22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 9, 2012

ဗောက်များကင်းစင်စေဖို့ အကောင်းဆုံးနည်းလမ်းခုနစ်သွယ်

ဗောက်ပြဿနာမှာ အမျိုးသားများနဲ့ အမျိုးသမီးထုအကြား အသက်အရွယ်မရွေး ဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်များမှာ ဟော်မုန်းနဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကြောင့် ပိုမိုတွေ့ရတတ်ပါတယ်။ ဗောက်ပြဿနာမှာ ကြာရှည်ပါက အလွန်အမင်းဆံပင်တွေ ကျွတ်လာပါမယ်။ သိပ်ပြီးတော့ မစိုးရိမ်ပါနဲ့။ အောက်ပါညွှန်ကြားချက်၇ခုကို စမ်းသပ်ကျင့်သုံးလိုက်နာကြည့်ပါ။ မခံမရပ်နိုင်အောင်ဖြစ်ပေါ်နေတဲ့ ဗောက်များကို ထာဝရကင်းစင်စေဖို့ အကောင်းဆုံး နည်းလမ်းများဖြစ်ပါတယ်။

 ၁။ အကယ်၍ သင်ဟာ ဗောက်ပြဿနာ အခုမှစတင်ပါက ဘာကုသမှုမျိုးကိုမှ မခံယူပါနဲ့။ ဦးရေပြားခြောက်သွေ့တယ်လို့လဲ မယူဆလိုက်ပါနဲ့။ ခေါင်းမလျှော်ခင်  လတ်ဆတ်တဲ့ ခါကြက်ဥအရည်၁ခွက်ကို ဦးရေပြားအနှံ့ ညင်သာစွာနှိပ်နယ်ပြီး မိနစ်၂၀မှ ၃၀အထိထားပါ။ တပတ်၁ခါ လိုက်နာစမ်းသပ်ကြည့်ပါ။ ဗောက်ဝေဒနာလုံးဝကင်းစင်သွားပါလိမ့်မယ်။


၂။ ဒီနည်းလည်း လွယ်ကူရိုးရှင်းပြီး ထိရောက်မှုလဲရှိပါတယ်။ ပျစ်ခဲနေတဲ့ဒိန်ခဲစိမ်း၁ခွက်ကို ဦးရေပြားအနှံ့ လိမ်းကျံပေးပြီး မိနစ်၃၀ကြာအောင်ထားပါ။ ပြီးရင် ပုံမှန်ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ ဒိန်ခဲတွေကို သင့်ရဲ့ဦးခေါင်းပေါ်၌ ကြာရှည်စွာ မထားပါနဲ့။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်အပူချိန်ပေါ်လိုက်ပြီး တချို့လူများ၌ အအေးမိတတ်ပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာမရှိပါဘူး။


၃။ နောက်၁နည်းပိုမိုရိုးရှင်းတဲ့ ဗောက်ပျောက်နည်းကတော့ အုန်းဆီအနည်းငယ်ကို သိပ်မပူပဲ နွေးရုံလေးအပူပေးပြီး ဦးရေပြားအနှံ့ရောက်အောင် ဝါဂွမ်း(သို့) လက်ချောင်းများနဲ့ လိမ်းကျံပေးပါ။ ၁ညအိပ်ထားပြီးနောက် သံပရာရည်နဲ့ ဆားအနည်းငယ်ရောစပ်ထားတာကို ဦးရေပြားအနှံ့ လိမ်းပြီး ၁နာရီခန့်ကြာအောင်ထားပါ။ ပြီးရင် ခေါင်းလျှော်ကြည့်လိုက်ပါ။

၎။ နောက်အကောင်းဆုံးနည်းက သင့်မှာ အချိန်ရရင်တော့ ဒိန်ခဲပျစ်ပျစ်အနည်းငယ်ကို စားပွဲတင်ဇွန်း၂ဇွန်းစာ ဂျုံမှုန့်နဲ့ ကြက်ဥအကာနဲ့ ရောမွှေပြီး တခေါင်းလုံးအနှံ့ လိမ်းလိုက်ပါ။ ၁နာရီအကြာ၌ ပုံမှန်ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။

၅။ ဆူအောင်ကျိုချက်ထားတဲ့ အုတ်ဂျုံမှုန့်(oatmeal)ကို သုံးပြီး ညင်ညင်သာသာလေး ဦးရေပြားအနှံ့ နှိပ်နယ်လိမ်းကျံပေးပါ။ မိနစ်အနည်းအကြာ၌ ခေါင်းဖြီးနဲ့ ဖြီးချလိုက်ပါ။ မိနစ်၂၀လောက်ထားပြီး ခေါင်းလျှော်လိုက်ပါ။ ဗောက်တွေ လုံးဝကင်းစင်သွားပါလိမ့်မယ်။

၆။ အုန်းဆီနဲ့သံပရာရည်ကို သင့်တော်တဲ့အချိုးအစားအတိုင်း အတူတကွ ရောစပ်ပြီး ဦးရေအနှံ့သုတ်လိမ်းပေးပါ။ ၁နာရီလောက်ထားပြီး ခေါင်းလျှော်ပစ်လိုက်ပါ။

၇။ နောက်ဆုံးနည်းလမ်းကတော့ စိတ်ပိုင်းဆိုင်ရာ(psychological)နဲ့ လူနေမှုပုံစံ(life-style)ပေါ်မှာ အခြေခံမူတည်နေပါတယ်။ စိတ်ဖိစီးမှုမရှိအောင် နေပါ။

အထက်ပါ အခြေခံအိမ်တွင်းဖြစ်ဖော်စပ်နည်းလမ်းများကို မစမ်းသပ်ကြည့်ဘဲနဲ့ မည်သည့်ဗောက်ပျောက်ခေါင်းလျှော်ရည်ကိုမှ ဝယ်ဖို့ အလျင်မလိုပါနဲ့။ အစပိုင်းမှာတော့ သိပ်မသိသာပေမဲ့ ပုံမှန်လေး စမ်းသပ်ကြည့်လိုက်ပါ။ ဗောက်တွေ တအားများတယ်ဆိုရင်တော့ အမဲသားကို ရှောင်တာအကောင်းဆုံးပါပဲ။

ဗောက်ပျောက်ဖို့အရေးကို သိပ်စိတ်ရှုပ်ခံမနေပါနဲ့။ အထက်ပါနည်းလမ်းများဟာ အလွန်ထိရောက်မှုရှိပြီး ၁ပတ်၁ခါ (အနည်းဆုံး၎၊၅ပတ်ထိ) ကြာအောင် ဆက်တိုက်စမ်းသပ်ကျင့်သုံး လိုက်နာပါက ဗောက်တွေ လျင်မြန်စွာ ပျောက်ကင်းသွားကြောင်းတွေ့ရပါလိမ့်မယ်။

စာကြွင်း- ကိုယ်တိုင်လည်း ဒီဗောက်ပြဿနာနဲ့ နေ့စဉ်စိတ်ရှုပ်နေရ၍ အများကျင့်သုံးနိုင်အောင် ဘာသာပြန်ပြီး မျှဝေပေးလိုက်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )