22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, April 27, 2012

သီပေါမြို့နယ် စာရေးဆရာအသင်းဖွဲ့စည်းခြင်းကို အာဏာပိုင်များ ခြိမ်းခြောက်နှောက်ယှက်

“သီပေါမြို့နယ် စာရေးဆရာအသင်းဖွဲ့စည်းခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် မြို့နယ်အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်အဖွဲ့ (ခွဲ) ဥက္ကဋ္ဌတို့က ခြိမ်းခြောက်နှောက်ယှက်ခြင်း။”

                     ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စာရေးဆရာအသင်းကို ဖွဲ့စည်းပုံစည်းမျဉ်းလုပ်ထုံးလုပ်နည်းနှင့်အညီ ဧပြီလ၂၅ ရက်နံနက် ၁၀ နာရီက သီပေါစာပေရုံး၌ အောင်မြင်ထမြောက်စွာ ဖွဲ့စည်းနိုင်ပြီး မြို့နယ်စာရေးဆရာအသင်း ဆိုင်းဘုတ်ကိုလည်း အသင်းရုံး၌ စိုက်ထူခဲ့ကြသည်။

                    ထိုကဲ့သို့ အသင်းဖွဲ့စည်းပြီး နာရီဝက်ခန့်အကြာ၌ သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် မောင်က အသင်း၏ ဥက္ကဋ္ဌ ၊အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ၄င်း၏ရုံးခန်းသို့ အမိန့်အာဏာဖြင့် ဆင့်ခေါ်ပြီး မြို့နယ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်အဖွဲ့(ခွဲ) ဥက္ကဋ္ဌ ဦးသာလှိုင်၏ အကြောင်းကြား စေခိုင်းချက်အရဟုဆိုကာ စာနယ်ဇင်းဆိုင်ရာစာရွက်စာတမ်းများကို အသေးစိတ်စစ်ဆေးခြင်း၊ အခြားပုဂ္ဂိုလ်ရေးရာများ စုံစမ်း မေးမြန်းခြင်း၊ မြို့နယ် ဗွီဒီယိုအဖွဲ့ဥက္ကဋ္ဌဆိုသူနှင့် ထိပ်တိုက်တွေ့ဆုံ၍ ဖြေရှင်းခိုင်းစေခြင်း စသည်များကို
အချိန် ၂ နာရီခန့်ကြာအောင် ခေါ်ယူစစ်ဆေးခြင်းများလုပ်ဆောင်ခဲ့ပါသည်။

                    ယင်းလုပ်ရပ်နှင့်ပက်သက်၍ အမိန့်အာဏာဖြင့်ဆင့်ခေါ်ပြီး စစ်ဆေးဟန့်တားနှောက်ယှက် ခြင်းများကြောင့် စာရေးဆရာများနှင့် စာပေလောကတစ်ခုလုံးအတွက် စာပေမလုံခြုံမှု၊ ဘ၀နှင့်ခံယူချက် လုံခြုံစိတ်ချရမှု မရှိခြင်းများအပေါ် အရေးယူဆောင်ရွက်ဖြေရှင်းပေးပါရန် သီပေါမြို့နယ် စာရေးဆရာအသင်းက သက်ဆိုင်ရာများထံ တရားဝင်တင်ပြတိုင်ကြားထားကြောင်းသိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )