22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 25, 2012

ဥရောပ ဖလားတွင် စပိန် အသင်းနှင့် အတူ ၀င်ကစားခွင့် မရနိုင် တော့ဟုပင် တွေးမိဖူးကြောင်း တောရက်စ် ၀န်ခံ

ဥရောပ ဖလား ပြိုင်ပွဲဝင် စပိန် လက်ရွေးစင် အသင်းအတွက် မိမိ ကိုယ်စားပြုခွင့် မရနိုင်တော့ဟုပင် တွေးတောကာ စိတ်အား ငယ်ခဲ့မိကြောင်း ဖာနန်ဒို တောရက်စ်က ဖွင့်ဟ ၀န်ခံခဲ့သည်။

တောရက်စ်သည် ချယ်လ်ဆီး အသင်းတွင် ယခုရာသီ ကာလရှည်ကြာ ဂိုးပေါက်ပျောက်ကာ ယုံကြည်မှု ကျဆင်း နေခဲ့သည့်နောက် စပိန် လက်ရွေးစင် အသင်းက ၎င်းကို ချန်လှပ် ထားခဲ့ဖူးသည်။ စပိန်နည်းပြ ဒဲလ်ဘော့စကေး ကိုယ်တိုင်က တောရက်စ် အနေဖြင့် ဥရောပ ဖလား လူစာရင်းတွင် သေချာပေါက် နေရာတစ်ခု ရရှိမည် မဟုတ်ဟု ပြောဆို ထားခဲ့ဖူးသော်လည်း ယခု အခါတွင် အသက်(၂၈)နှစ်ရှိ ကစားသမားသည် ယခုအခါ ပိုလန်နှင့် ယူကရိန်းတွင် ကျင်းပမည့် ပြိုင်ပွဲကြီးသို့ လိုက်ပါခွင့် ရရှိတော့မည် ဖြစ်သည်။


တောရက်စ်သည် ဖေဖော်ဝါရီလက စပိန်အသင်း ဗင်နီဇွဲလားနှင့် ခြေစမ်းပွဲ ကစားစဉ် လူစာရင်းမှ ချန်လှပ် ခံခဲ့ရသည်။ လက်ရှိ စပိန် အသင်းတွင် ဒေးဗစ်ဗီလာ မပါဝင်နိုင်ခြင်းကြောင့် တောရက်စ်သည် ထိုးစစ်မြားဦးတွင် အခရာ အကျဆုံး ကစားသမား ဖြစ်လာဖွယ် ရှိနေသည်။ တောရက်စ်က ၎င်း၏ ကိုယ်ပိုင် ၀က်ဘ်ဆိုက်တွင် "ဟုတ်ကဲ့။ ကျွန်တော့်ကိုယ် ကျွန်တော် လက်ရွေးစင် အသင်းမှာ မပါတော့ဘူးလို့တောင် တွေးမိထားတာပါ။ ခုတစ်ကြိမ် ခေါ်ယူခံရတာလောက် ဘယ်တုန်းကမှ စိတ်ထဲမှာ တက်တက်ကြွကြွ ဖြစ်မနေဖူးဘူး။ စပိန်ဟာ လောလောဆယ်မှာ ရေပန်း အစားဆုံး အသင်းလို့ သတ်မှတ်  ခံနေရပြီး ဒါဟာ ထိုက်တန်ပါတယ်။ ကစားသမားတွေကလည်း ဒါကို ကွင်းထဲမှာ သက်သေ ပြခဲ့ပြီးပါပြီ" ဟု ပြောကြားထားသည်။

တောရက်စ်က "အဓိက ဆုဖလားကြီး (၃)ခုကို (၁၂)နှစ်အတွင်း ဆက်တိုက် ဆွတ်ခူးနိုင်မယ်ဆိုရင် အရင်က ဘယ်သူမှ မစွမ်းဆောင်နိုင်ခဲ့တာကို လက်တွေ့ လုပ်ပြလိုက်တာပါပဲ။ ဒါကို တကယ်ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ရင် စပိန်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အမြဲတမ်း ညွှန်းဆို လေးစားခံရတဲ့ နိုင်ငံ ဖြစ်လာလိမ့်မယ်။ ဒီမျိုးဆက် တစ်ခုအကြောင်းကို လူတွေက နှစ်ပေါင်းများစွာ ပြောဆို နေပါလိမ့်မယ်" ဟုလည်း ဆိုသည်။ တောရက်စ်က ဘာစီလိုနာ တိုက်စစ်မှူး ဗီလာ၏ စပိန် အသင်းနှင့် စိတ်ပျက်ဖွယ် လွဲချော်မှုကြောင့် ဆုတောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်းလည်း ပြောဆိုခဲ့သည်။

ကျွန်တော့်ကိုယ် ကျွန်တော် လက်ရွေးစင် အသင်းမှာ မပါတော့ဘူးလို့တောင် တွေးမိထားတာပါ။ ခုတစ်ကြိမ် ခေါ်ယူခံရတာလောက် ဘယ်တုန်းကမှ စိတ်ထဲမှာ တက်တက်ကြွကြွ ဖြစ်မနေဖူးဘူး...

"ခုချိန်မှာတော့ ဗီလာကို ထောက်ခံ အားပေးကြောင်း ပြောရုံက လွဲလို့ ကျွန်တော် ဘာမှ မတတ်နိုင်ဘူးလေ။ သူ့ကို ကျွန်တော် အမြဲတမ်း အထင်ကြီး လေးစား ခဲ့တာပါ။ ဗီလာဟာ ဥရောပ ဖလားမှာ ပါဝင်ဖို့ အားလုံးထက် ထိုက်တန်သူပါ။ သူက စပိန်အတွက် မရှိမဖြစ် လိုအပ်သူ တစ်ယောက်ဆိုတာ အကြိမ်ကြိမ် သက်သေ ပြခဲ့ပြီးပြီလေ။ သူရယ်၊ ကားလက်စ် ပူယိုးလ်ရယ် မပါနိုင်တာဟာ ကျွန်တော်တို့ အတွက် အရမ်း နစ်နာတဲ့ ဆုံးရှုံးမှု နှစ်ခုပါပဲ" ဟု တောရက်စ်က ပြောကြားသွားသည်။ 
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )