22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 25, 2012

နည်းပြချုပ် ရာထူးအတွက် မြန်မာ့ လက်ရွေးစင် နည်းပြဟောင်း အိုင်ဗန်ကိုလက်ဗ်အား ရန်ကုန် ယူနိုက်တက် ခန့်အပ်

ရန်ကုန် ယူနိုက်တက် အသင်းသည် ရာထူးမှ နှုတ်ထွက် သွားခဲ့သည့် နည်းပြချုပ် အဲရစ်ဝီလျံ၏ နေရာအတွက် မြန်မာ့ လက်ရွေးစင် အသင်း နည်းပြဟောင်း အိုင်ဗန်ကိုလက်ဗ်အား ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အဲရစ်ဝီလျံ ထွက်ခွာ သွားပြီးနောက် အသင်း တာဝန် ရှိသူများသည် လစ်လပ်သွားသည့် နည်းပြချုပ် နေရာအတွက် လက်ထောက်နည်းပြ ဦးတင်မောင်ထွန်းကို ယာယီ ခန့်အပ်ခဲ့ပြီး သင့်တော်သည့် နည်းပြ တစ်ဦးကို အပူအပြင်း ရှာဖွေ နေခဲ့ရာ နောက်ဆုံးတွင် အင်ဒိုနီးရှား ကလပ်အသင်း ပရိုဒူတာကို ကိုင်တွယ် နေခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်းနည်းပြဟောင်း ဘူဂေးရီးယား လူမျိုး အိုင်ဗန်ကိုလက်ဗ်ကို ခေါ်ယူ တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

အိုင်ဗန်ကိုလက်ဗ်သည် မေလ (၂၄)ရက် နေ့လည်တွင် ရန်ကုန်မြို့သို့ ရောက်ရှိ လာခဲ့ပြီး ထိုနေ့ ညနေပိုင်းမှာပင် ရန်ကုန် ယူနိုက်တက် အသင်းနှင့် တရားဝင် စာချုပ် ချုပ်ဆိုခဲ့သည်။ အသင်းနှင့် စာချုပ် ချုပ်ဆိုပြီးနောက် နည်းပြချုပ် ရာထူးကို တရားဝင် ရရှိခဲ့ပြီ ဖြစ်သည့် အိုင်ဗန်ကိုလက်ဗ်က "ဒီရာထူးကို လက်ခံရတဲ့ အတွက် ၀မ်းသာပါတယ်။ ကျွန်တော့် သူငယ်ချင်း မင်ကော့ဗ်စကီးဆီကနေ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲအကြောင်း သိထားပါတယ်။ ပြိုင်ပွဲက ခက်ခဲတယ်လို့ ကြားတယ်။ ဒီပြိုင်ပွဲနဲ့ ဒီအသင်းက ကစားသမားတွေ အကြောင်း သိနိုင်ဖို့ အချိန်တော့ ယူရပါဦးမယ်။ ရန်ကုန် ယူနိုက်တက်အသင်း ချန်ပီယံ ဖြစ်ဖို့ အတွက် အကောင်းဆုံး စွမ်းဆောင် သွားမှာပါ။ ဒါပေမဲ့ ဘယ်သူချန်ပီယံ ဖြစ်မယ်ဆိုတာ လက်ရှိ အချိန်မှာတော့ အပိုင်ပြောလို့ မရသေးပါဘူး။ အခုမှ မြန်မာပြည်ကို ပြန်ရောက်တာ ဆိုတော့ မြန်မာဘောလုံး အကြောင်း သိပ်မသိတဲ့ အတွက် ကျွန်တော် ကိုင်တွယ်ခဲ့စဉ်က အခြေအနေနဲ့ နှိုင်းယှဉ်ပြဖို့ ခက်ပါလိမ့်မယ်။ တစ်လလောက် ကြာရင်တော့ ပြောပြနိုင်မှာပါ " ဟု ပြောကြားခဲ့သည်။
ရန်ကုန်သို့ ရောက်ရှိလာသည့် နည်းပြချုပ် အိုင်ဗန်ကိုလက်ဗ်

အိုင်ဗန်ကိုလက်ဗ်သည် မြန်မာ့ လက်ရွေးစင် အသင်းကို ၂၀၀၄ ခုနှစ်က ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၀၄ တိုက်ဂါးဖလား ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်အောင် စွမ်းဆောင် ပေးခဲ့သည်။ ထိုစဉ်က မြန်မာအသင်းသည် အုပ်စုအတွင်း ရလဒ်ကောင်းများ ရရှိခဲ့ပြီး ချန်ပီယံ ထိုင်းကို သရေ၊ အိမ်ရှင် မလေးရှား အသင်းကို အနိုင် ကစားနိုင်ခဲ့ပြီး အုပ်စုဗိုလ်ဖြင့် ဆီမီးဖိုင်နယ် တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်သည်။ အိုင်ဗန်ကိုလက်ဗ်သည် ရန်ကုန် ယူနိုက်တက် အသင်းကို ရုတ်တရက် လွှဲပြောင်းကိုင်တွယ်ဦးမည် မဟုတ်ဘဲ အတန်ငယ် စောင့်ကြည့်ပြီး ဦးတင်မောင်ထွန်း လက်မှ တဖြည်းဖြည်းချင်း လက်လွှဲယူမည် ဖြစ်သည်။ ၎င်းသည် လာမည့် မေလ(၂၆)ရက်တွင် ယှဉ်ပြိုင်ကစားရမည့် ဇေယျာရွှေမြေ အသင်းနှင့် ရန်ကုန် ယူနိုက်တက်တို့၏ မုံရွာကွင်း ပွဲစဉ်ကိုလည်း
လိုက်လံ ကြည့်ရှုမည် ဖြစ်သည်။

အိုင်ဗန်ကိုလက်ဗ်အား ချုပ်ဆိုထားသည့် စာချုပ်နှင့် ပတ်သက်၍ ရန်ကုန် ယူနိုက်တက် အထွေထွေ အတွင်းရေးမှုး ဦးဇွဲလှိုင်မှီက "အဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ ပြက္ခဒိန်မှာ ပါတဲ့အတိုင်း အောက်တိုဘာ (၃၁) Max Cement Cup ဖိုင်နယ်ပွဲ အပြီင်္းမှာ လက်ရှိစာချုပ် ကုန်ပါမယ်။ သူ့ကိုဆက်လက်တွဲမယ် မတွဲဘူး ဆိုတာက ဒီကာလအတွင်း သူ့ရဲ့စွမ်းဆောင်ရည်နဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရေရှည်စာချုပ် ချုပ်လိုက်ဖို့ထက် အသင်း အပေါ်မှာ ဘယ်လောက်ထိ ပေးဆပ်လဲ ဆိုတာကို စောင့်ကြည့် သွားမှာပါ "ဟု ရှင်းလင်း ပြခဲ့သည်။
Tags
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )