22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  
Friday, April 27, 2012
နတ်မောက်မြို့ နယ် ကျေးရွာနှစ်ရွာမှ NLD ပါတီရုံးဖွင့်ပွဲ
၂၆-၄-၁၂ နေ့ တွင်မကွေးတိုင်း နတ်မောက်မြို့နယ် သမှုန်းကုန်းကျေးရွာ
နှင့်  ကုလားရှင်ကျေးရွာနှစ်ရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဆိုင်းဘုတ် 
တင်ပွဲနှင့်ရုံးဖွင့်ပွဲအခမ်းအနားများကိုကျင်းပပြုလုပ်ခဲ့ပါသည်။
မနက်ပိုင်းမှာ သမှုန်းကုန်းကြီးကျေးရွာ ဦးကြာဥ ၏နေအိမ်တွင်ဆိုင်းဘုတ်တင်
ပွဲနှင့်  ရုံးခန်းဖွင်ပြုလုပ်ရာနတ်မောက်မြို့  နယ်မှ ဦးအောင်တင်လင်းနှင့်ကျေးရွာမှ
ဦးကြာဥ တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။အခမ်းအနားကို ပြည်သူ ၃၀၀ ကျော် 
တက်ရောက်ကြပြီး နံနက် ၁၁ နာရီတွင်ပြီးဆုံးပါသည်။
နေ့ လည် ၁နာရီတွင် ကုလားရှင်ကျေးရွာဦးထွန်းရှင်း ၏နေအိမ်တွင်ဆိုင်းဘုတ်
တင်ပွဲနှင့်ရုံးခန်းဖွင်ပြုလုပ်ရာ နတ်မောက်မြို့နယ်မှဦးအောင်တင်လင်းနှင့်
 ကျေးရွာမှဦးထွန်းရှင်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။
 ပြည်သူ၅၀၀ကျော်တက်ရောက်ပြီး၃နာရီတွင်ပြီးဆုံးပါသည်။
ကျေးရွာ၂ရွာတွင်အဖွဲ့ချုပ်အဖွဲ့ဝင်ဦးချစ်ကိုကိုမှယနေ့ အန်အယ်ဒီပါတီ ၏ 
ကျမ်းသစ္စကြိမ်ဆိုရမည့် စာသားပြောင်းလဲပေးဖို့ တောင်းဆိုချက်မှာ
 မှန်ကန်ကြောင်းဆွေးနွေပြီး တက်ရောက်လာကြသူများမှထောက်ခံကြောင်း
အတည်ပြုချက် ချမှတ်ကြပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter
ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )