22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 9, 2012

ချွေးထွက်လွန်ခြင်းနှင့် ကိုယ်နံ့နံခြင်း

ချွေးထွက်လွန်ပြီး ကိုယ်နံ့နံတဲ့အခါ မိမိကိုယ်တိုင်သာမက ဘေးပတ်ဝန်းကျင်က လူတွေပါ သင့်ကိုယ်နံ့ကြောင့် စိတ်မသက်သာ ဖြစ်ရတတ်ပါတယ်။ ကိုယ်နံ့ဟာ အစားအသောက်စားသောက်မှုပုံစံ ပြောင်းလဲတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ထိန်းသိမ်းတဲ့နည်းနဲ့ ကာကွယ်တားဆီးနိုင်ပါတယ်။
ချွေးထွက်များခြင်းကို ဖြစ်စေသည့် အချက်များ
လူ့ခန္ဓာကိုယ်မှာ ချွေးအသင့်အတင့်ထွက်ဖို့ လိုအပ်ပေမဲ့ ချွေးထွက်များတာကြောင့် ကိုယ်နံ့နံတာကို ဖြစ်စေနိုင်ပါတယ်။ ချွေးထွက်များတာကို Hyperhidrosis လို့ခေါ်ပြီး အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။
- မျိုးရိုးလိုက်ခြင်း၊ အစားအသောက်ပုံစံ၊
- တချို့သော ဆေးဝါးကုသမှု၊
- အမျိုးသားဟော်မုန်း(တက်စတိုစတီရုန်း) လျော့နည်းခြင်း၊ ဖျားခြင်း၊
- သိုင်းရွိုက်ဂလင်း အလုပ်လုပ်လွန်းခြင်း၊
- ငှက်ဖျားရောဂါ၊ တီဘီရောဂါ၊
- ကင်ဆာအကျိတ် Lymphoma၊
- ဝမ်းချုပ်ခြင်း၊
- စိတ်ဖိစီးမှုနှင့် ပူပင်သောက များခြင်း၊

ကိုယ်နံ့နံခြင်း ဖြစ်ရသော အကြောင်းများ
ချွေးထွက်များတာနဲ့အတူ ကိုယ်နံ့ပြင်းပြင်းနံတတ်ပါတယ်။ ကိုယ်နံ့နံတာက ချိုင်း၊ ပေါင်ခြံစတဲ့ နေရာတွေမျာ ချွေးထွက်များတာကြောင့် ဖြစ်တတ်သလို အောက်ပါ အကြောင်းရင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
- တစ်ကိုယ်ရေသန့်ရှင်းရေး မကောင်းခြင်း၊ ကျောက်ကပ်ရောဂါနဲ့ အသည်းတွင် ဖန်းဂတ်စ်ပိုးဝင်ခြင်း၊ ဆီးချိုရောဂါကြောင့် Acetone အနံ့နံခြင်း၊ အရက်သောက်ခြင်း၊ စီးကရက်သောက်ခြင်း၊
ချွေးထွက်များတာကြောင့် ချွေးနဲ့ အစိုဓာတ်ထဲမှာ ရှင်သန်ပေါက်ဖွားတဲ့ ဘက်တီးရီးယားပိုးမွှားတွေကြောင့် ကိုယ်နံနံရတာဖြစ်ပါတယ်။
ကိုယ်နံ့နံ့စေသော အစားအသောက်များ
ကိုယ်နံ့နံစေတဲ့ အစားအသောက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
- အနီရောင်အသား အစားများခြင်း၊
- အမျှင်ဓာတ်နည်းပြီး သကြား၊ တိရစ္ဆာန်ဆီ၊ အခွံချွတ်ထားတဲ့ ကောက်နှံစတဲ့ ပြုပြင်ထားတဲ့ အစာတွေကို များများစားခြင်း၊

လေ့လာမှုအရ အပင်ထွက်အစားအသာက်တွေက ကိုယ်တွင်းစနစ်တွေကို သန့်စင်ပေးနိုင်ပြီး ကိုယ်နံ့ကောင်းစေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ အပင်ထွက်အစာတွေမှာ ပါဝင်တဲ့ ကလိုရိုဖီးလ်နဲ့ တခြားအာဟာရဓာတ်တွေက ကိုယ်တွင်းစနစ်အားလုံးရဲ့ မသန့်စင်မှုတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိလို့ပါ။ တရုတ်နံနံ၊ မုန်လာဥနီ၊ ကျောက်ဖရုံသီးစတဲ့ ဟင်းသီးဟင်းရွက်တွေက ကိုယ်နံ့နံတာကို လျော့ပါးစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
Ref : Good Health
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )