ပြီးခဲ့သည့် နွေရာသီကမှ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျ စိတ်ကြိုက်ရွေးချယ် ခန့်အပ်သော ပေါ်တူဂီ လူငယ်နည်းပြ ဘိုအာ့စ်သည် ဘောလုံးရာသီ တစ်ဝက်မျှတွင် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ချယ်လ်ဆီးသည် ဝေဖန်မှုများ ကြုံခဲ့ရသော်လည်း ယခုအခါ မိမိတို့၏ ရွေးချယ်မှု မှန်ကန်ခဲ့ကြောင်း အခိုင်အမာ မြင်တွေ့နိုင်ပြီဟု ဘာ့ခ်က ပြောဆိုသွားသည်။ ချယ်လ်ဆီးသည် ယာယီမန်နေဂျာ ရောဘတ်တို ဒီမက်တီယို လက်အောက်တွင် ချန်ပီယံလိဂ်နှင့် FAဖလား ဗိုလ်လုပွဲများသို့ ရောက်ရှိခဲ့သည်။
ရာသီဝက်ဖြင့် ထုတ်ပယ်ခံရသည့် ဘိုအာ့စ်
ချယ်လ်ဆီးသည် မန်နေဂျာ အပြောင်းအလဲ လုပ်ရာတွင် ခပ်ကြမ်းကြမ်း ဆုံးဖြတ်လေ့ ရှိသည့် အသင်းအဖြစ် နာမည်ကြီး နေရာ ဘိုအာ့စ်ကို ထုတ်ပယ်ချိန်တွင် ဝေဖန်မှုများ ပိုမို ပြင်းထန်လာခဲ့သည်။ ဘာ့ခ်က “လူတွေက ချယ်လ်ဆီးရဲ့ မတည်မငြိမ် ဖြစ်နေမှု အကြောင်းကို ပြောကြတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ကျွန်တော်တို့ဟာ ခဏခဏ မန်နေဂျာ ပြောင်းတယ်လို့ သူတို့က ထောက်ပြကြတယ်။ အသင်း တစ်သင်းဟာ စစ်မှန် ထိုက်တန်တဲ့ မန်နေဂျာ တစ်ယောက်ကို မရခင်တော့ အပြောင်းအလဲတွေ လုပ်ရမှာပါပဲ” ဟု ဆိုသည်။ ၎င်းက လက်ရှိ အသင်းကို တည်တည်ငြိမ်ငြိမ် ဦးဆောင်နေသူ ဒီမက်တီယိုကိုလည်း ချီးကျူးခဲ့သည်။ ဒီမက်တီယိုသည် ချယ်လ်ဆီးကို (၁၅)ပွဲ ကိုင်တွယ်ပြီးချိန်တွင် (၁၀)ပွဲနိုင်ကာ (၄)ပွဲသရေ ကျအောင် စွမ်းဆောင်ပြထားသည်။
လူတွေက ချယ်လ်ဆီးရဲ့ မတည်မငြိမ် ဖြစ်နေမှု အကြောင်းကို ပြောကြတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ကျွန်တော်တို့ဟာ ခဏခဏ မန်နေဂျာ ပြောင်းတယ်လို့ သူတို့က ထောက်ပြကြတယ်။ အသင်း တစ်သင်းဟာ စစ်မှန် ထိုက်တန်တဲ့ မန်နေဂျာ တစ်ယောက်ကို မရခင်တော့ အပြောင်းအလဲတွေ လုပ်ရမှာပါပဲ...
ဘာ့ခ်က “ဒီမက်တီယိုဟာ ချယ်လ်ဆီးရဲ့ စိတ်ဓာတ်ကို အကောင်းဆုံး ဆောင်ယူ ပေးခဲ့ပါတယ်။ ခုချိန်မှာ ကျွန်တော်တို့ရဲ့ အလံပြာပြာဟာ မြင့်မြင့်မားမား လွင့်ပျံနေနိုင်ပါပြီ။ ကျွန်တော်တို့ ကစားသမားတွေ အတွက် နေ့တိုင်း ဂုဏ်ယူနေပါတယ်။ ဒီရာသီမှာ အနိမ့်အမြင့် အတက်အကျတွေ၊ ဝေဖန်မှုတွေ အများကြီး ကြုံခဲ့ပေမယ့် ခုတော့ ကျွန်တော်တို့ ချန်ပီယံ လိဂ်ရော၊ FA ဖလားရော ဗိုလ်လုပွဲကို တက်လာ နိုင်ခဲ့ပါပြီ။ ဒါဟာ အားထုတ်မှုနဲ့ ထိုက်တန်တဲ့ ရလဒ်ပါပဲ” ဟု ပြောကြားသွားသည်။
Ref: Daily Mail
12:16 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com