22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 9, 2012

ကျန်းမာရေးအတွက် အသင့်တော်ဆုံး အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်

ည၉နာရီမှ၁၁နာရီကြားအချိန်ဟာ ကိုယ်ခံစွမ်းအားစနစ်(Anitbody System)မှ မလိုလားအပ်တဲ့ အဆိပ်အတောက်ဓာတုပစ္စည်းများကို လျှော့ချပေးတဲ့အတွက် အဲဒီအချိန်အတောအတွင်း သက်သက်သာသာအနားယူပါ (သို့) သီချင်းနားထောင်ပေးပါ။ တကယ်လို့ အဲဒီအချိန်မှာ အိမ်ရှင်မတယောက်က ပန်းကန်တွေဆေးနေမယ် (သို့) သူ့ကလေးတွေရဲ့ အိမ်စာတွေကို စောင့်ကြပ်ပေးနေရတယ်ဆိုရင်တော့ ကျန်းမာရေးအတွက် မကောင်းတဲ့အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။

ည၁၁နာရီနဲ့၁နာရီကြားအချိန်ဟာ အသည်းမှာ အဆိပ်အတောက် ဖယ်ရှားခြင်း(Detoxification)ကို ပြုလုပ်နေတဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ 

ည၁နာရီနဲ့၃နာရီကြားအချိန်ဟာ သည်းခြေမှာလည်း အဆိပ်အတောက်ဖယ်ရှားခြင်းကို လုပ်ဆောင်နေတဲ့အတွက် နှစ်ခြိုက်စွာအိပ်စက်ဖို့ ကောင်းသောအချိန် ဖြစ်ပါတယ်။

မနက်စောစော၃နာရီနဲ့၅နာရီကြားအချိန်ဟာ အဆုတ်မှာ အဆိပ်အတောက် ဖယ်ရှားခြင်းကို ပြုလုပ်နေချိန်ဖြစ်ပါတယ်။ ဒါကြောင့် တခါတရံ  ချောင်းဆိုးဝေဒနာခံစားနေရသူအဖို့ အဲဒီအချိန်မှာ အလွန်အမင်းချောင်းဆိုးမယ်။ ဘာလို့လဲဆိုတော့ အဆိပ်ဖယ်ရှားခြင်းဖြစ်စဉ်ဟာ အသက်ရှူလမ်းကြောင်းကို ရောက်ရှိသွားတဲ့အတွက်ကြောင့် ဖြစ်တယ်။ အဆိုပါဖြစ်စဉ်ကို မဟန့်တားမစွက်ဖက်မိစေဖို့ အဲဒီအချိန်မှာ ချောင်းဆိုးပျောက်ဆေးများ သောက်ရန်မလိုပါ။

မနက်၅နာရီနဲ့၇နာရီကြားအချိန်ဟာ အူမကြီးမှာ အဆိပ်အတောက်ဖယ်ရှားနေချိန် ဖြစ်တဲ့အတွက် သင့်ရဲ့ဝမ်းကိုရှင်းထားရပါမယ်။ 

မနက်၇နာရီနဲ့၉နာရီကြားအချိန်ဟာ အူသိမ်ပိုင်းမှာ အာဟာရကို စုပ်ယူနေချိန်ဖြစ်တဲ့အတွက် အဲဒီအချိန်မှာ မနက်စာစားပေးရပါမယ်။ နာမကျန်းသူများအဖို့ မနက်စာကို  မနက်၆နာရီခွဲမတိုင်ခင် ခပ်စောစောလေး စားပေးရပါမယ်။  ကျန်းမာသန်စွမ်းလိုချင်ရင်တော့ မနက်၇နာရီခွဲမတိုင်ခင် မနက်စာစားခြင်းဟာ အကျိုးထူးဖြစ်စေပါတယ်။ မနက်စာကို အမြဲလွတ်နေသူများအဖို့ သူတို့ရဲ့အလေ့အထလေးတွေ ပြောင်းပေးရပါမယ်။ ဘာမှမစားတာထက် မနက်စာကို ၉နာရီနဲ့ ၁၀နာရီကြား  နောက်ကျပြီးမှ စားလို့လည်း ရပါသေးတယ်။

အအိပ်နောက်ကျခြင်းနဲ့ အိပ်ရာထနောက်ကျခြင်းဟာ မလိုလားတဲ့ဓာတုပစ္စည်းများ ဖယ်ရှားတဲ့ဖြစ်စဉ်ကို ဟန့်တားနှောက်ယှက်ပေးရာ ရောက်ပါတယ်။ ဒါ့အပြင် မွန်းတည့်သန်းခေါင်ယံအချိန်မှ မနက်၎နာရီကြားအချိန်မှာ ရိုးတွင်းခြင်ဆီကနေ သွေးတွေထုတ်လွှတ်နေချိန်ဖြစ်တဲ့အတွက်  ကောင်းကောင်း အိပ်စက်ပေးပါ။ အိပ်ရာဝင် နောက်မကျပါစေနဲ့။ မိမိကျန်းမာရေးကို အစဉ်ဂရုစိုက်ပေးပါ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )