22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

မန်စီးတီး အသင်း ချန်ပီယံ ဖြစ်လာနိုင်ဟု ဖာဂူဆန် ၀န်ခံ

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က မန်ချက်စတာ စီးတီး အသင်းသာ ဒါဘီပွဲတွင် အနိုင် ရသွားပါက ချန်ပီယံ ဆုကိုပါ ဆွတ်ခူး နိုင်လိမ့်မည်ဟု မှတ်ချက်ချ ပြောဆိုလိုက်သည်။

မန်ယူနှင့် မန်စီးတီးတို့သည် အစ်တီဟတ်တွင် ယနေ့ည၌ ချန်ပီယံ ဆုအတွက် အလွန်အရေးပါသော အဆုံးအဖြတ် ဒါဘီပွဲစဉ်ကို ရင်ဆိုင် ကစားမည် ဖြစ်သည်။ မန်ယူသည် လက်ရှိတွင် မန်စီးတီးထက် (၃)မှတ် အသာဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်နေသည်။ သို့သော်လည်း မန်စီးတီးက အနိုင် ရခဲ့ပါက ဂိုးကွာခြားချက် အသာစီး အနေအထားဖြင့် အမှတ်ပေး ဇယားကို တစ်ကျော့ပြန် ဦးဆောင်မည် ဖြစ်သည်။ လက်ကျန်(၂)ပွဲသာ ကစားရန် ကျန်ချိန်တွင် ထိုအနေအထားမျိုး ဖြစ်သွားပါက မန်စီးတီး အနေဖြင့် မည်သို့မျှ အမှား ခံတော့မည် မဟုတ်ဟု ဖာဂူဆန်က သုံးသပ်ခဲ့သည်။
မန်ယူ၏ ပဲ့ကိုင်ရှင် ဖာဂူဆန်

ဖာဂူဆန်က “မန်စီးတီးဟာ ချန်ပီယံ ဆုကို ရကောင်း ရသွားနိုင်ပါတယ်။ ဟုတ်ကဲ့။ တကယ်လို့ ဒါဘီမှာ သူတို့ နိုင်သွားမယ် ဆိုပါတော့။ နောက်ဆုံး (၂)ပွဲပဲ ကျန်တဲ့ အနေအထားမှာ အရမ်း ကောင်းမွန်တဲ့ အခွင့်အရေးကို ပိုင်ဆိုင် သွားတာပါပဲ” ဟု ပြောကြားသွားသည်။ မန်စီးတီးသည် မန်ယူနှင့် ပွဲအပြီးတွင် ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ကြိုးစား ရုန်းကန်နေသည့် နယူးကာဆယ်လ် ယူနိုက်တက်၊ တန်းဆင်းဇုန် တိုက်ပွဲကို ဆင်နွှဲနေရသော QPR အသင်းများနှင့် ဆက်တိုက် ပွဲကျပ်များ တွေ့ဆုံဦးမည်ဖြစ်သည်။

မန်ယူသည် အိုးလ်ထရက်ဖို့ဒ်တွင် အဲဗာတန်အား (၄)ဂိုးစီ သရေ ကျခဲ့ပြီးနောက် မန်စီးတီးအား အခွင့်အရေး တစ်ရပ် ပေးလိုက်ရသည့် အခြေအနေ ဖြစ်လာသည်။ “ကျွန်တော်တို့ ပွဲမှာ ဘာလုပ်ချင်တယ် ဆိုတာကို ကောင်းကောင်း နားလည်ပါတယ်။ ကျွန်တော်တို့မှာ ပွဲအပေါ် ချဉ်းကပ်တဲ့ အတွေ့အကြုံ၊ ပွဲရဲ့ မြန်နှုန်းကို ဖတ်နိုင်တဲ့ အရည်အသွေး ရှိပါတယ်။ နောက်ပြီး လုံလောက်တဲ့ ကစားသမားကောင်းတွေနဲ့ ပြင်းထန်တဲ့ စိတ်ဆန္ဒဇောကိုလည်း ပိုင်ဆိုင် ထားပါတယ်” ဟု ဖာဂူဆန်က ဆိုသည်။

မန်စီးတီးဟာ ချန်ပီယံ ဆုကို ရကောင်း ရသွားနိုင်ပါတယ်။ ဟုတ်ကဲ့။ တကယ်လို့ ဒါဘီမှာ သူတို့ နိုင်သွားမယ် ဆိုပါတော့။ နောက်ဆုံး (၂)ပွဲပဲ ကျန်တဲ့ အနေအထားမှာ အရမ်း ကောင်းမွန်တဲ့ အခွင့်အရေးကို ပိုင်ဆိုင် သွားတာပါပဲ...
၎င်းက “ကျွန်တော်တို့ ပြိုင်ဘက်ကို လေးစားမှု အပြည့်နဲ့ ကစားပါမယ်။ ဒီဒါဘီပွဲဟာ အရာရာအတွက် အဆုံးအဖြတ် ဖြစ်လာနိုင်တာ ကျွန်တော်တို့ လက်ခံ ထားရပါမယ်” ဟုလည်း ပြောကြားသွားခဲ့သည်။
Ref: Super Sport
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )