22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

အင်္ဂလန် မန်နေဂျာ ရာထူးကို ဟော့ဂ်ဆန် တရားဝင် လက်ခံ

အင်္ဂလန် လက်ရွေးစင် အသင်း၏ မန်နေဂျာ အဖြစ် ရွိုင်ဟော့ဂ်ဆန်ကို FAက အတည်ပြု ရွေးချယ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

FAသည် သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ပြီး ဟော့ဂ်ဆန်အား အင်္ဂလန် အသင်း မန်နေဂျာ ရာထူးအတွက် (၄)နှစ် စာချုပ်လိုက်ကြောင်း ကြေညာသွားသည်။ ဟော့ဂ်ဆန်သည် ရာသီကုန်ချိန်ထိ လက်ရှိကလပ် ၀က်စ်ဘရွန်းဝစ်ခ်ျကို အင်္ဂလန် မန်နေဂျာ ရာထူးနှင့် ပူးတွဲ ကိုင်တွယ် သွားမည်ဖြစ်ကြောင်း သိရသည်။ ဟော့ဂ်ဆန်သည် (၂၀၁၂)ခုနှစ်၊ ဥရောပဖလား ပြိုင်ပွဲအတွက် အင်္ဂလန်၏ လျှောက်လှမ်းမှုကို ဦးဆောင်ဦးရွက် ပြုရမည့်သူလည်း ဖြစ်လာသည်။ ၎င်းသည် ၀က်စ်ဘရွန်း၏ ယခုရာသီ နောက်ဆုံး ပရီးမီးယားလိဂ် လက်ကျန် ပွဲများဖြစ်သော ဘော်လ်တန်၊ အာဆင်နယ်တို့နှင့် ပွဲများကို ဆက်လက် ကိုင်တွယ် သွားမည်ဖြစ်သည်။
အင်္ဂလန် မန်နေဂျာ ရာထူးကို လက်ခံလိုက်သည့် ဟော့ဂ်ဆန်

အသက်(၆၄)နှစ်ရှိ ဟော့ဂ်ဆန်၏ အင်္ဂလန် လက်ရွေးစင်အတွက် ကိုင်တွယ်ရသည့် ပွဲဦးထွက်သည် မေလ(၂၆)ရက်နေ့တွင် ကစားမည့် နော်ဝေးနှင့်ပွဲ ဖြစ်လာသည်။ FAက “ဘောလုံး အဖွဲ့ချုပ် အနေနဲ့ ဟော့ဂ်ဆန်ကို အင်္ဂလန် အသင်း မန်နေဂျာ ရာထူးမှာ ခန့်အပ်ကြောင်း ကြေညာခွင့်ရတဲ့ အပေါ် ပျော်ရွှင်မိပါတယ်”ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဟော့ဂ်ဆန်သည် လက်ရွေးစင် အသင်း အတွေ့အကြုံအဖြစ် ဆွစ်ဇာလန်၊ ဖင်လန်နှင့် UAEအသင်းများကို ကိုင်တွယ်ခဲ့ဖူးသည်။ ဟော့ဂ်ဆန်နှင့် FAမှ တာဝန် ရှိသူများသည် တနင်္လာနေ့က တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး နောက်တစ်ရက်တွင် FAက ၎င်းကို မန်နေဂျာအဖြစ် ခန့်အပ်ကြောင်း အတည်ပြု ကြေညာသွားခဲ့သည်။
Ref: Daily Mail
ဟော့ဂ်ဆန်သည် ရာသီကုန်ချိန်ထိ လက်ရှိကလပ် ၀က်စ်ဘရွန်းဝစ်ခ်ျကို အင်္ဂလန် မန်နေဂျာ ရာထူးနှင့် ပူးတွဲ ကိုင်တွယ် သွားမည်ဖြစ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )