22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 11, 2012

ရန်ပုံငွေများ လိမ်လည် တင်ပြတောင်းခံ၍ အလွဲသုံးစား လုပ်နေခြင်း

သို့
ပြည်ထောင်စု ဝန်ကြီး
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
နေပြည်တော်                                
အကြေင်းအရာ။               ။ ရန်ပုံငွေများ လိမ်လည် တင်ပြတောင်းခံ၍ အလွဲသုံးစား လုပ်နေခြင်း ကိစ္စ
          နည်းပညာ တက္ကသိုလ်(မန္တလေး)တွင် ပါမောက္ခချုပ် ရာထူးဖြင့် အုပ်ချုပ်လျှက်ရှိသော ဒေါက်တာအေးမြင့်၏ ငွေကြေး အလွဲသုံးစား လုပ်နေခြင်းများ အား ဝန်ကြီးသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
၁။       ဒေါက်တာအေးမြင့်သည် ၂၀၁၀-၂၀၁၁ ဘဏ္ဌာရေးနှစ် တွင် ကျောင်းတွင်းရှိ လမ်းများအား ကျောက်ချောလမ်းအသစ် ခင်းရန် ဝန်ကြီးဌာန သို့ ခန့်မှန်းကုန်ကျစရိတ် တင်ပြ၍ ရန်ပုံငွေ တောင်းခံခဲ့ပါသည်။ ခွင့်ပြု ရန်ပုံငွေ သိန်း(၄၂၀) ခန့် ရရှိခဲ့ပါသည်။
          ဒေါက်တာအေးမြင့်သည်အဆိုပါ ရန်ပုံငွေများဖြင့် အမှန်တကယ် ကျောက်ချောလမ်း မခင်းဘဲ ရှိပြီးသား ကျောက်ကြမ်းလမ်းပေါ်၌ ကျောက်မှုန့် ၆ လက္မ ခန့်သာ ခင်းခြင်း၊ ကျောင်းတွင်းရှိ မြေကြီးများအား တူး၍ လမ်းပခုံးသား ဖို့ခြင်း ၊ အဆိုပါ မြေကြီးများအား အဝယ်စာရင်းပြခြင်း၊ လူကြီးများ အဝင်အထွက် ရှိသော ကျောင်းရုံးခန်းရှေ့ လမ်းပိုင်းအားသာလျှင် ရေဖြန်း၍ လမ်းကြိတ်စက်ဖြင့် အကြိတ်ပြခြင်း ၊ အစရှိသော လုပ်ငန်းမျှသာ (ဓာတ်ပုံရိုက် ၍ လုပ်ငန်းပြီးစီးကြောင်း ပြသရန် ၊ စက်များအသုံးပြုကြောင်း ပြသ၍ စက်ဆီအကုန်ပြရန် ) ပြုလုပ်၍ သိန်း (၄၂၀) ခန့် ကုန်ကျပါသည်ဟု မမှန် စာရင်းပြ အလွဲသုံးစားပြု ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ ၄င်း၏ တပည့်ရင်း ဦးအောင်တင်ဖြိုးထွန်းအား ကိုယ်စား ခိုင်းစေခဲ့ပါသည်။ အဆိုပါ လမ်းနှင့်ပက်သက်၍ မြို့ပြအင်ဂျင်နီယာ ဌာနအား စစ်ဆေးခွင့် ၊ ပါဝင်ပတ်သတ်ပြောဆိုခွင့် မပြုခဲ့ပါ။
          အဆိုပါ လမ်းအား လာရောက်စစ်ဆေးသော တိုင်းစာရင်းစစ်အဖွဲ့မှာ လမ်း၏ အခြေအနေအား ရိပ်မိ၍ Estimate ပါအတိုင်း ၆”x ၉”ကျောက်ကြီးချ စီခြင်း ရှိမရှိ ၊ ၄” x၂”ကျောက်ညှပ်စီခြင်း ရှိမရှိ လမ်အား ဖွင့်ဖောက်စစ်ဆေးရာ မမှန်မကန် ပြုလုပ်ထားသည်ကို တွေ့ရှိပါသည်။ စာရင်းစစ်ဖြင့် အခြေအတင်ဖြစ်သည့် ကိစ္စအား ၄င်းကိုယ်တိုင် တိုင်းစာရင်းစစ်မှူးထံ သွားရောက်တွေ့ဆုံ ဖုံးအုပ်ခဲ့ပါသည်။ အပြင် ကန်ထရိုက်ပေး၍ ဆောက်သည့်လမ်းဆိုပါက အဆိုပါ ကိစ္စမှာ ကန်ထရိုက် မှ တာဝန်ယူ ဖြေရှင်းရမည့် ကိစ္စ ဖြစ်သော်လည်း ၄င်းကိုယ်တိုင် သွားရောက်ဖြေရှင်းသည်ကို ကြည့်ခြင်းအားဖြင့် ပါမောက္ခချုပ် ကိုယ်တိုင် ကန်ထရိုက်ယူသည့် လမ်းဖြစ်ကြောင်းထင်ရှားနေပါသည်။
          အဆိုပါ လမ်းသည် ကျောက်မှုန့်များဖြင့်သာ ခင်းထားသည့် လမ်းဖြစ်သည်ကို ကျောင်းတွင်းရှိ ဝန်ထမ်းအိမ်ယာနေ ဆရာ ဆရာမများ သိရှိကြသော်လည်း မပြောရဲကြပါ။ ဝေဖန်ခဲ့မိသည့် သူများအား ပါမောက္ခချုပ် အဆင့်အတန်းဖြင့် မလိုက်ဖက်စွာ ရန်တွေ့ခြင်း ၊ ကြိမ်းမောင်းခြိမ်းခြောက်ခြင်း ၊ အငြိုးထား၍ Transfer စာရင်းထဲထည့်ခြင်း ၊ ဦးတင်မျိုးခိုင် ၊ ဦးအောင်တင်ဖြိုးထွန်း အစရှိသော ၄င်း၏ လက်ရင်းတပည့် များမှတဆင့် ဖိအားပေး ညစ်ပတ်စေခြင်းတို့ကို စနစ်တကျ ပြုလုပ် တတ်ပါသည်။ သို့ဖြစ်သောကြောင့် တတ်သိနားလည်သော Civil ဌာနမှ ဆရာများမှာ အဆိုပါလမ်းအား မျက်စောင်းမျှပင် ထိုးရဲသည့်လူ မရှိပါ။
          လမ်းအရှည် (၁၀) မိုင် ၊ လမ်းအကျယ် (၁၀)ပေ တွင် ကျောက်စရစ် ၆” ခင်းလျှင်ပင် သိန်း(၁၀၀) မကုန်ပါ။ ဤ လမ်းမျိုးဆိုပါက သိန်း(၅၀)ခန့်ပင် ကုန်မည်မထင်ပါ။
၂။       ၄င်းအပြင် ၂၀၁၁-၂၀၁၂ ဘဏ္ဌာရေး နှစ် တွင် ပြင်/ထိန်း လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေ သိန်း(၄၀)ခန့် တောင်းခံ၍ မည်သည့်အလုပ်မျှ မည်မည်ရရ မလုပ်ဘဲ အရည်အသွေးနိမ့် ပစ္စည်းများသုံး၍ အရည်အသွေးမြင့် ပစ္စည်းဈေးနှုန်းဖြင့် စာရင်းတင်ပြခြင်း ၊ မှန်မပါ ဆေးမသုတ်ထားသော ပြတင်းတံခါးများသာ ပြုလုပ်တပ်ဆင်၍ ဆေးသုတ် မှန်တပ် ဈေးနှုန်းဖြင့် စာရင်းလိမ်ပြခြင်းများကို ဦးအောင်တင်ဖြိုးထွန်း အကူအညီဖြင့် စနစ်တကျ ပြုလုပ်နေကြပါသည်။
၃။       ကျောင်းစစ်ဆေးရေး အဖွဲ့များ လာရောက်စစ်ဆေးသောအခါ၌လည်း ၄င်းသြဇာမကင်းသော သူများသာဖြစ် ဖြစ်နေသဖြင့် ဒေါက်တာအေးမြင့် လုပ်ကိုင်သမျှ မပေါ်ပေါက်ခြင်းဖြစ်ပါသည်။
၎။       သို့ဖြစ်ပါ၍ ဒေါက်တာအေးမြင့်၏ သြဇာလွတ်ကင်းသော သူများဖြင့် နည်းပညာတက္ကသိုလ်(မန္တလေး)တွင် တရားလက်လွတ် ဖြစ်ပျက်နေသည်များကို စုံစမ်းစစ်ဆေး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။   

လေးစားစွာဖြင့်

ဦးအောင်မော်
မန္တလေးမြို့။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )