22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 16, 2012

မူးယစ်ဂိုဏ်း အဖွဲ့ဝင် ၂၅ ဦး လက်နက်ချ အလင်းဝင်

ရွှေတြိဂံနယ်မြေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ စိုင်းနော်ခမ်းရဲ့ အဖွဲ့ဝင် ၂၅ ဦးဟာ တာချီလိတ်မြို့နယ်က တပ်စခန်းတစ်ခုမှာ မနေ့ညနေပိုင်းက လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
မြန်မာအပါအ၀င် ဒေသတွင်းနိုင်ငံတွေက အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက လာအိုအာဏာပိုင်တွေက ရွှေတြိဂံဒေသမှာ ဖမ်းဆီးရမိလိုက်ပြီးနောက် သူရဲ့အဖွဲ့သားတွေဖြစ်ကြတဲ့ ဦးယောဟန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ဦး၊ ဦးယားအီ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဦးအားထူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ဦး တို့ဟာ တာချီလိတ်မြို့အခြေစိုက် ခမရ ၃၅၉ တပ်ရင်းကို လက်နက်ချ အလင်းဝင်ခဲ့ကြတာ ဖြစ်တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူထံမှ သိရပါတယ်။
သူတို့ ၃ ဖွဲ့ဟာ M16 , M22 အမျိုးအစား မောင်းပြန်ရိုင်ဖယ်တွေ၊ AK 47 မောင်းပြန်ရိုင်ဖယ်တွေ၊ လောင်ချာသေနတ်တွေ၊ ပစ္စတိုတွေနဲ့  မိုင်းဗုံးတွေ ယူဆောင်လာကြပြီး နာရီပိုင်းအတွင်း တစ်ဖွဲ့စီ ၀င်ရောက်လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ ခမရ ၃၅၉ တပ်ရင်း ရိပ်သာခန်းမမှာ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးခင်မောင်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ ဦးဆောင်ပြီး ကြိုဆိုပွဲနဲ့ ထောက်ပံ့ရေးပစ္စည်း ပေးအပ်ပွဲ အခမ်းအနား လုပ်ခဲ့တယ်လို့ အာဏာပိုင်နဲ့ နီးစပ်သူတစ်ဦးထံမှ သိရှိရပါတယ်။
မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းအဖွဲ့ဟာ ထိုင်း မြန်မာနဲ့ လာအိုနိုင်ငံတွေရဲ့ နယ်နမိတ်ချင်း ထိစပ်ရာ ရွှေတြိဂံဒေသက ရှမ်းပြည် အရှေ့ပိုင်း တာချီလိတ်နယ်အတွင်းမှာ အခြေပြုလှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး မူးယစ်ဆေး မှောင်ခိုကုန်ကူးတာနဲ့ မဲခေါင်မြစ်အတွင်း ဖြတ်သန်းသွားလာတဲ့ သဘောင်္၊ စက်လှေတွေကို ဆက်ကြေးကောက်တာ၊ ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ နာမည်ကြီးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )