ဓာတ်ပုံများ - naungtaunghopone.com
အိမ့်သံစဉ် ရေးသားသည်)
ပညာအလင်းရောင်ပေးခြင်းဟာ လောကမှာ အကောင်းဆုံး အမွန်မြတ်ဆုံး အလှူတမျိုးလည်းဖြစ်ပါတယ်။
တချို့က အလင်းအားကောင်းနေတဲ့နေရာများတွင်သာ အလင်းရောင်ကို လှူလိုကြတယ်။
တချို့က တကယ့် အလင်းလိုအပ်နေတဲ့နေရာများမှာ သွားရောက်လှူဒါန်းကြတယ်။
လှူခြင်းဆိုတာကလည်း တနည်း သံသရာအတွက် ရင်းနှီးမြုပ်နှံမှုလည်းဖြစ်ပါတယ်။
အခုတော့ ဟိုးအဝေး ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့က နောင်တောင်း ပရဟိတ တပ်ဦးကျောင်းတိုက်မှာ ပညာအလင်းရောင်များနဲ့ ထွန်းလင်းနေပါတယ်။
အခုနှစ်နွေရာသီမှာ အင်္ဂလိပ်စာ၊ ကွန်ပျူတာနဲ့ ယဉ်ကျေးလိမ္မာသင်တန်းများကို ဒေသခံ ကျောင်းသား/သူ တွေ ကို ပို့ချပေးနေပါတယ်တဲ့။
ဒီလိုပို့ချပေးတဲ့ သင်တန်းတွေထဲမှာ RWCT လို့ခေါ်တဲ့ ဝေဖန်ပိုင်းခြား စဉ်စားနည်းတွေကိုလည်း သင်ကြားပို့ချ ပေးနေတယ်လို့ သိရပါတယ်။
တပ်ဦးကျောင်း ဆရာတော်နဲ့ သံဃာတော်များရယ်၊ တခြား စေတနာ ဆရာ၊ ဆရာမများက သူတို့ရဲ့ အချိန်တွေ ကို နယ်စွန်က ကျေးရွာလေးမှာ အလင်းအားကောင်းဖို့ ပေးဆပ်နေကြတာ ဂုဏ်ယူစရာပါ။
ကျေးရွာပေါင်း ၁၉ ရွာက ကျောင်းသူကျောင်းသားပေါင်း ၃၈၀ ကို ကွန်ပျူတာ အလုံးပေါင်း ၃၅ လုံးဖြင့် နောင်တောင်းကျောင်းတွင် ၁၀.၃.၂၀၁၂ မှစတင် လက်ခံသင်ကြားပေးနေပြီဖြစ်ကြောင်း သူတို့ရဲ့ အင်တာနက် စာမျက်နှာ naungtaunghopone.com မှာ ဖော်ပြပါတယ်။

3:30 AM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com