22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

ချန်ပီယံ ဆုထံသို့ ခြေမချော်ဘဲ လျှောက်လှမ်းရန် အသင်းဖော်များအား ဂျိုးဟတ်တိုက်တွန်း

မန်ချက်စတာ စီးတီး အသင်း၏ ဂိုးသမား ဂျိုးဟတ်က ချန်ပီယံဆု အတွက် လုံးဝ ခြေချော်လက်ချော် မဖြစ်အောင် ကြိုးစားရန် အသင်းဖော်များအား နှိုးဆော် တိုက်တွန်းလိုက်သည်။

မန်ချက်စတာ ဒါဘီတွင် အောင်ပွဲ ခံခဲ့သည့်နောက် မန်စီးတီး အသင်းသည် အမှတ်ပေးဇယားကို ဂိုးကွာခြားချက် အသာဖြင့် ဦးဆောင်နေပြီ ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းသည် အစ်တီဟတ်တွင် မန်စီးတီးကို ရှုံးနိမ့်ပြီးနောက် ချန်ပီယံ ဆုအတွက် မျှော်လင့်ခွင့် နည်းပါး လာခဲ့သည်။ အင်္ဂလန် လက်ရွေးစင် ဟတ်က မန်ယူအား ဗင်းဆင့်ကွမ်ပနီ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင် ယူခဲ့ပြီး ရရှိလာသည့် အားသာချက်ကို ချန်ပီယံဆု ဆွတ်ခူးချိန်ထိ ဆက်လက် ထိန်းသိမ်းသွားရန် အသင်းဖော်များအား တိုက်တွန်းလိုက်သည်။
အောင်ပွဲခံနေသည့် ဂျိုးဟတ်

မန်စီးတီးသည် ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ကြိုးစားနေသည့် နယူးကာဆယ်လ် ယူနိုက်တက်၊ တန်းဆင်းဇုန်မှ လွတ်မြောက်ရန် ရုန်းကန်နေရသော QPRတို့နှင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။ ဟတ်က “ခုချိန်မှာ ကိုယ်က အသာရနေပြီး ဒီအနေအထားဟာ ကျေနပ်စရာပါပဲ။ ကျွန်တော်တို့ဟာ စက်ရုပ်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ခံစားချက် ရှိပါတယ်။ ပရိသတ်တွေနဲ့ ထပ်တူ ပျော်ရွှင်နေပါတယ်။ ကွမ်ပနီရဲ့ဂိုး ၀င်သွားတော့ ကွင်းတစ်ခုလုံး ပွင့်ထွက်သွားမတတ် အားပေးခဲ့ကြတယ်။ ကျွန်တော်တို့ ခုချိန်မှာ နောက်နှစ်ပွဲအတွက် ပြောဆိုဖို့ လိုပါပြီ။ ကျွန်တော်တို့ မန်ယူကို နိုင်ခဲ့တဲ့အတွက် ပျော်ပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ဖို့က ပိုအရေးကြီးသွားပါပြီ”ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “နယူးကာဆယ်လ်နဲ့ ပွဲက အရာအားလုံးအတွက် အဓိပ္ပါယ်ရှိလာပြီ။ ရာသီအစောပိုင်းက မန်ယူကို နိုင်တုန်းက ကျွန်တော်တို့ ပျော်ရွှင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပွဲအတွက်ပဲ ဦးတည်ခဲ့တာပါ။ ခုလည်း ဒီလိုထပ်တူ အခြေအနေ ကြုံလာပါပြီ။ နယူးကာဆယ်လ်ဟာ ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ အထူးသဖြင့် သူတို့ရဲ့ကွင်းမှာ ပိုကောင်းပါတယ်။ ကျွန်တော်တို့ အဝေးကွင်းမှာ ကောင်းမွန်တဲ့ ရလဒ်တစ်ခု ဖန်တီးနိုင်ဖို့ မျှော်လင့်မိပါတယ်”ဟုလည်း ဖွင့်ဟပြောဆိုသွားသည်။
Ref: Daily Mail
ခုချိန်မှာ ကိုယ်က အသာရနေပြီး ဒီအနေအထားဟာ ကျေနပ်စရာပါပဲ။ ကျွန်တော်တို့ဟာ စက်ရုပ်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ခံစားချက် ရှိပါတယ်။ ပရိသတ်တွေနဲ့ ထပ်တူ ပျော်ရွှင်နေပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )