အာဆင်နယ် အသင်း မန်နေဂျာ အာစင်ဝင်းဂါးသည် မွန့်ပယ်လီယေး တိုက်စစ်မှူး အိုလီဗာ ဂီရော့ဒ်အား ခေါ်ယူရန် စဉ်းစားနေကြောင်း သိရှိရသည်။
အာဆင်နယ်သည် ပြင်သစ် တိုက်စစ်သမားအတွက် ပြင်သစ် ကလပ်နှင့် ဆွေးနွေး ပြောဆိုမှု ပြုလုပ်နေပြီဟု သတင်းများက ဆိုသည်။ အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီ ထမ်းပိုး ထားရသည့် တိုက်စစ်တာဝန်များကို လျှော့ချရန် ရည်ရွယ်ထားသော ၀င်းဂါးသည် အသက်(၂၅)နှစ် ဂီရော့ဒ်အား အမ်းမရိတ်စ်သို့ အငှားခေါ်ယူရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ Daily Mail သတင်းစာက အာဆင်နယ်၏ ပြင်သစ် အခြေစိုက် ကင်းထောက် ဂီးလ် ဂရီမန်ဒီသည် ဂီရော့ဒ်နှင့် ပတ်သက်ပြီး စောင့်ကြည့်ရန် အာဆင်နယ်ထံမှ ညွှန်ကြားမှုကို ရရှိထားကြောင်း ဖော်ပြခဲ့သည်။
မွန့်ပယ်လီယေး တိုက်စစ်မှူး အိုလီဗာ ဂီရော့ဒ်
မွန့်ပယ်လီယေး အသင်းပိုင်ရှင် လူးဝစ် နစ်ကိုလင်သည် ဂီရော့ဒ်အား ပေါင်စတာလင် သန်း(၅၀)ထိ တန်ဖိုး သတ်မှတ် ထားသော်လည်း ၎င်း၏ စာချုပ်ပါ အပြောင်းအရွှေ့ သဘော တူညီချက်သည် ပေါင်စတာလင် (၁၂.၈)သန်း ၀န်းကျင် ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ မွန့်ပယ်လီယေး အသင်း ယခုရာသီ ပြင်သစ် ချန်ပီယံ ဖြစ်လာရေး အတွက် ဂီရော့ဒ်သည် စုစုပေါင်း (၂၆)ဂိုး သွင်းယူခဲ့သည်။ ၎င်းသည် ဥရောပ ဖလား အပြီးတွင် အသင်းမှ ထွက်ခွာရန် မျှော်လင့်ထားပြီး ဘိုင်ယန်မြူးနစ်နှင့်လည်း ဆွေးနွေးနေကြောင်း သိရှိရသည်။
Ref: Daily Mail
ရော်ဘင် ဗန်ပါစီ ထမ်းပိုး ထားရသည့် တိုက်စစ်တာဝန်များကို လျှော့ချရန် ရည်ရွယ်ထားသော ၀င်းဂါးသည် အသက်(၂၅)နှစ် ဂီရော့ဒ်အား အမ်းမရိတ်စ်သို့ အငှားခေါ်ယူရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်...
8:58 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com