းထဲမှာ ရှိတဲ့ တစ်ခုတည်းသော အတွေးက ချယ်လ်ဆီး ဂိုးပေါက်ထဲ ဘောလုံးရောက်အောင် ပို့ဖို့ပါ” ဟု ပြောကြားခဲ့သည်။ ရီးယဲလ်နှင့်ပွဲစဉ် နှစ်ကျော့လုံးတွင် အစွမ်း ပြခဲ့သည့် ဂိုးသမား နျူအာကလည်း “ဗိုလ်လုပွဲ ရောက်ဖို့အတွက် ကျွန်တော်တို့ အားလုံး အစွမ်းကုန် ကြိုးစားခဲ့ကြတာပါ။ ရီးယဲလ်နဲ့ ပွဲစဉ် နှစ်ကျော့လုံးမှာ သူတို့ကို အကောင်းဆုံး ယှဉ်ပြိုင် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် ရောက်လာတာလို့ ယုံကြည်ပါတယ်” ဟု ပြောဆိုသွားသည်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မြူးနစ်မှာ လုပ်မယ်ဆိုတာ ကြေညာ ကတည်းက ကျွန်တော်တို့မှာ ပစ်မှတ် တစ်ခုပဲ ရှိတော့တယ်။ ဒီပွဲကို သေချာပေါက် ကစားခွင့် ရဖို့ ဆိုတာပါပဲ...
ချယ်လ်ဆီးရော၊ ဘိုင်ယန် အသင်းပါ ထူးခြားနေမှု တစ်ခုသည် ချန်ပီယံလိဂ်နှင့် ပြည်တွင်း ရှုံးထွက် ဖလားတို့တွင် ဗိုလ်လုပွဲသို့ အသီးသီး တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်သည်။ နျူအာက ဘိုရပ်ရှား ဒေါ့တ်မန်နှင့် ကစားရမည့် ပိုကယ်လ်ဖလား ဗိုလ်လုပွဲနှင့် ပတ်သက်ပြီး “ချန်ပီယံလိဂ်ရော၊ ပိုကယ်လ်ဖလား နှစ်ခုလုံးမှာ ဗိုလ်လုပွဲ ရောက်လာတာ သိပ်ကောင်းပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြိုင်ပွဲ နှစ်ခုလုံးမှာ အနိုင်ရဖို့ ကြိုးစားမှာပါ” ဟု ပြောကြားသွားခဲ့သည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )