22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, April 29, 2012

မြန်မာ အိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့ MIDO မှ အိုင်စီတီနည်းပညာ သင်တန်းများပြုလုပ်သွားမည်

မြန်မာ အိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့ MIDO မှ အိုင်စီတီနည်းပညာ သင်တန်းများပြုလုပ်သွားမည်
မိုးမခ အထောက်တော်၊ ရန်ကုန်။ ဧပြီ ၂၉၊ ၂၀၁၂ 
မကြာမီက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ဘလော့ဂါ နေဘုန်းလတ်နှင့် အခြား အိုင်စီတီပညာရှင်များက မြန်မာ အိုင်စီတီနည်းပညာ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ MIDO Myanmar ICT Development Organization မှ မြန်မာနိုင်ငံနည်းပညာ ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများတွင် ကွန်ပျူတာ အခြေခံအသုံးပြုနည်း၊ အင်တာနက် အခြေခံအသုံးပြုနည်းများ သင်တန်းများ ပေးသွားမည်ဟု ယနေ့နံနက်ပိုင်း ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။ 
စေတနာ့ဝန်ထမ်း လုပ်ဆောင်ပေးလိုသူများကိုလည်း ဖိတ်ခေါ်လိုက်ပြီး နယ်မြို့များမှ သင်တန်းလုပ်ဆောင်လိုသူများလည်း ဆက်သွယ်နိုင်ကြောင်း ပြောဆိုသည်။  ပထမဆုံး နယ်သင်တန်းတခုကို မကြာသေးမီက ကရင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည်ဟုလည်း ကိုနေဘုန်းလတ်က ပြောသည်။ 
ကိုနေဘုန်းလတ်က ၎င်းအဖွဲ့အနေဖြင့် သင်တန်းများ အပြင် ရေရှည်အားဖြင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ဆက်သွယ်ရေး ဆိုင်ရာမူဝါဒများ ပေါ်ထွန်းလာဖို့ အကြံပြုသွားမည့် ရည်ရွယ်ချက်မျိုးအထိ ထားရှိသည်ဟု ပြောဆိုသည်။ 
သာဓကအနေဖြင့် ၎င်းကပြောရာတွင် “ကျွန်တော်တို့ကို ထောင်ချတဲ့ အီလက်ထရွန်းနစ် အက် ဥပဒေ ၃၃ (က) ၊ (ခ) ဆိုရင် စာကြောင်း ၇ ကြောင်းလောက်ပဲရှိတယ် လူတယောက်ကို ထောင် ၁၅ နှစ်ချမယ့် ဥပဒေပုဒ်မမျိုးဟာ အဲလောက်ကြီး တိုတိုလေးတော့ မဖြစ်သင့်ဘူး” ဟုပြောဆိုသွားသည်။ 
ယမန်နှစ် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တက်လာပြီးနောက် မြန်မာနိုင်ငံတွင် မီဒီယာဖြေလျော့မှုများ လုပ်ဆောင်လာသည့်နောက် အိုင်စီတီ ဖွံ့ဖြိုးရေးသည် သတင်းမီဒီယာ ကဏ္ဍတွင် ပိုမိုအရေးပါလာခဲ့သည်။ 
(ယနေ့နံနက်ပိုင်းက MIDO Myanmar ICT Development Organization က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာ ပြုလုပ်တဲ့ စေတနာ့ဝန်ထမ်း လုပ်ဆောင်လိုသူများနှင့် တွေ့ဆုံပွဲ မှာ ကိုနေဘုန်းလတ် စကားပြောနေစဉ်
)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )