22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 9, 2012

9/11 အကြမ်းဖက် တိုက်ခိုက်မှု စီစဉ်ညွှန်ကြားခဲ့သည်ဟု သံသယရှိသူငါးဦးကို ရုံးတင်စစ်ဆေး

မေလ ၅ ရက်က ကြားနာစစ်ဆေးမှုကို ပုံဖော်ရေးဆွဲထားမှုအား အမေရိကန်စစ်ဘက် လုံခြုံရေး တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပေးခဲ့ပုံ
အမေရိကန်တွင် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို ပြုလုပ်ရန် စီစဉ်ညွှန်ကြားခဲ့သည်ဟု သံသယရှိသူ ငါးဦးကို မေလ ၅ ရက်တွင် ရုံးတင်စစ်ဆေးမှု တရားဝင် စတင်ခဲ့ကြောင်း သိရသည်။ 
ယင်းတိုက်ခိုက်မှုကို စီစဉ်ညွှန်ကြားခဲ့သည်ဟု ၀န်ခံထားသူ ခါလစ်ဒ်ရှိတ်ခ်မိုဟာမက်နှင့် အခြားလေးဦးကို အရပ်သားများအား တိုက်ခိုက်မှု၊ လူသတ်မှု၊ ဖျက်ဆီးမှု၊ ပြန်ပေးဆွဲမှု၊ အကြမ်းဖက်တိုက်ခိုက်မှု စသည့် စွဲချက်များဖြင့် စွဲဆိုထားသည်။ ၎င်းတို့ကို အထူးစစ်ခုံရုံးတွင် ရုံးတင်စစ် ဆေးခြင်းဖြစ်ပြီး ၎င်းတို့သည် အပြစ် ရှိ၊ မရှိကိုသာ ထွက်ဆိုရမည်ဖြစ်သည်။

အပြစ်ရှိကြောင်း ထွက်ဆိုပါက ၎င်းတို့ငါးဦးသည် လူ ၂၉၇၆ ဦး သေဆုံးစေခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့မှုဖြင့် သေဒဏ်ချ မှတ်ခံရမည်ဖြစ်သည်။

မိုဟာမက်နှင့်အတူ ၎င်း၏တူဖြစ်သော ပါကစ္စတန်နိုင်ငံသား အလီအက်ဒ်အယ်လ်အဇက်အလီ၊ ဆော်ဒီအာရေဗျမှ မူစတာဖာအယ်လ်ဟာဝါဆာဝီ၊ ယီမင်နိုင်ငံသားများဖြစ်သော ရမ်ဇီဘင်နယ်ရှီ၊ ၀ါလစ်ဘင်အတက်ရှ်တို့ကို ကျူးဘားအရှေ့တောင်ပိုင်း၊ ဂွမ်တာနာမို အမေရိကန်အခြေစိုက်စ ခန်းတွင် ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကိုးနာရီကျော် ကြာမြင့်ခဲ့သည်။ 
မိုဟာမက်အပါအ၀င် သံသယ ရှိသူငါးဦးသည် ကြားနာစစ်ဆေးမှုတွင် အချိန်အများစု၌ ဆိတ်ဆိတ်နေခဲ့ပြီး တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်ရန် ငြင်းဆိုခဲ့သည်။ ငါးဦးအနက် နှစ်ဦးမှာ ကိုရမ်ကျမ်းဟုထင်ရသော စာအုပ်တစ်အုပ်ကို ဖတ်နေသလို Economist  မဂ္ဂဇင်းစာအုပ်တစ်အုပ် ကိုလည်း အချင်းချင်း လက်ဆင့်ကမ်း ဖတ်နေကြကြောင်း သိရသည်။
တရားသူကြီး၏ မေးမြန်းမှုများကိုလည်း ဖြေကြားရန် ထပ်ခါထပ်ခါ ငြင်းဆန်ခဲ့သလို အင်္ဂလိပ်ဘာသာဖြင့် ကြားနာစစ်ဆေးမှုအား စကားပြန်ပေးထားသည့် နားကျပ်ကိုလည်း တပ်ရန် ၎င်းတို့ ငါးဦးက ငြင်းဆန်ခဲ့သည်။

ဘင်လာဒင်အသတ်ခံရပြီး တစ်နှစ်ခန့်အကြာတွင် ပြုလုပ်ခဲ့သော ယခု ရုံးတင်စစ်ဆေးမှုမှာ အမေရိကန်က 9/11  အကြမ်းဖက် တိုက်ခိုက်မှု သံသယရှိသူ ငါးဦးကို ဒုတိယအကြိမ်မြောက် ရုံးတင်စစ်ဆေးမှုဖြစ်သည်။

သံသယရှိသူ ငါးဦးကို ကျူးဘားရှိ အမေရိကန်ရေတပ်စခန်းတွင် နှစ်များစွာ ဖမ်းထားခဲ့သည်။ မိုဟာမက်ကို ၂၀၀၃ ခုနှစ်တွင် ဖမ်းမိခဲ့ပြီး စီအိုင်အေ၏ လျို့ဝှက်အကျဉ်းထောင်ထဲ၌ စစ်ဆေးမေးမြန်းခဲ့သည်။
မိုဟာမက်က အပြစ်ရှိသည်ဟု ထွက်ဆိုခြင်းမပြုပါက ယင်းကြားနာ စစ်ဆေးမှုမှာ နှစ်နှင့်ချီ ကြာမြင့်သွားနိုင်ကြောင်း သိရသည်။  
Ref:AFP
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )